Home ဓါတ်ပုံသတင်း SSNDF/KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်း နဲ့ စစ်သင်တန်းဆင်းပွဲမြင်ကွင်း

SSNDF/KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်း နဲ့ စစ်သင်တန်းဆင်းပွဲမြင်ကွင်း

50
0

SSNDF/KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်း နဲ့ စစ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ က ပြုလုပ်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်လာပါတယ်။

ဒီ SSNDF/KNDF ဗျူဟာအမှတ် (၉) ဟာ အရင်တုန်းကပင် ရှမ်းတောင်မှာလှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေ နဲ့ ဒရုန်းအဖွဲ့တွေကို ပေါင်းစည်းပြီးတော့ SSNDF / KNDF B – 101, SSNDF / KNDF B – 102, SSNDF / KNDF B – 103 အဖြစ် ပြောင်းလဲဖွဲ့စည်းထားတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

SSNDF / KNDF ဗျူဟာအမှတ်(၉) ရဲ့ စစ်သင်တန်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ စတင်ခဲ့ပြီးတော့ ဧပြီလ ၁၇ ရက်နေ့မှာ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီသင်တန်းဆင်းပွဲကို KNDF စစ်ရေးချုပ်အပါအဝင် ဗဟိုကော်မတီ နဲ့ တာဝန်ရှိပုဂ္ဂိုလ်များက တက်ရောက်အမှာစကားပြောကြားခဲ့ပြီးတော့ သင်တန်းဆင်းရဲဘော်တွေက စစ်ရေးပြအစီအစဉ်တွေ ၊ အလံတင်ခြင်း၊သစ္စာအဓိဌာန် ရွတ်ဆိုခြင်း ၊ စစ်ကြောင်းများစစ်ဆေးတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။

SSNDF / KNDF ဗျူဟာအမှတ်(၉) အနေ နဲ့ မဟာမိတ်တပ်တွေ နဲ့ ပူးပေါင်းပြီးတော့ ဆက်လက်တိုက်ပွဲ ဝင်သွားမှာ ဖြစ်တယ်လို့ လည်း ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here