Home ဆောင်းပါး စစ်ကောင်စီရဲ့လူမဆန်တဲ့လုပ်ရပ်တွေ ကြားက ရခိုင်ပြည်သူ

စစ်ကောင်စီရဲ့လူမဆန်တဲ့လုပ်ရပ်တွေ ကြားက ရခိုင်ပြည်သူ

54
0

ဒီနေ့အချိန်ဟာ ရခိုင်ပြည်သူတွေရဲ့ သွေးမြေကျခဲ့ရတဲ့အချိန်ဆိုရင်လည်း မှန်သလို ရခိုင်တွေရဲ့နောက်ဆုံး သွေးမြေကျတဲ့အချိန်ဆိုလည်း မှားမယ်မထင်ပါဘူး။ ဖိနှိပ်မှုဘက်ပေါင်းစုံကို ကျော်ဖြတ်ဖို့ကြိုးစားနေတဲ့အချိန်မှာ ဒီလို မျိုး အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကြရတာဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ ပြောလို့ရပါတယ်။

ဘယ်အရာမဆို ဖိနှိပ်မှုမြင့်မားလာရင် ပေါက်ကွဲတတ်ကြတာပဲမဟုတ်လား။ ရခိုင်ပြည်သူတွေဟာလည်း ဖိနှိပ်မှုကို လက်မခံတော့တဲ့အတွက် လက်နက် ကိုင် တိုက်ခိုက်လာကြရတာဖြစ်တယ်။

အနီးကပ်ဆုံးဥပမာကိုပြောရရင် ဗျိုင်း ဖြူရွာဖြစ်စဉ်ဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရာရောက်တယ်ဆိုတာ အားလုံးက အသိပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်အောင်မတိုက်နိုင်သမျှတော့ ခံနေကြရအုံးမယ်ဆိုတာ မေ့ထားလို့ မရ ပါဘူး။

ကျောက်ဖြူမြို့ ကျောက်တလုံး မွတ်ဆလင်စခန်းအတွင်း မွတ်ဆလင်တွေကို စစ်မှုထမ်းအတင်းခေါ်ယူနေတဲ့ စစ်ကောင်စီတပ်များ

စစ်ကောင်စီဟာ နည်းမျိုးစုံသုံးပြီး ရခိုင်ပြည်သူတွေကို သတ်ဖြတ်နေသလို တခြားတိုင်းရင်းသားနယ်မြေတွေမှာ လည်း အခုလိုမျိုး စော်ကားအနိုင်ကျင့်နေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရခိုင့်ပြည်သူ့ အာရက္ခတပ်တော်ဟာ အင်အားကောင်း ကောင်း၊ ဇွဲကောင်းကောင်းနဲ့ ရခိုင်ပြည်အနှံ့က စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို တိုက်ခိုက်မောင်းထုတ်နေပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက မြောက်ပိုင်းမြို့နယ်အများအပြားကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာလည်း တပ်တော်ရဲ့ကြိုးစားအားထုတ်မှု၊ တိုက်ရည်ခိုက်ရည်ကောင်းမှုတွေကို ဖော် ပြနေတာဖြစ်ပါတယ်။

ဒီလိုသိမ်းပိုက်လာနိင် လေလေ စစ်ကောင်စီဟာ ကျားနာတစ်ကောင်လို တွေ့ရာပြည်သူတွေကို နည်း ပေါင်းစုံနဲ့ဒုက္ခပေးလာတာဖြစ်တယ်။ ဒါပေမဲ့ သူတို့ရဲ့ မကောင်းတဲ့လုပ်ရပ်ဟာ မကြာခင်မှာ နိဂုံးချုပ် တော့မယ်ဆိုတာကို သူ တို့သိနေကြပြီဖြစ်တယ်။

စစ်ကောင်စီဟာ တိုက်လို့မနိုင်တဲ့အနေအထားတစ်ခု ရောက်လာတဲ့အခါမှာ ရခိုင်ပြည်သူတွေထဲက လောက် ကောင်လို့တောင်ပြောရမဲ့ ALP နဲ့ရခိုင်သားတွေကို တိုက်ခိုင်းလာသလိုဘင်္ဂါလီတွေနဲ့ တိုင်းရင်းသား တွေအကြားမှာ ပဋိပက္ခပိုမိုဖြစ်ပွားလာအောင် သွေးထိုးပေးတာ နဲ့ ဘင်္ဂါလီတွေကို လက်နက်တပ်ဆ င်ပေးတာ တွေကို လုပ်လာခဲ့ပါတယ်။

ဒါပေမယ့် ထောင်နဲ့ချီတဲ့ ဘင်္ဂါလီစစ်သားတွေဟာ စစ်မြေမြင်ကို ရောက်လာချိန်မှာ တိုက်ပွဲအတွေ့အကြုံမရှိတာကြောင့် တိုက်ပွဲထဲမှာ ကျဆုံးခဲ့ရတာများခဲ့ရပါတယ်။ ဒါကြောင့် စစ်ကောင်စီက သူတို့ရည်ရွယ်ချက်တွေ မအောင်မြင်နိုင်ဘူးဆိုတာကို သိလာခဲ့ရပါတယ်။ ဒါကြောင့်နဲ့ စစ်ကောင်စီဟာ ရခိုင် စစ်မြေပြင်မှာ လေကြောင်းကိုသာ အဓိကထား တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ ရခိုင်တိုက်ပွဲဟာ ပြင်းထန်သထက် ပြင်းထန်လာခဲ့ပြီး အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရတဲ့ ပြည်သူတွေ ကလည်း များပြားလာခဲ့ပြီဖြစ်ပါတယ်။ ဒီလိုထွက်ပြေးရတဲ့အတွက် စားသောက်ရေးနဲ့ နေထိုင်ရေးတွေ ခက်ခဲ့ရသလို လေကြောင်းရန် နဲ့ လက်နက်ကြီးရန်တွေ ကြောင့်ဗုံးခို ကျင်းတွေထဲမှာ နေထိုင်ရတဲ့ အခြေအနေ ကို ရောက်လာကြရပါတယ်။

စစ်ကောင်စီဟာတပ်တော်က သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို လေယာဉ်နဲ့ နေ့စဉ် ဗုံးတွေပစ်ချတာ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာခဲ့တာ မတရားဖမ်း ဆီးသတ်ဖြတ်တာတွေကြောင့် တကျော့ပြန်တိုက်ပွဲ ၆ လကျော်အတွင်းမှာ ရခိုင်ပြည်သူ ၃၁၉ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရာသူ ၁၁၄၆ ဦးထိ ရှိလာခဲ့သလိုနေအိမ် ၈၄၅၁ ဆောင် ပျက်ဆီးခဲ့ရပြီး ဆေးရုံ ၉ ရုံ နဲ့ သသနိက အဆောက် အဦး ၆၁ ဆောင် ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီက နောက်တစ်ဖက်မှာ ရခိုင်ပြည်သူတွေ အလုပ်အကိုင်နဲ့ စားဝတ်နေရေးအဆင်မပြေအောင် ကုန်စည်စီးဆင်းမှု နဲ့ လွတ်လပ်စွာ သွားလာ လှုပ်ရှားမှုတွေကိုလည်းပိတ်ဆို့ထားခဲ့တယ်။ ဒီလိုပိတ်ဆို့ ထားပေမယ့် ရခိုင်ပြည်သူတွေဟာ တပ်တော်နဲ့ တသားတည်း စိတ်ပိုင်းဆိုင် ရာနဲ့ ရှင်သန်အောင်နည်း လမ်းမျိုးစုံ အခက်အခဲမျိုးစုံ နဲ့ ကိုကျမ္မာ ကိုဖန်တီးနိုင်ရေး အတွက်ကြိုး စားနေထိုင် နေခဲ့ကြရပါတယ်။

တစ်ဖက်မှာ လည်း ဒေသခံပြည်သူတွေဟာ မိမိတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တာကြောင့် မြို့၊ ရွာ နဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးလာချိန်မှာစစ်ကောင်စီတပ်နဲ့ အပေါင်းအပါဘင်္ဂါလီလက်နက်ကိုင်တွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဖြိုဖျက်ယူကြတာ ၊မီးရှို့ဖျက်ဆီးတာတွေ အပြင် နေအိမ်တွေကို လက်ညိုး ထိုးရောင်းစားတဲ့ အဆင့်ထိလုပ်ဆောင်လာခဲ့ကြပါတယ်။

ပြီးတော့မှ တပ်တော်က မီးရှို့တယ်ဆိုပြီး ဝါဒဖြန့်တာတွေကို စစ်ကောင်စီက လုပ်ဆောင်ခဲ့တာတွေလည်း ရှိပါတယ်။ ဗျိုင်းဖြူရွာကိစ္စမှာလည်း သေနပ်လုတယ်ဆိုပြီး ဝါဒဖြန့်ပြီး သူတို့သတ်ပစ်လိုက်တဲ့ လူပေါင်း ၇၀ ကျော်ကိစ္စကို ဖုံးဖိဖို့ကြိုးစားခဲ့ပါတယ်။အမှန်တရားကို သိထားတဲ့ လူတွေကတော့ ကန့် ကွက်မှုတွေလုပ်ကြတယ်။ စတိတ်မန့်တွေထုတ်ကြတယ်။ အမှန်တရားကို ဘယ်သူမှ ဖုံးကွယ်လို့ရမှာ မဟုတ်သ လို တပ်တော်ကလည်း အဲဒီကိစ္စအပေါ် လက်တုန့်ပြန်သွားမယ်လို့လည်း အတိအလင်းပြော ကြားထားပါတယ်။

လက်ရှိမှာလည်း တိုက်ပွဲမဖြစ်သေးတဲ့ မြို့တွေနဲ့ ကျေးရွာတွေမှာ စစ်ကောင်စီက တပ်စွဲထားပြီး ပြည်သူတွေကိုလည်း ရွာက မထွက်နိုင်အောင် ထိန်းသိမ်းထားမှုတွေ လုပ်နေတာကို တွေ့လာအခု နောက်ပိုင်းပိုမိုတွေ့လာနေရပါတယ်။

ဒါဟာ ပြည်သူတွေကို လူသားဒိုင်းအဖြစ် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလိုလူသား ဒိုင်းအဖြစ်လု ပ်ဆောင်တာဟာလည်း စစ်ကောင်စီရဲ့ ယုတ်မာတဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ပြည်သူတွေကို ကာကွယ်ပါ တယ်ဆိုပြီး ပြည်သူတွေကို သတ်ဖြတ်နေကြတာ လည်း စစ်ကောင်စီသာဖြစ်တယ်ဆိုတာ အတွေးအခေါ်ရှိ တဲ့လူတိုင်းသိကြတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့လုပ်ရပ်တိုင်းကို စောင့်ကြည့်မှတ်တမ်းတင်ရမှာဖြစ်တယ်။

ဒီရက်ထဲမှာ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတွေကနေ လက်နက်ကြီးတွေပစ် ခတ်ခဲ့တဲ့အတွက် အရပ်သားသေဆုံးမှုဟာ ၅၀ အထက်နဲ့ ၁၀၀ ကြားရှိတယ်လို့ သတင်းတွေမှာ တွေ့ရ တော့ ရက်စက်မှုတွေကို ပြည်သူတွေမြင်ရကြားရပြန်တယ်။ ပြည်သူတွေကို ဒါးစားခံလုပ်ပြီး ခံစစ်အနေအထားနဲ့ တိုက်ခိုက်နေရတဲ့ စစ်ကောင်စီရဲ့ နိဂုံးက မကြာခင်အဆုံး သတ်တော့ မယ်ဆိုတာကို စောင့်မျှော်နေကြရမှာပဲဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ တင်ပြရမယ်ဆိုရင် ရခိုင်ပြည်သူတွေ ဒီနေ့မှာ ဒုက္ခပေါင်းစုံခံစားနေကြရတယ်ဆိုပေမဲ့ ဒီအခက် အခဲတွေကို ကျော်လွှွားဖို့ အားမွေးရမှာဖြစ်ပါတယ်။ အားတင်းရမှာဖြစ်ပါတယ်။ ရခိုင်တို့ရဲ့မျှော်လင့်ချက်ပန်း တိုင်ကိုရောက် ဖို့ အတားအဆီးမျိုးစုံကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ဟာ ကျဆုံးသွားလို့မဖြစ်ဘူး။

ကျ ဆုံးသွားတာနဲ့ ပြည်သူတွေနင်းပြားဘဝရောက်သွားကြမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့အားကို ယူပြီး အကောင်းဆုံးလုပ်ဆောင် သွားရမှာဖြစ်ပါတယ်။ ပြည်သူတွေကလည်း လုပ်သင့်တာလုပ်ဖို့လိုအပ်ပါတယ်။ အိမ်မဲ့ ယာမဲ့ဖြစ်သွားကြ တဲ့ ပြည်သူပေါင်းမြောက်များစွာ၊ သေဆုံးသူတွေ မြောက်များစွာ၊ ဒဏ်ရာရသူ တွေမြောက်များ စွာတို့ အတွက် မျှော်လင့်ချက် ပန်းတိုင်ကို အရောက်သွားနိုင်မှသာ ပြည်သူတွေ သေရကျိုးနပ်မ ယ်လို့ ယုံကြည်ပါတယ်။

(မြတ်နိုင်ရေးသည်။)

LEAVE A REPLY

Please enter your comment!
Please enter your name here