ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စပေတောင်တန်ရှင်နာဝပ်ကို အမှုကို ခုံရုံးတင်နေချိန်မှာ ဝန်ကြီးချုပ်အနေနဲ့ တာဝန်ထမ်းဆောင်တာ မလုပ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အမိန့်ချမှတ်လိုက်ပြီးနောက်မှာ မစ္စပေတောင်တန်ဟာ အစိုးရအိမ်တော်က ထွက်ခွာသွားပြီးဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စပေတောင်တန် နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် တို့ နယ်စပ်အရေးဆွေးနွေးတဲ့အသံဖိုင် တစ်ခုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ပေါက်ကြားခဲ့တာတွေ ရှိခဲ့ပြီးတော့ အဲဒီ အသံဖိုင် ထဲမှဝန်ကြီးချုပ်က ထိုင်းစစ်တပ်ကို ဝေဖန်ပြောဆိုတာ ရှိခဲ့တဲ့အပေါ်မှာ ထိုင်းနိုင်ငံအတွင်းက တက်ကြွလှုပ်ရှားသူတွေဟာ မကျေနပ်တဲ့ အတွက် အင်အားထောင်ချီတဲ့ လူအုပ်အုပ်ကြီးဟာ ပြီးခဲ့သောရက်ပိုင်းမှာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စပေတောင်တန် အနေ နဲ့ ရာထူးမှ နုတ်ထွက်ဖို့ကို ဘန်ကောက်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စပေတောင်တန် အနေ နဲ့ အခြေခံဥပဒေအရ စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နိုင်ဖို့အတွက် ၁၅ ရက်တာ ဝန်ကြီးချုပ်ရာထူးက ရပ်နားဖို့ကို တရားရုံးက ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
မစ္စပေတောင်တန်အနေ တဲ့လည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီးတော့ သူမရဲ့ အလုပ်တာဝန်တွေကို ခေတ္တာရပ်နားမှာ ဖြစ်သလို အားပေးစကားပြောဆိုသူတွေ နဲ့ သူမကြောင့် စိတ်သောက ဖြစ်ခဲ့ရတဲ့ ထိုင်းပြည်သူတွေကို တောင်းပန်တယ်လို့လည်း ပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံ သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ဆိုင်းငံထားတဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စပေတောင်တန် နေရာကိုတော့ ဒုတိယဝန်ကြီးချုပ် နဲ့ ပို့ဆောင်ရေးဝန်ကြီးဖြစ်တဲ့ Suriya Jungrungreangkit (စူရိယ ဂျုန်ဂရုန်ရိအန်ကစ်)ကို ယာယီဝန်ကြီး ချုပ်အဖြစ် ခန့်အပ်ထားတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ယာယီဝန်ကြီးချုပ် အနေ နဲ့ ခန့်အပ်ထားတဲ့ Suriya Jungrungreangkit (စူရိယ ဂျုန်ဂရုန်ရိအန်ကစ်) အနေ နဲ့ လက်ရှိမှာ ဝန်ကြီးချုပ်နဲ့ ညီမျှတဲ့ အခွင့်အာဏာ အပြည့်အဝကို ပိုင်ဆိုင်ထားပြီးတော့ ခန့်အပ်မှုနဲ့ ဘတ်ဂျက်ဆိုင်ရာကိစ္စတွေကို လုပ်ဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြက် အခုလာမယ့် ဇူလိုင် ၃ ရက်မှာ ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားက ကက်ဘိနက်အဖွဲ့သစ်ကိုလည်း Suriya Jungrungreangkit (စူရိယ ဂျုန်ဂရုန်ရိအန်ကစ်) က ဦးဆောင်သွားမှာ ဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။





Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?