ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အပါအဝင် စစ်တပ်၊ဆိုက်ဘာတပ်ဖွဲ့ နဲ့ ဌာနပေါင်းစုံအဖွဲ့တွေစုပေါင်းကာ မှုခင်းတွေကို ထိန်းချုပ်နိုင်ဖို့ အတွက် အချက် ၅ ချက်ပါ စီမံချက် နဲ့ တာ့ခ်ခရိုင် အတွင်းမှာ စတင်စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီးဖြစ်တယ်လို့ ထိုင်းသတင်းတွေ မှာ ဖော်ပြထားပါတယ်။
ထိုင်း အာဏာပိုင်တွေ ဆုံးဖြတ်ချက်ချထားတဲ့အချက် ၅ ချက်ကတော့ မဲဆောက်မြို့အတွင်းနိုင်ငံခြားသားတွေ ဝင်ရောက်တာကိုတင်း ကြပ်ဖို့၊ မဲရမတ်၊ ဖုဖရမြို့တွေမှာ စစ်ဆေးရေးဂိတ်တွေ ထပ်တိုး ချဖို့၊ နိုင်ငံခြားသားဧည့်သည်တွေ စာရင်းသွင်းထားခြင်းရှိ/ မရှိ ဟိုတယ်တွေကို ဝင်ရောက်စစ်ဆေးနိုင်ဖို့အပြင် နယ်စပ်တကြောဂိတ်တွေမှာ ၂၄ နာရီ ၇ ရက်ပတ်လုံး စစ်ဆေးဖို့ စတဲ့ အချက်တွေပါဝင်တယ်လို့လည်း ထိုင်းသတင်းတွေကဖော်ပြပါတယ်။



အဲဒီနောက် ဒီစစ်ဆေးဆောင်ရွက်မှုတွေကို မဲဆောက်မြို့မှာ ဇန်နဝါရီလ ၂၂ ရက်နေ့ကတည်းကပင် ဌာနဆိုင်ရာပူးပေါင်း အင်အား ၂၀၀ ကျော်နဲ့ ထိုင်းအစိုးရက မဲဆောက်မြို့ အဝင်အထွက် နေရာတွေ အပြင် မဲဆောက်မြို့ အတွင်းမှာ ရှိနေတဲ့ ဟိုတယ်၊ မိုတယ် စတဲ့ နိုင်ငံခြားသားတွေ တည်းခိုတဲ့နေရာတွေ အပါအဝင် နေရာပေါင်း (၁၃၁) နေရာကို ဝင်ရောက်စစ်ဆေးနေတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
မဲဆောက်မြို့ကို ရောက်နေတဲ့ မြန်မာ နိုင်ငံသား တစ်ဦးက “ကျနော်တို့ နေတဲ့တည်းခိုခန်းတွေကိုလည်း ဇန်နဝါရီ ၂၂ ရက်နေ့မှာ ဝင်စစ်ပါတယ်။ဌာနဆိုင်ရာအစုံပါပါတယ် အဓိကတော့ တရုတ်နိုင်ငံသားတွေကို စစ်ဆေးတာ ပိုတွေ့ရပါတယ် ကျနော်တို့ ကိုတော့ စစ်ဆေးမခံလိုက်ရဘူးလို့” သူကဆိုပါတယ်။
ဒီလိုဆောင်စစ်ဆေးဆောင်ရွက်မှု လုပ်ရတာဟာ လက်ရှိထိုင်နိုင်အတွင်ကို အတည်မပြုနိုင်တဲ့ ဧည့်သည်ဝင်ရောက်မှုနဲ့ ၊ သံသရဖြစ်ဖွယ်လုပ်ငန်းတွေနဲ့ မြန်မာနယ်စပ်တလျှောက်က တရားမဝင် တယ်လီကွန်ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦး တွေဆီ လူဝင်ရောက်မှုကို တားဆီးနိုင်ဖို့ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ထိုင်းနဲ့ နိုင်ငံခြားသားတွေကို ဦးတည်နေတဲ့ မသမာတဲ့ ပြည်ပ အလုပ်ခေါ်ဆိုမှုတွေနဲ့ နည်းပညာဆိုင်ရာ မှုခင်းတွေကို တားဆီးနိုင်ရန်အတွက်လည်းကိုလည်း ရည်ရွယ်ကာ ဒီလိုစစ်ဆေးဆောင်ရွက်မှုတွေကို လုပ်ဆောင်ရတာ ဖြစ်သလို ဒီလို စစ်ဆေး ရွက်တာကို (၆) လ စီမံချက်ချပြီးလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.