ARSA တွေအနေ နဲ့ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုဖို့အတွက် တိုက်ပွဲဝင်ခဲ့ကြသူတွေဖြစ်တယ်လို့လည်း သူတို့က သတင်းစာတစ်ခုကို ပြောထားခဲ့တာရှိပါတယ်။ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (Arakan Rohingya Salvation Army) ဟာ လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်တဲ့ အနှောက်အယှက်တစ်ရပ်ကိုပေးနေတယ်ဆိုပေ မဲ့ ဘယ်လောက်ထိ သက်ဆိုးရှည်မလဲဆိုတာ တွေးတောစရာတစ်ခုဖြစ်ပါလာခဲ့ပါတယ်။
တကယ်တော့ ဒီအဖွဲ့ဟာ ၂၀၀၀ ခုနှစ်လောက်ကတည်းကပင် စတင်ပြီးတော့ ဘင်္ဂါလားဒေ့ရှ်ကနေပြီးတော့ စတင်စုစည်းခဲ့ကြတာ ဖြစ်ပြီး အဲဒီအချိန်က ရခိုင်ပြည်နယ်ကို သိမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခု သာရှိခဲ့တာဖြစ်ပြီး နာမည်တောင်မပေးရသေးတဲ့ အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၃ ခုနှစ်လောက်မှာ အင်အား အနည်းအကျဉ်းရှိလာခဲ့ပါတယ်။ ကျေးရွာတွေ ထဲမှာ သူတို့ကိုအားပေးထောက်ခံတဲ့ သူတွေဟာလည်းများ လာခဲ့ တယ်။
အဲဒီနောက်မှာ စည်းရုံးရေးတွေကိုလည်း အင်တိုက်အားတိုက်လုပ်လာခဲ့ပါတယ်။ အဲဒီနောက်၂၀၁၂ ခုနှစ်မှာ သူတို့ရဲ့ သွေးထိုးလှုပ်ဆော်မှုတွေကြောင့် ဘင်္ဂါလီ(မွတ်ဆလင်)တွေဟာ တက်ကြွလာခဲ့ပါတယ်။ ဒီအချိန်မှာ ရခိုင်ပြည်ကို သူတို့အင်အားနဲ့ သိမ်းပိုက်လိုက်မယ်ဆိုရင် ရနိုင်တယ်ဆိုတာကိုလည်း ယုံကြည်လာခဲ့ကြပါတယ်။ မြို့တိုင်းရွာ တိုင်းမှာရှိတဲ့ ဘင်္ဂါလီ(မွတ်ဆလင်)တွေက ရရာလက်နက်နဲ့ တိုင်းရင်းသားကျေးရွာတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရင် ရခိုင်ပြည် နယ်ကို သူတို့လက်ထဲ ထိုးအပ်ရမယ်လို့ ယုံကြည်ခဲ့တဲ့အတွက် တိုင်းရင်းသားကျေးရွာတွေကို တစ်ပြိုင်တည်း တစ်ချိန်တည်းမှာ ဝင်ရောက်တိုက် ခိုက်ခဲ့ပါတယ်။ အဲဒီလို အဲဒီလို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အတွက် တိုင်းရင်းသားအများအပြားဟာလည်း သေဆုံးခဲ့ရပါတယ်။
တစ်ဖက်မှာလည်း ရဲကင်းစခန်းတွေကို လည်း တိုက်ခိုက်ခဲ့တာတွေကိုပါ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအချိန်က စစ်တပ်ရဲ့နှိပ်ကွပ်မှုကြောင့် လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာလည်း အများအပြားသေဆုံးခဲ့ရပါတယ်။ သူတို့ဟာ လက်နက်ကိုင် အကြမ်း ဖက်အဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ဘင်္ဂါလီ(မွတ်ဆလင်)အတော်များ များဟာ သူတို့ရဲ့လုပ်ရပ်ကို သူတို့ စိုးရိမ်ပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတာလည်းဖြစ်တယ်။
ဒီလို အပြစ်လုပ်ခဲ့တဲ့အတွက် ကိုယ့်လုပ်ရပ်ကိုကိုယ် စိုးရိမ်မှုတွေလည်းဖြစ်လာခဲ့ပါတယ်။ ဘယ်ရွာမှာ ဘယ်သူဦးဆောင်တယ်၊ ဘယ် သူတွေပါတယ်ဆိုတာကို အားလုံးသိကြတဲ့အတွက် ထွက်ပြေးခဲ့ကြတာလည်းဖြစ်တယ်။
ဒါပေမဲ့သူတို့ရဲ့အထင်နဲ့ အမြင်ဟာ တက်တက်စင်အောင်လွဲမှားသွားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ နှိမ်နှင်းခြင်းကိုလည်း ခံခဲ့ရတယ်။ လက်နက်ကိုင်တော်လှန်တဲ့ သူတွေ အကုန်လုံးကို စစ်ကောင်စီကလည်းသုတ်သင်ခဲ့ပါတယ်။ အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့တဲ့ အတွက် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိသွားတဲ့ လက်နက်ကိုင်အကြမ်းဖက်တွေကလည်း တဖြေးဖြေး ပြန်လည်စုစည်းခဲ့ကြပါတယ်။
အခုဖြစ်နေတဲ့ ICC က တရားစွဲ တယ်ဆိုတာ အဲဒီအချိန်က စစ်တပ်ရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။သူတို့ဟာ နိုင်ငံတော်ရဲ့ဖိနှိပ်မှုကို ကာကွယ်မယ်ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့ပေမဲ့ တကယ့်လက်တွေမှာ နယ်မြေစိုးမိုးရေးဝါဒနဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမတစ်ခုကို ခိုင်မာစေချင်ခဲ့တာပါ။ ဒီလိုခိုင်မာအောင် အတွက်လည်း အနောက်နိုင်ငံအများစုက ထောက်ခံအားပေးခဲ့သလို ဒီနေ့အထိ ထောက်ခံအားပေးသုံးနှုန်းနေတာ တွေကိုလည်းတွေ့နေ ရဆဲဖြစ်ပါတယ်။
အဲဒီနောက် ၂၀၁၆ ခု နှစ်လောက်မှသာ သူတို့တွေ တစ်ကျော့ပြန် ပြန်လည်စတင်လှုပ်ရှားလာခဲ့ကြပါတယ်။ ဒီလှုပ်ရှားလာတာကလည်း သူတို့ကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့ကို ပြသတဲ့သဘောသာဖြစ်တယ်။ အဲဒါက ရဲအရာရှိ ကိုးဦးကို သတ်ဖြတ်လိုက်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း မောင်တောမြို့နယ်၊ မောင်နှမကျေးရွာအနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ARSA က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သာ ၇ ဦးသေဆုံးခဲ့တယ်လို့လည်းသိရတယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့နဲ့ ပူးပေါင်းလာခဲ့ပြီး မောင်မြို့နယ်မြောက်ပိုင်း မှာ အခြေကုတ်ယူခဲ့ပါတယ်။ AA ကိုလည်းတိုက်ခိုက်မှုတွေရှိလာခဲ့ပါတယ်။ ဒါကြောင့် AA အနေနဲ့ သူတို့ရဲ့ယာယီစခန်း တွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရပါတယ်။ သင်္ဘောလ၊ နံသာတောင်၊ တောင်ပြိုကျေးရွာ ပတ်ဝန်းကျင်တွေမှာ သူတို့နေထိုင်တဲ့စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာ မြန်မာစစ်ကောင်စီတွေရဲ့ လက်နက်တွေနဲ့ အာဆာ အဖွဲ့အပြင်၊ ARA ၊ RSO အစရှိတဲ့ အဖွဲ့တွေရဲ့ လက်နက်တွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
နောက်ဆုံးအနေအ ထားမှာ စစ်ကောင်စီဟာ AA ကို တိုက်ခိုက်လို့မနိုင်တဲ့အတွက် ARSA အဖွဲ့ကိုအပေးအယူတစ်ခုညှိနှိုင်းခဲ့ပြီး AA ကို စစ်ကောင်စီဖက်ကနေ စစ်ကူ တိုက်ပေးဖို့ လုပ်လာခဲ့ပါတယ်။ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့တိုက်ပွဲတွေမှာ ARSA လက်နက်ကိုင်အဖွဲ့ အများ အပြား စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ နိဂုံးလားလို့ ပြောစရာဖြစ်လာပါတယ်။
တကယ်တော့ ဒီလက်နက်ကိုင်သောင်းကျန်းလာတဲ့ ARSAနဲ့ အဖွဲ့တွေဟာ တိုင်းသူပြည်သားတွေ သွား လာလှုပ်ရှားနေချိန်မျိုးမှာ ခြုံခိုတိုက်ခိုက်မှုတွေရှိလာခဲ့ပါတယ်။ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်လူမျိုးတွေ အပြင် ဘင်္ဂါလီ(မွတ်ဆလင်) တွေကိုပါ ပြန်ပေးဆွဲ၊ ငွေညှစ်မှုတွေကိုပါ ဆက်တိုက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ မကြာသေးမီကလည်း ဘူးသီးတောင်မြို့နယ် က ရခိုင်တစ်ချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ညှမ်းပန်းနှိပ်စက်ထားတဲ့ Video ဖိုင်တွေကိုလည်း ပြသခဲ့ပါတယ်။
လက်ရှိ မှာ AA (အာရက္ခတပ်တော်)ရဲ့ စိုးမိုးနယ်မြေထဲမှာ ဖြစ်နေတဲ့ကိစ္စရပ်တွေဖြစ်တာကြောင့် အာရက္ခတပ်တော်ကလည်း အပူတပြင်းလိုက်လံရှာဖွေ ရှင်းလင်းနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ဒါ့အပြင် စစ်သွေးကြွမွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဟာ ရခိုင်ဒေသတွင်းမှာသာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာလည်း အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတာကြောင့် ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်နေပြီး နယ်စပ်တစ်လျှောက်မှာ ဒေသတည်ငြိမ်အေးချမ်းနှင့် လုံခြုံရေးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်တယ်လို့လည်း AA က ပြောဆိုထားပါတယ်။
ဒီသောင်းကျန်းသူ စစ်သွေးကြွတွေဟာ တချိန်က စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ နောက်ပြီး စစ်ကောင်စီဘက်ကလည်း ဘင်္ဂါလီ(မွတ်ဆလင်)တွေရဲ့ လွတ်လပ်စွာ သွားလာခွင့်တွေကိုတောင် ပိတ်ပင်တားဆီးထားခဲ့တာ တွေရှိခဲ့ပါတယ်။ ခရီးသွားလာခွင့်တွေကိုလည်း ပိတ်ပင်ထားခဲ့တဲ့အတွက် လှေစီးဒုက္ခသည်တွေအဖြစ် မလေးရှား နဲ့ တခြားနိုင်ငံတွေကို သွားရောက်ခဲ့ကြရပါတယ်။
အိမ်ထောင်စုစာရင်းတွေ ကောက်ယူခဲ့တဲ့အခါမှာလည်း လူမျိုးမှာ ရိုဟင်ဂျာတွေထည့်ဖို့နဲ့ မထည့်အတဲ့ အတွက် ကန့်ကွက် ဆန္ဒပြမှုတွေတောင်လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံသားကဒ်ပေးမယ် ဆိုရင်တောင် မယူဘဲ ရိုတွေအဖြစ်နဲ့ နေလာခဲ့တဲ့ ဒီစစ်သွေးကြွတွေဟာ သူခိုးကိုဓါးရိုးကမ်းခဲ့ပြန်ပါတယ်။ ဒီလို အဘက်ဘက်က ဖိနှိပ်ခဲ့တဲ့ စစ်ကောင်စီကို အားပေးအား မြှောက်ပြု လုပ်ခဲ့တာဟာ မဟာအမှားကြီးတစ်ရပ်လို့ ဆိုနိုင်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီကင်းမဲ့ဇုန်ဖြစ်တော့မဲ့ ရခိုင်ပြည်နယ်ထဲမှာ အကြမ်းဖက်မွတ်ဆလင်တွေအနေနဲ့ ကြာ ကြာပုန်းနေဖို့ဆိုတာ လွယ်မယ်တော့မထင်ပါဘူး။ အင်အားကြီးပါတယ်ဆိုတဲ့ စစ်ကောင်စီတပ်တွေကိုတောင် အနိုင် တိုက်ခိုက်နိုင်တဲ့ အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ သောင်းကျန်းသူတွေအတွက်တော့ သေမင်းတမန်လို့လည်းပြောနိုင်ပါတယ်။
ပြည်သူတွေကို ဒုက္ခပေးနေသရွေ့ အာရက္ခတပ်တော်က လိုက်လံရှင်းလင်းနေ ဦးမှာလည်းဖြစ်ပါတယ်။ ဒီကြားထဲ မွတ်ဆလင်အသိုင်းအဝိုင်းအများစုကလည်း ဒီအကြမ်းဘက်တွေကို လက်မခံတဲ့သဘောတွေ တွေ့လာရပါတယ်။ မွတ်ဆလင် ဘင်္ဂါလီတွေအချင်းချင်း နှစ်သက်မှုမရှိရင် သူတို့ဟာ သက်ဆိုးရှည်မယ် မဟုတ်ဘူးဆို တာထင်ရှားနေပါတယ်။
တစ်ဘက်မှာ အနောက်ဘင်္ဂါလားဒေ့ရှ်နဲ့ ရခိုင်ကြား ခြံစည်းရိုးကို ကျော်ပြီး ဝင်ထွက်သွားလာနိုင်တယ်ဆိုပေ မဲ့ တောတောင်နေရာအနှံ့ကို ပိတ်ဆို့လိုက်မယ်ဆိုရင်တော့ ပြေးပေါက်ပျောက်သွားမှာသေချာပါတယ်။ လက်နက်ကိုင် ဘင်္ဂလီ (မွတ်ဆလင်)စစ်သွေးကြွတွေဟာ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်အဖြစ် အာရက္ခတပ်တော်ကို တိုက်ခိုက်ဖို့ဆိုတာ ထက် စစ်ကောင်စီအလိုကျ လုပ်ပေးနေဦးမယ်လို့သုံးသပ်ရပါမယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထား နေထိုင်သွားလာကြဖို့လည်းလိုပါတယ်။ နယ်မြေလိုချင်လို့ နယ်မြေအတွင်းမှာ အနှောက်အယှက်အဖျက်အဆီးတွေဆက် လက်လုပ်ဆောင်နေဦးမှာဖြစ်တယ်လို့ ရှုမြင်သုံးသပ်မိပါတယ်။ မြေပြင်ပထဝီ အနေအ ထားကို ကြည့်ရင် ရခိုင်ပြည်နယ်ဟာ တောတောင်ထူထပ်တဲ့ ဒေသဖြစ်တာက တစ်ကြောင်း၊ နယ်စပ်တစ်လျောက်မှာလည်း ခိုင်မာတဲ့ ခြံစည်းရိုးမရှိတာက တစ်ကြောင်းဖြစ်တာမို့ သောင်းကျန်းသူ စစ်သွေးကြွအနေနဲ့ လွယ်လင့်တကူ လှုပ်ရှားသွား လာနိုင်မှာဖြစ်တဲ့အတွက် နယ်စပ်အနီးတဝိုက်မှာ လူသတ်မှုတွေ၊ ပြန်ပေး ဆွဲမှုတွေ ဆက်လက်ဖြစ် ပေါ်နေအုံးမယ်လို့လည်း သုံးသပ်ရပါတယ်။
ဒါပေမဲ့ AA ရဲ့ သဘောထားနဲ့ လုပ်နိုင် စွမ်းအပေါ်မှာသာ မူတည်မှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ စစ်ကောင်စီတပ်တွေ အမြစ်ပြတ်ရေးအတွက် တိုက်ပွဲ ဝင်နေကြရတဲ့ အာရက္ခတပ်တော်အနေနဲ့ ဒီအကြမ်းဖက် ဘင်္ဂလီ (မွတ်ဆလင်) လက်နက်ကိုင်တွေကို
တိုက်ထုတ်ရှင်းလင်းဖို့ဆိုတာဟာလည်း အချိန်တစ်ခု ကို စောင့်ဆိုင်းရလိမ့်မယ်လို့ ထင်ပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်ထဲက မြို့အများစုကို သိမ်းပိုက်ထားပြီးဖြစ်တဲ့ အပြင် ဘာသာမတူ၊ လူမျိုးမတူကြသူတွေနဲ့လည်း သင့်မြတ်တဲ့လက္ခဏာတွေကို တွေ့နေရပြီး ပြည်သူတွေကို ကူညီပေးနေတာကိုလည်း တွေ့နေကြရပါတယ်။ ဒါကြောင့် ပြည်သူတွေနဲ့ အာရက္ခတပ်တော်တို့ လက်တွဲညီညီ ပြည်နယ်တစ်ခုလုံးအေးချမ်းသာယာဖို့အတွက် လုပ်ဆောင်ကြမယ်ဆိုရင် အားလုံး အတွက်အကျိုးယုတ်စရာမရှိ တဲ့အပြင် အာရက္ခပြည်တစ်ခုလုံးဟာ စိတ်လက်ချမ်းသာစွာ နေထိုင်ကြရ မှာဖြစ်ပါတယ်။
ခြုံပြီးပြောရရင်တော့ အင်အားမကြီးသေးတဲ့ ARSA ပါအဝင် အပေါင်းအပါလက်နက်ကိုင် သောင်း ကျန်းသူတွေအနေနဲ့ ဒီအချိန်မှာ အသိတရားရရှိပြီး လက်နက်စွန့်လို့ အေးချမ်းစွာနေထိုင် သွားကြမယ် ဆိုရင် တိုင်းရင်းသားတွေ အတွက်ရော၊ ဘင်္ဂါလီ(မွတ်ဆလင်) လူမျိုးတွေအတွက်ပါ အကောင်းဆုံးသော အချိန်တစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တကယ်လို့သာ အဲဒီလိုမဟုတ်ဘဲ အေးချမ်းမှုကို ဆက်လက်ဖျက်ဆီးနေမယ်ဆိုရင်တော့ သက်ဆိုးရှည်မှာမဟုတ်ဘူး လို့လည်း သုံးသပ်မိပါတယ်။
ညိုမောင်ရေးသားသည်။