ရခိုင်မှာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ပြီးဖြစ်တဲ့ မြို့တွေထဲက မောင်တော၊ဘူးသီးတောင်၊သံတွဲ နဲ့ တောင်ကုတ်က စီးပွါးရေးလုပ်ငန်းရှင်တွေ၊ပညာရေးဝန်ထမ်းတွေ စစ်ကောင်စီ ရဲ့ အရာရှိအရာခံတွေ ပိုင်ဆိုင်တဲ့ ဟို တယ်တွေ အပါအဝင် နေအိမ် ရာချီကို အာရက္ခတပ်တော်က ချိတ်ပိတ်သိမ်း ဆည်းတာတွေ ရှိနေပါတယ်။
ဒီလို ချိတ်ပိတ်သိမ်းဆည်းမှုတွေ လုပ်ဆောင်လာတဲ့ အပေါ်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD )ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ရဲ့အမြင်သ ဘောထားကို CNA က မေးမြန်းတင်ဆက်ထားပါတယ်။
“ဒီကိစ္စတွေကို တော်တော်ထိန်းထိန်းသိမ်းသိမ်းလုပ်ရမယ်။နောက်ထပ်အရေးယူစရာလူတွေ အများကြီးပေါ်လာတဲ့ အခါမှာ ကိုယ့်လူကိုချန်ထား သူ့လူကိုအရေးယူဆိုတာမျိုးတွေဖြစ်လို့ရှိရင် အဖွဲ့အစည်းရဲ့ ညီညွတ်မှု အဖွဲ့အစည်းကိုအားကိုးနေတဲ့ ယုံကြည်ကိုးစားမှုတွေက အစထိခိုက်နိုင်တယ်လို့ အကြံပြုလိုပါတယ်”လို့ သူက ဆိုထားပါတယ်။
အပြည့်အစုံကို အင်တာဗျူး ရုပ်သံတွင် ဆက်လက် နားဆင်နိုင်သည်။




**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.