Coastal News Agency သတင်းဌာနကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်ဖွဲ့စည်းတည်ထောင်ခဲ့သော သတင်းဌာန တစ်ခုဖြစ်သည်။ Coastal News Agency သတင်းဌာန အနေနှင့် ရခိုင်ဒေသကဖြစ်ပျက်နေသော သတင်းအကြောင်းအရာများ နှင့် မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသော အကြောင်းများ နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များဖြန့်ဝေမှု၊ ရုပ်သံ၊ဆောင်းပါး၊ Documentary တင်ဆက်မှုများ အပါအဝင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် (သတင်း) မီဒီယာအခန်းကဏ္ဍကို ကိရိယာတစ်ခုအဖြစ် အသုံးချနိုင်ရန်အတွက်ထိုသတင်းဌာနကို သတင်းမီဒီယာလုပ်ငန်းစိတ်ပါဝင်စားသူများမှ စုပေါင်းတည်ထောင်ထားခြင်းဖြစ်သည်။
Coastal News Agency သတင်းဌာနကို တည်ထောင်ပြီးနောက်ပိုင်းမှာ ရခိုင်ဒေသသတင်းများနှင့် မြန်မာနိုင်ငံအတွင်းက သတင်းများကို Facebook၊ Youtbe၊ Telegram၊Website၊ X အွန်လိုင်းအကောင့်များဖွင့်လှစ်ကာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အွန်လိုင်းမီဒီယာ အနေဖြင့် နေ့စဉ်သတင်းများကို ရေဒီယို၊ စာသတင်း၊ရုပ်သံသတင်းများအဖြစ် တင်ဆက်မှုတွေလုပ်ဆောင်ပေးလျှက်ရှိခဲ့ပါသည်။
ထို့နောက် Coastal News Agency သတင်းဌာနနှင့် မိတ်ဘက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းကာ ဖုန်းလိုင်းအင်တာနက်လိုင်း ပြတ်တောက်လျှက်ရှိနေသော ရခိုင်ဒေသရှိ ပြည်သူတွေကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်လလျှင် ၂ ကြိမ်နူန်းဖြင့် အာရက္ခတပ်တော်ရဲ့ စာမှုစီစစ်ရေးအဖွဲ့ ခွင့်ပြုချက်ဖြင့် စာစောင် အခမဲ့ဖြန်ဝေပေးခြင်းများကို လုပ်ဆောင်ပေးခဲ့ပါသည်။
လက်ရှိမှာလည်း Coastal News Agency သည် အမှီအခိုကင်းသော သတင်းဌာနအဖြစ်နဲ့ ရပ်တည်ကာ သတင်းများကို ဆက်လက်တင်ဆက်ပေးလျှက် ရှိနေပါသည်။