CNA သတင်းဌာနကို နားသောတဆင်နေကြတဲ့ ပရိတ်သတ်တွေ အားလုံးကို သာလီစွပါလို နှုတ်ခွန်း ဆက်သလိုက် ရပါတယ်။ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တပေါင်းလဆန်း ၂ ရက်နေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါ ရီလ ၂၈ ရက်နေ့ CNA ရဲ့ တစ်နေ့တာ အွန်လိုင်းရေဒီယို ထုတ်လွှင့်မှုကိုစတင် ထုတ်လွှင့်နေပြီး ဖြစ်ပါတယ်။
ဒီကနေ့ ထုတ်လွှင့်တင်ဆက်သွားမယ့် သတင်းတွေကတော့
ပုဏ္ဏားကျွန် နဲ့ ရသေ့တောင်က စစ်ရှောင်စခန်းတွေ နဲ့ကျေးရွာတွေမှာ ရေရှားပါးမှုပြသနာ နဲ့ စတင်ကြုံတွေ့နေရတယ်ဆိုတဲ့ သတင်း၊
■တိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်ဖြူမှာ စစ်ကောင်စီက စစ်ရှောင်ခွင့် တားမြစ်တာကြောင့် ဒေသခံတွေ ပိတ်မိ နေရတယ်ဆိုတဲ့ သတင်း
■အေအေ ထိန်းချုပ်နေရာတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ နဲ့ အတူ စီးပွါးရေးလုပ်ငန်းတွေလည်ပတ်ဖို့ ကြိုးစားနေပေမယ့် စစ်ကောင်စီထိန်းချုပ်တဲ့နေရာမှာတော့ အစစအရာရာ ထိန်းချုပ်ခံနေရဆဲ ဆိုတဲ့ သတင်း
မြန်မာမှာ ငွေပေးချေမှု စနစ်ကို QR (MMQR) နဲ့ စတင်အသုံးပြုခွင့်ပေးလိုက်ပြီလို့ဆိုတဲ့ သတင်း
■အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်တာဟာ စစ်တပ်ခေါင်းဆောင်တွေရဲ့ တာဝန်ခံမှုကို မှေးမှိန်သွား စေတယ်လို့ NLD ပါတီက ပြောဆိုလိုက်တဲ့ သတင်း တွေအပြင် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။