CNA၊ ဇန္နဝါရီလ ၊၈။
ပြီးခဲ့တဲ့ ဇန္နဝါရီလ ၇ ရက်နေ့ ည ၉ နာရီ ၃၀ မှာ တရားမဝင်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီကသိရပါတယ်။
အဲဒီဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးဟာ ထိုင်းနိုင်ငံ မဲဆောက်ထဲကို တရားမဝင်လမ်းကြောင်းကနေပြီးတော့ ဝင်ရောက်လာတာဖြစ်ပြီး မဲဆောက်မြို့ တာဝန်ကျ ရဲတပ်ဖွဲ့က ကင်းလှည့်ဆောင်ရွက်ချိန်မှာ မဲဆောက်မြို့ ဘန်းပလန် ဟိုတယ် ဧရိယာတဝိုက် တန်းမို့ထစိုင်ရွာအနီးတောစပ်တစ်ခု မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။



ဖမ်းဆီးခံရတဲ့ သူတွေထဲမှာတော့ အမျိုးသား (၁၆)ဦး နဲ့ အမျိုးသမီး(၉)ဦး ပါဝင်ပြီးတော့ သူတို့ဟာ မဲဆောက်ကနေ ဘန်ကောက်ကို သွားဖို့အတွက် ပြဲစားကို စောင့်ဆိုင်းနေသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီဖမ်းဆီးရမိထားတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်းလူဝင်ကြီးမှုကြပ်ရေး ဌာနက တရားဝင်နယ်စပ် ဖြတ်ကျော်မှုနဲ့ အရေးယူဆောင်ရွက်ထားတာ ရှိသလို ပွဲစားမည်သူမည်ဝါဖြစ်တယ်ဆိုတာကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ဆိုပါတယ်။