ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံတိုင်းကြီးတစ်ခုဖြစ်သလို သမိုင်းကြောင်းအရလည်း ရှည်လျားခဲ့တယ်။ ဘုရင်များလက်ထက်ကတည်းက အစဉ်အလာကြီးမားခဲ့တယ်။ ကိုယ့်ထီးကိုယ့်နန်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေနဲ့နေလာခဲ့တာဖြစ်သလို အဲဒီအချိန်ကတည်းက အနောက်သူရကန်သူပုန်တွေ တိုက်ခိုက်ခဲ့တာ သမိုင်းမှာ အထင်အရှားရှိခဲ့တယ်။
ခေတ်နောက်ကြောင်းပြန်ပြောတယ်ဆိုတာ သမိုင်းကို ပေါ်လွင်စေချင်လို့ဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်မှာ ဘုရင်အုပ်စိုးတဲ့ခေတ်ကို သွားချင်တာမဟုတ်ပဲ ရခိုင် သမိုင်းဟာ ဘယ်လောက်ထင်ပေါ်ခဲ့တယ်။ ကျော်ကြားခဲ့တယ်ဆိုတာကို သိစေချင်လို့ဖြစ်ပါတယ်။ဒါကြောင့် ရခိုင်မှာ ရှည်လျားတဲ့သမိုင်းရှိခဲ့ တယ်ဆိုတာကို မေ့မထားကြဖို့ ဆိုလိုချင်တာဖြစ်ပါတယ်။
လက်ရှိအနေအထားကို ပြန်ကြည့်ရင် ရခိုင်ပြည်နယ်ထဲက မြို့ (၁၀)မြို့နဲ့၊ ချင်းပြည်နယ်ထဲက ပလက်ဝမြို့ တွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီးဖြစ်သလို အမ်း၊ တောင်ကုတ်၊ ဂွ စတဲ့ မြို့တွေအပြင် မောင်တောမှာ ကျန်နေ သေးတဲ့ စခန်းတစ်ခုကိုလည်း မကြာခင်သိမ်းပိုက်နိုင်တော့မှာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြော ဆိုကြတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို တွေ့ နေရလိုဖြစ်တယ်။ တိုက်ပွဲ ၁၇ ရက်အတွင်းမှာ တောင်ကုတ်မြို့နယ်က စခန်း(၁၀)ခုကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့တယ်။ ရဲဘော်တွေကျဆုံးမှုအများဆုံးနဲ့ စခန်းတွေကို တစ်ခုပြီးတစ်ခုသိမ်းပိုက်လာခဲ့တာဟာ တစ်နှစ်အတွင်းမှာ အတော်လေးခရီးရောက်ခဲ့ပြီဖြစ်တယ်။
■နယ်စပ်နဲ့ထိစပ်နေမှု
မောင်တောမြို့နယ်ဟာ အနောက်ဘက်ဘင်္ဂလားနယ်စပ်နဲ့ ထိစပ်နေမှုအများဆုံးအပိုင်းဖြစ်ပါတယ်။ စစ်တွေ၊ ရသေ့တောင်မြို့နယ်တွေဟာလည်း ရေပြင်ချင်းထိစပ်နေတယ်ဆိုပေမဲ့ မောင်တောမြို့နယ် လောက် မကျယ်ပြန့်ဘူး။ ဒါပေမဲ့ ရေလမ်းဝင်ပေါက်တွေအပြင် ကုန်းလမ်းဝင်ပေါက်တွေက များနေတာကြောင့် အထူးသတိထားရမဲ့ အပိုင်းတွေ ဖြစ်ပါတယ်။ လက်ရှိမှာ အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာတောင်မှ တောတောင်တွေကို အမှီပြုပြီး ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ရန်မူလာတဲ့ မွတ်ဆလင်(ဘင်္ဂါလီ)လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေသေးတယ်လို့ သတင်းတွေမှာဖော်ပြ ချက်တွေအရသိရှိနေရတယ်။
အနောက်ဘက်နယ်စပ်ဟာ မောင်တောမြို့နယ်မြောက်ပိုင်း ဗန္ဓုလကျေးရွာရဲ့ မြောက်ဘက်ပိုင်းမှာ အဆုံးသတ်တယ်။ ကြိမ်ချောင်းအထက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်မြေ၊ တောတောင်တွေ ထိစပ်မှုတွေ ရှိလာသလို အောင်သပြေကျေးရွာအထက်ပိုင်းမှာဆို ကုန်းမြေထိစပ်မှုပိုများလာပြီး ဗန္ဓုလကျေးရွာနဲ့ လယ်ကွင်းတစ် ပြင်တည်းဆက်စပ်သွားတာကိုလည်းတွေ့ရတယ်။
ဒါကြောင့် တိုင်းရင်းသားတွေနဲ့ အေးချမ်းစွာနေထိုင်ကြတဲ့ မွတ်ဆလင်(ဘင်္ဂါလီ) တွေကို အကြမ်းဖက်လက်နက်ကိုင် ဘင်္ဂါလီတွေက အမြဲတမ်းခြိမ်းခြောက်လာတဲ့အတွက် အာရက္ခတပ်တော်က လိုက်လံရှင်းလင်းမှုတွေ လုပ်ဆောင်နေကြရတယ်လို့လည်းကြားသိနေရပါတယ်။
အဲဒီအကြမ်းဖက် မွတ်ဆလင်(ဘင်္ဂလီ)လက်နက်ကိုင်တွေဟာ စစ်ကောင်စီက ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တွေဖြစ်တယ်။ စစ်ကောင် စီဟာ အာရက္ခတပ်တော်ကို တိုက်ခိုက်ဖို့အတွက် ဘင်္ဂါလီတပ်သား အမြောက်အများကို သင်တန်းတွေပေးခဲ့တယ်။ လက်နက်တွေတပ်ဆင်ပေးခဲ့တယ်။ အခုတိုက်နေတဲ့ တိုက်ပွဲတွေအတွင်းမှာလည်း စစ်ကောင်စီနဲ့အတူ မွတ်ဆလင်(ဘင်္ဂါလီ)တပ်သားတွေပါဝင်နေတာကိုတွေ့နေရတယ်။
■ခြံစည်းရိုးအနေအထား။
တကယ်တော့ စစ်ကောင်စီဟာ ဘင်္ဂလားနယ်စပ်ကို ခြံစည်းရိုးကာရံခဲ့တယ်ဆိုတာ ရုပ်ပြသဘောလောက် သာဖြစ်တယ်။ ခွေးတိုးဝက်ဝင်အဆင့်လောက်နဲ့ ဟန်ရေးပြပြီး နိုင်ငံတော်ဘတ်ဂျတ်ကို အလွဲသုံးစားလုပ်ဆောင် ခဲ့ကြ တာသာဖြစ်တယ်။ လုပ်ချင်သလိုလုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် တစ်ချို့နေရာတွေမှာဆိုရင် ဘိလပ်မြေအိတ်တွေ၊ သံတွေ၊ သစ်သားတိုင်ထက်အနည်းငယ်ပိုမာတဲ့ ခြံစည်းရိုးတိုင်တွေဟာ စည်းရိုးဝန်းကျင် တစ် လျောက်မှာ လေလွင့်ခဲ့ကြရတာတွေကလည်း မရေမတွက်နိုင်အောင် ရှိခဲ့တယ်။ ငွေတွေကို ချင်သလို ဖြုန်းတီးပစ်ခဲ့ တယ်။ ကွန်ထရစ်တွေနဲ့ပေါင်းပြီး ဟန်ပြလုပ်ဆောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ခြံစည်းရိုးကို ဒီနေ့ခတ်တယ်၊ နောက် နေ့မှာ ဘင်္ဂါလားဒေ့ရှ်ဘက်ကနေ ထော်လာဂျီတွေနဲ့ ညအချိန်လာပြီး ဖြတ်သွားလိုက်၊ ပြန်လုပ်လိုက်နဲ့ လုပ်ခဲ့ရပေါင်း လည်း မနည်းလှဖြစ်ခဲ့ရတယ်။ အခုအချိန်မှာဆိုရင် တချို့နေရာတွေမှာ သူတို့လုပ်ခဲ့တဲ့ ခြံစည်းရိုးဟာ မရှိသလောက် ဖြစ်ခဲ့ပေမဲ့ သူသားခြံစည်းရိုးဖြစ်တဲ့ ဒေသခံရခိုင်တိုင်းရင်းသားတွေကတော့ ခြံစည်းရိုးတစ်ခုအဖြစ် မားမားမတ်မတ်ရပ် တည်နေဆဲဖြစ်ပါတယ်။
မောင်တောမြောက်ပိုင်းမှာ ရခိုင်ကလွဲရင် တခြားတိုင်းရင်းသားတွေ ရွှေ့ပြောင်းသွားကြတာကိုလည်း တွေ့ ခဲ့ရတယ်။ မြိုလူမျိုး၊ မာရမာကြီး၊ ဟိန္ဒူ၊ ဒိုင်းနက်၊ သက်လူမျိုးတွေ ရှိခဲ့ပေမဲ့ ၂၀၁၂ နောက်ပိုင်းမှာ မောင်တောမြောက် ပိုင်းမှာနေထိုင်တဲ့ သက်လူမျိုးတွေ မရှိသလောက် နည်းပါးလာခဲ့တာကိုလည်း တွေ့လာခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
■ ရက္ခိတသစ္စာ
“လူတွေကမေးကြတယ်။ ဘာကြောင့် ဒီလိုနေရာမျိုးမှာ ဒုက္ခပင်ပန်းခံပြီး နေရတာလဲတဲ့။ ကျွန်တော်တို့ ရင်ဘတ်ထဲမှာ ဘာရှိတယ်ဆိုတာ သူတို့ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် အနောက် တံခါးမှာ ကျွန်တော်တို့ မရှိလို့မဖြစ်ဘူး။ နိုင်ငံရဲ့ ခြံစည်းရိုးကို ကျွန်တော်တို့ ကာကွယ်ရမယ်၊ စစ်မှန်မာကျောတဲ့ ခြံစည်းရိုးတစ်ခုသဖွယ် အသက်နဲ့ ချွေးသွေးပေးဆပ်မယ်လို့ နှလုံးသားမှာ ရှိထားပြီးသားဖြစ်တယ်။ ရခိုင်ဒေသ ဟာ ငါတို့ရဲ့ ဘိုးဘွားပိုင်မြေဖြစ်တယ်။ ငါတို့လက်ထက်မှာလည်း ပိုင်းဆိုင်နိုင်ရမယ်။ ဒါကြောင့် ရခိုင် ဒေသကလွဲပြီး ဘယ်ကိုမှ ထွက်မသွားနိုင်ဘူး။ ကာကွယ်မယ်၊ တိုက်စရာရှိရင် တိုက်မယ်”
ဒေသခံတစ်ယောက်ရဲ့ ရင်ဖွင့်သံဟာ ကြက်သီးထစရာကောင်းလောက်တယ်။ ခံယူချက်ခိုင်မာတယ်၊ ဒေသနဲ့ အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့အပြင် နယ်မြေကိုပါ စောင့်ရှောက်လိုတဲ့စိတ်ဟာ လူတိုင်းမှာ မရှိသလို၊ လူတိုင်းမှာလည်း နယ်မြေမရှိနိုင်ဘူး။ ဒါဟာ သမိုင်းပေးတာဝန်လို့ သူတို့ခံယူထားခဲ့ပုံ ပေါက်ပါတယ်။ လူတိုင်းမှာသူတို့လို ခိုင်မာတဲ့ စိတ်မရှိနိုင်ဘူးလို့ တွေးမိပါတယ်။
လက်ရှိအနေအထားမှာ အာရက္ခတပ်တော်က နယ်မြေစိုးမိုးမှုတွေအများကြီးရှိထားပြီး နယ်မြေကိုစိုးမိုး အုပ်ချုပ်ထားသလို ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေးအပိုင်းတွေကိုလည်း လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပွင့်လာရင်တော့ စီးပွားရေးအဆင်ပြေအောင်လုပ်ဆောင်းနိုင် လိမ့်မယ်လို့လည်း ယုံကြည်ရပါတယ်။
■ ပြောင်းရွှေ့သွားကြမှုအနေအထား
စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်လာခဲ့တာ နိုင်ငံတစ်ဝှမ်းမှာရှိနေသလို နိုင်ငံတစ်ဝှမ်းတွင် နေရပ်စွန့်ခွါသူ ဦးရေ (၃ ဒဿမ ၄ )သန်း ရှိနေပြီလို့လည်းသိရတယ်။ ဒီလိုစွန့်ခွါသွားကြပေမဲ့ ရခိုင်မြောက်ပိုင်းက လူတွေအများစုကတော့ ရခိုင်မြောက်ပိုင်းမှာပဲ ရွှေ့ပြောင်းရင်းနေထိုင်ဆဲဖြစ်တယ်။ ဒီလိုမပြောင်းရွှေ့တဲ့အတွက် စီးပွားရေးအခက်အခဲတွေ၊ စားသောက်ရေး အခက်အခဲတွေအများ ကြီးရှိခဲ့ပေမဲ့ ရေရှည်အတွက် တွေးတောလုပ်ဆောင် အသက်ရှင်နေထိုင် အောင် လုပ်ဆောင်နေကြဆဲပဲ ဖြစ်ပါတယ်။
ဒီခရီးကြမ်းဟာ ရခိုင်တွေအတွက် နောက်ဆုံးခရီးကြမ်းလည်းဖြစ်တယ်။ ရေကြည်ရာမြက်နုရာကို သွားလို ကြပေမဲ့ အသက်သွေးချွေးသွေးတွေပေးဆပ်ပြီး ခိုင်မာတဲ့ သိန္ဓိထံနဲ့ ခရီးဆက်နေကြတာကိုလည်း အံ့သြစွာတွေ့ကြ ရပါတယ်။ အ လားတူစွာပဲ တစ်ဘက်မှာလည်း အာရက္ခတပ်တော်က ဒေသခံတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ် ဖို့အတွက် ကြိုးစားလုပ်ဆောင်နေသလို နယ်မြေကိုလည်း စစ်ကောင်စီလက်ထဲကနေ ထုတ်ယူပိုင်စိုးထားပြီးလည်း ဖြစ်ပါတယ်။
■ ခြံစည်းရိုးမကျိုးဖို့ဆိုတာ
စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်မှာ လေကြောင်းတိုက်ခိုက်မှုကလွဲပြီး နိုင်ငံအနှံ့မှာဖြစ်နေတဲ့ မြေမြင်တိုက်ပွဲတွေမှာ အရှုံးကြီးရှုံးနေပြီဖြစ်သလို မြို့တစ်မြို့ပြီးတစ်မြို့ကိုလည်း လက်လွှတ်ဆုံးရှုံးနေရ ပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာလည်း မြို့အများစုကို စစ်ကောင်စီက ဆုံးရှုံးထားရသလို ယနေ့ကာလ မှာလည်း အပြင်းထန်ဆုံးတိုက်ပွဲတွေကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒါကြောင့် အာရက္ခတပ်တော်ရဲ့ စိုးမိုးထား တဲ့ အပိုင်းတွေဖြစ်တဲ့ နယ်စပ်ခြံစည်းရိုးဟာလည်း အရေးကြီးတဲ့အပိုင်းဖြစ်လာပြီဖြစ်တယ်။
အနောက်အယှက်ပေးဖို့ အမြဲတမ်းစဉ်းစားနေတဲ့ အနောက်ဘက်က ရန်သူတွေကလည်း မြေခွေးတစ် ကောင်လို့ အမြဲတမ်းရှောင်းမြောင်းနေတာကိုလည်း သတိမေ့ထားလို့မရပါဘူး။ ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမှာရှိနေတဲ့ မွတ်ဆလင်(ဘင်္ဂါလီ)တွေထဲမှာ ကောင်းကောင်းမွန်မွန်နေထိုင်တဲ့လူတွေရှိသလို လေလံနှစ်ဘက်နင်းပြီး အတွင်းမီးကို ရှို့ချင်တဲ့ လူတွေလည်း အများအပြားရှိနေဦးမှာသေချာတယ်။
ခြုံလို့ပြောရရင် ရခိုင်အရေးဟာ ရခိုင်ပြည်ကို အာရက္ခတပ်တော်စိုးမိုးရေးအတွက် လုပ်ဆောင်နေစဉ် အတွင်းမှာ အပြင်ရန်နဲ့အတွင်းရန်တွေကိုလည်း ထည့်ထွက်စဉ်းစားဖို့လိုပါတယ်။ စီးပွားရေးဦးမော့်လာဖို့အတွက် လည်း ဘင်္ဂါလားဒေ့ရှ်နဲ့ အိန္ဒိယတို့ရဲ့ သဘောထားတွေကိုလည်း တီးမိခေါက်မိဖြစ်ဖို့လိုသလို စောင့်ကြည်ဖို့လည်း လိုအပ်ပါတယ်။
ဒါကြောင့် ရခိုင်အရေးမှာ ခြံစည်းရိုးကိစ္စကိုလည်း ထည့်တွက်စဉ်းစားဖို့လိုသလို တောကြောင်တွေရဲ့ရန် ကိုလည်း ကာကွယ်ဖို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စဉ်းစိမ်ကို စောင့်ရှောက်နိုင်ဖို့လည်းလိုအပ်မှာ ဖြစ်ပါတယ်။ မကြာခင်မှာ အာရက္ခဒေသရဲ့ နိုင်ငံထူထောင်ရေးနဲ့ အောင်ပွဲတွေကို ကြိုဆိုဖို့လည်း မျှော်လင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အားမွေးကြပါစို့လို့ တိုက်တွန်းရင်း ……။
မြောက်ဦးသားရေးသည်။