Home ဓါတ်ပုံသတင်း သံတွဲခရိုင်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ နဲ့ သံတွဲကလူမှုအဖွဲ့တွေ စုပေါင်းကာ စစ်ရှောင်တွေကို နယ်လှည့်ဆေးကုသပေးမှုမြင်ကွင်း

သံတွဲခရိုင်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ နဲ့ သံတွဲကလူမှုအဖွဲ့တွေ စုပေါင်းကာ စစ်ရှောင်တွေကို နယ်လှည့်ဆေးကုသပေးမှုမြင်ကွင်း

66
0

သံတွဲခရိုင်မှာ စစ်ဘေးရှောင်တွေ နဲ့ ဒေသအတွင်းကကျန်းမာရေး မကောင်းသူတွေကို ဆေးဝါးကုသရေး အဆင်ပြေစေဖို့ အတွက် အာရက္ခပြည်သူ့တော်လှန်‌ရေးအစိုးရ နဲ့ လူမှုအဖွဲ့အစည်းတွေ၊အငြိမ်းစားကျန်းမာရေးဝန်ထမ်းတွေက ပူးပေါင်းပြီးတော့ အခမဲ့ နယ်လှည့်ဆေးကုသမှုတွေကို လုပ်ဆောင်ပေးနေပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ နဲ့ အတူ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့ ၊အငြိမ်းစားကျန်းမာရေးဝန်ထမ်းတွေက စုပေါင်းပြီးတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကတည်းပင် စတင်ကာ နယ်လှည့်ဆေးကုသပေးတာတွေကို လုပ်ဆေင်ပေးနေတာ ဖြစ်တယ်လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့ က ကိုသက်လွင်ဖြိုးက ပြောပါတယ်။

ဒီလိုနယ်လှည့်ဆေးကုသပေးတာကို တစ်ပတ်မှာ တစ်ကြိမ် တစ်ရက်မှာ လူနာ ၁၅၀ ကို ဆေးကုသပေးတာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီလို နယ်လှည့်ဆေးကုသမှု ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဒေသအတွင်းမှာ ရှိနေတဲ့ စစ်ရှောင်ပြည်သူတွေဟာ ခရီးစရိတ်မတတ်နိုင်တာ၊ ဆေးဖိုးမရှိတာ၊ သွားလာရေး ခက်ခဲတာ စတာတွေကြောင့် အခုလို တစ်ပတ်တစ်ကြိမ် အနေ နဲ့ နယ်လှည့် ဆေးကုသပေးမှုတွေကို လုပ်ဆောင်ပေးဖို့ ဖြစ်လာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိနယ်လှည့် ဆေးကုသပေးမှု ကုန်ကျစရိတ်ဟာ တစ်ပတ်အတွင်းမှာ ငွေကျပ် သိန်း ၃၀ ကျော် အထိကုန်ကျမှုတွေရှိနေပြီး ဒီအဖွဲ့အနေ နဲ့ ရေရှည်ရပ်တည်နိုင်ရေးအတွက်ကိုလည်း ပြည်တွင်း ပြည်ပက အလှူရှင်တွေရဲ့ ကူညီပံ့ပိုးမှုတွေပေးဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here