Home မြန်မာရွှေ့ပြာင်းလုပ်သား ထိုင်းမှာ ဇနီးဖြစ်သူကိုသတ်ဖြတ်ပြီးထွက်ပြေးသွားတဲ့ မာန်အောင်ဒေသခံကို ထိုင်းရဲတွေ ဖမ်းဆီးရမိ

ထိုင်းမှာ ဇနီးဖြစ်သူကိုသတ်ဖြတ်ပြီးထွက်ပြေးသွားတဲ့ မာန်အောင်ဒေသခံကို ထိုင်းရဲတွေ ဖမ်းဆီးရမိ

66
0

Coastal News Agency

‎ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မာန်အောင်မြို့နယ် အတွင်းက လင်မယား နှစ်ဦး စကားများ ရန်​ဖြစ်ပြီးတော့ လင်​ဖြစ်သူက ဇနီးဖြစ်သူကို သတ်ဖြတ်ကာ ထွက်ပြေးသွားတဲ့ တရားခံကို ဒီနေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သေဆုံးသူ မိသားစုဝင်တွေကပြောပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့က ‎ထိုင်းနိုင်ငံ၊ ဖလန်းဆောင်မြို့အတွင်းက ဆိုင်ကယ်မူလီ လုပ်ငန်းစက်ရုံတစ်ခုအနီးက မြန်မာအလုပ်သမားတွေ နေထိုင်တဲ့ တန်း လျား မှာဇနီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် မကျော့ကျော့ဝေကို လင်ဖြစ်သူအသက် ၃၇ နှစ်အရွယ် ကျော်မင်းနိုင် ဆိုသူက တံခါးပိတ်ကာ ဝက်အူလှည့် နဲ့ ဗိုက်တွင်း ထိုးသွင်းဒဏ်ရာ ၃ ချက် နဲ့ လည်ပင်းညှစ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ထွက်ပြေးသွားခဲ့တာပါ။

အဲဒီနောက်မှာတော့ ဒီနေ့ နေ့လယ်လောက်မှာ ထွက်ပြေးသွားတဲ့ လူသတ်တ ရားခံ ကျော်မင်းနိုင်ကို ထိုင်းနိုင်ငံတောင်ပိုင်း ထိုင်း နဲ့ မလေးရှားနယ်စပ် ဟတ်ယိုင်မြို့မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သေဆုံးသူ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“သူက မလေးရှားကို ထွက်ပြေးမလို့လုပ်တာပါ သူနယ်စပ်ကိုတောင်ရောက်နေပြီးပါပြီ ဟတ်ယိုင်မြို့မှာ ဖမ်းမိတာပါ သတ်သွားတဲ့ ပုံစံတွေကိုတော့ မနက်ဖြန်မှ စစ်ဆေးမေးမြန်းမှုတွေလုပ်မှာပါ။သူ့ကို ထိုက်သင့်တဲ့ အပြစ်ဒဏ် ပေးစေချင်ပါတယ်”လို့ သူကပြောပါတယ်။

သေဆုံးသူ မကျော့ကျော့ဝေဟာ မာန်အောင်မြို့နယ် ပြားကြီးကျေးရွာ ဇာတိဖြစ်ပြီးတော့ လူသတ်တရားခံဖြစ်တဲ့ လင်ဖြစ်သူ ကျော်မင်းနိုင်မှာ မာန်အောင်မြို့ ပန်းခြံကျေးရွာ ဇာတိတွေ ဖြစ်ကြပါတယ်။

သူတို့ လင်မယား နှစ်ဦးဟာ ပြီးခဲ့တဲ့ လပိုင်းက စကားများရန်ဖြစ်ပြီးတော့ တစ်ယောက်တစ်နေရာစီနေထိုင်နေကြတဲ့ သူတွေဖြစ်ကြပြီးတော့ လင်ဖြစ်သူ ကျော်မင်းနိုင်ဟာ ဇနီးဖြစ်သူ မကျော့ကျော့ဝေကို နေ့စဥ်နဲ့ အမျှ ပြသနာရှာ ရိုက်နှက်နေသူ တစ်ဦးဖြစ်တယ်လို့လည်း မိသားစုဝင်တွေက ဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here