စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ကြောက်ရွံ့တာကြောင့် သေဘေးကလွတ်မြောက်အောင်ထွက်ပြေးလာတဲ့ အိမ် နီးချင်းမြန်မာလူမျိုးတွေကို ထိုင်းအစိုးရဘက်က ဖမ်းဆီးပြန်ပို့တာမလုပ်ဘဲ လူသားချင်းစာနာထောက် ထားမှုအ ကူအညီပေးဖို့လိုအပ်တယ်လို့ FAIR ပါတီ ကိုယ် စားပြု လွှတ်တော်အမတ် ကန်နာဗီ ဆူယက်ဘ်ဆန်က ထိုင်းအ စိုးရကိုတိုက်တွန်းပြောဆိုထားကြောင်း Bangkok Post သတင်းမှာရေးသားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းဝန်ကြီးချုပ် ဆရက်သာသာဗီဆင်က စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ချင်တာဘဲဖြစ် ဖြစ် အကြောင်းအမျိုးကြောင့် ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်လာတာဘဲဖြစ်ဖြစ် ဝင်ရောက်လာသူတွေကို ဖမ်း ဆီးကာဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မယ်လို့ ပြောဆိုထားပါတယ်။
အဲဒီပြောဆိုမှုအပေါ်မှာ ထိုင်းအတိုက်အခံပါတီ FAIR ပါတီ က ကိုယ် စားပြု လွှတ်တော်အမတ် ကန်နာဗီ ဆူယက်ဘ်ဆန်က အခုလိုတိုက်တွန်းပြောဆိုခဲ့တာလို့ဖော်ပြထားပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံအတွင်းကို လုပ်သားတင်ပို့မှု ကိုစစ်ကောင်စီနဲ့ ညှိနှိုင်းက ယာယီရပ်ထား ခြင်းဟာ လက်ရှိ မြန်မာဘက် နိုင်ငံရေး အခြေအနေ နဲ့ဘယ်လိုပတ်သက်ဆက်နွယ်နေတယ်ဆိုတာကို သူ့အနေ နဲ့ အသေးစိတ်မသိပေမယ့် စစ်ကောင် စီအစိုးရလုပ်ရပ်အပေါ် ကြောက်ရွံ့စိတ်ကြောင့် ထွက် ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက ဖမ်း ဆီးအရေးယူပြီး ပြန်ပို့မယ်ဆိုရင် ဒီကိစ္စဟာ စိုးရိမ်စရာကိစ္စတစ်ခုဖြစ်ကြောင်း ကန်နာဗီက မှတ်ချက် ပေးပြောကြားခဲ့ပါတယ်။
လက်ရှိ အချိန်မှာ မြန်မာနိုင်ငံအတွင်းက မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေတာဟာ တရားမဝင် ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်ဆိုတာထက် သေဘေး နဲ့ စစ်မြေပြင်ကို အတင်းတွန်းပို့ တဲ့ နေရာကနေလွတ်မြောက်ဖို့ အတွက် တိမ်းရှောင်လာကြတာဖြစ်တယ်လို့ သူ့ကသုံးသပ်ပြောဆိုပါတယ်။
အဲဒီလို သေဘေးက ထွက်ပြေးလာတဲ့ သူတွေကို တရားမဝင် ဥပဒေကို ချိုးဖောက်သူတွေ လို့ မသတ်မှတ်ဘဲ လူသားချင်းစာနာထောက်ထားတဲ့ အနေ နဲ့ အလုပ်လုပ်နေထိုင်ခွင့်ကို ပေးဖို့လိုအပ်သလို တဖက်မှာလည်း အဲဒီလို လုပ် ဆောင်ပေးတာကြောင့် လုပ်သားပြတ်လပ်မှု ပြသနာကိုဖြေရှင်းနိုင်မှာ ဖြစ်သလို လူသားချင်းစာနာထောက်ထားရာ ကိုလည်း ရောက်မှာ ဖြစ်တယ်လို့ ကန်နာဗီက ထောက်ပြပြောဆိုခဲ့တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေ ဆီမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်တပ်အင်အား ဖြည့်တင်းနိုင်ဖို့ အတွက် စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်း ပြန်လည် ပြဌါန်းခဲ့ပြီး အသက် ၁၈ နှစ် နဲ့ ၃၅ နှစ်အကြား လူငယ်တွေကို စစ်မှု ထမ်းဖို့ အတွက် အတင်းအဓမ္မဖမ်းဆီးခိုင်းစေနေတာတွေ ရှိနေပါတယ်။
အဲဒီအခြေအနေကို ရှောင်ရှားနိုင်ဖို့ အတွက် မြန်မာနိုင်ငံအတွင်းက လူငယ်အများစုဟာ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံအတွင်းကို တရားမဝင်လည်းကြောင်းကနေ နေ့စဉ် လူဦးရေ ရာချီဝင်ရောက်လာနေပြီး ထိုင်နိုင်ငံအစိုး ရကလည်းနေစဉ်ဖမ်းဆီးမှု တွေ ရှိနေတယ်လို့ ထိုင်နိုင်ငံ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ ရဲ့ပြောဆိုချက် အရ သိရပါတယ်။
Bangkok Postသတင်းအား အခြေခံရေးသားထားခြင်းဖြစ်သည်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.