ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့အတွင်းကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေကမကြာခဏဆိုသလို စစ်ဆေး ဖမ်းဆီးပြီးတော့မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုပြီး ခြိမ်းခြောက်ငွေတောင်းယူနေတာတွေရှိနေတယ်လို့ ဒီနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာလူ့အခွင့် အရေးစောင့်ကြည့်ရေး အဖွဲ့ – Human Rights Watch ကသတင်းထုတ်ပြန်လာပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံသား အများစုဟာ အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအတွင်းက မဲဆောက်မြို့ အပါအဝင် နေရာအသီးသီးမှာလာရောက်ခိုလှုံနေကြရတာလည်းဖြစ်ပါတယ်။
အဲဒီလို လာရောက်ခိုလှုံနေသူတွေကို ထိုင်းရဲတွေကဖမ်းဆီးစစ်ဆေးတဲ့နေရာကနေပြီးတော့ ခြိမ်းခြောက်မှုတွေ နဲ့ လာဘ်ငွေတွေကနေတဆင့်အကျိုးအ မြတ်များစွာရရှိနေတယ်လို့ HRW ကဆိုထားပါတယ်။
ဒါ့အပြင် ထိုင်းအာဏာပိုင်တွေကမြန်မာနိုင်ငံသားများတွေကို “သက်ရှိ ATM စက်များ” ဆိုပြီးတော့ ခေါ်ဝေါ်ကြတဲ့အထိ ဖြစ်လာနေတယ်လို့ HRW ထုတ်ပြန်ချက် ကဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအတွင်း မှာ မြန်မာနိုင်ငံသားတွေဟာဖမ်းဆီးထိန်းသိမ်းခံရတာ နဲ့ နှင်ထုတ်ခံရနိုင်တဲ့ အန္တရာယ်တွေ နဲ့လည်းရင်ဆိုင်နေကြရတဲ့အတွက် သတိထားပြီးတော့ သွားလာနေရတဲ့ အခြေအနေထိရှိနေတယ်လို့လည်း HRW ကဆိုထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခ အကျပ်အတည်းတွေ များစွာထဲကနေထွက်ပြေးလာတဲ့နောက်မှာထိုင်းနိုင်ငံအတွင်းမှာ ဘေးဖယ်ခံရပြီးတော့ အမြတ်ထုတ်ခံနေရတယ်လို့ခံစားနေကြရတယ်လို့ မြန်မာအချို့က Human Rights Watch ကို ပြောကြားထားတယ်လို့လည်း ဆိုထားပါတယ်။
IOM ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပိုင်းနောက် ၂ဝ၂၃ ခုနှစ် တစ်နှစ်တည်းမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းကိုလာရွှေ့ပြောင်းနေထိုင်သူ ၁.၃ သန်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၄ သန်းကျော်ထိရှိလာနေပြီးတော့ အဲဒီထဲက ၁.၇ သန်းလောက်ဟာအထောက် အထားမဲ့ ဖြစ်နေတယ်လို့လည်း နိုင်ငံတကာအဖွဲ့အစည်း -IOM က ခန့်မှန်းထားပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.