ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးကို ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ ညနေ ၈ နာရီ ၃၀ ဝန်းကျင်မှာထိုင်းစစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီနေ့ မေလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
အဲဒီတရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၅ ဦးကို ထိုင်းစစ်တပ်(ရေဂျာ ၃၅၀၁)က တက်ခ်ပြည်နယ်၊မေရမတ်ခရိုင်၊မေဂျာရောမြို့နယ်စပ်မှာဖမ်းဆီးခဲ့တာ ဖြစ်ပြီးတော့ သူတို့ဝင်ရောက်လာမယ်ဆိုတာကို ကြိုတင်သိရှိထားတာကြောင့် စောင့်ကြည့်ပြီးတော့ ထိုင်းစစ်တပ်က အခုလိုဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာ ၁၅ ဦးထဲမှာ အမျိုးသား ၅ ဦး နဲ့ အမျိုးသမီး ၁၀ ဦးပါဝင်ပြီးတော့ ဖမ်းဆီးရရှိခဲ့တဲ့ မြန်မာတွေကို ထိုင်းစစ်တပ်အနေ နဲ့ မေရမတ် ရဲစခန်း က ရဲအရာရှိတွေဆီကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့အတွက်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုထားပါတယ်။