သံတွဲမြို့နယ် ငပလီမြို့၊မြပြင်ရပ်ကွက် သင်္ချိုင်းအနီးတောင်ကုန်းပိုင်းမှာနေထိုင်နေကြတဲ့ အရပ်သား ၁၁ ဦးကို စစ်ကောင်စီ တပ်တွေက မနေ့က ဇူလိုင်လ ၁၈ ရက်နေ့မှာ နေအိမ်အတွင်းကို ဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့တယ်လို့ အဲဒီဖမ်း ဆီးသွားတဲ့ သူတွေ နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
ဖမ်းဆီးခံရသူတွေ အထဲမှာ မြပြင်ရပ်ကွက် ဒေသခံ ကိုကျော်ဇောဟိန်း နဲ့ငမော့စ် အပါအဝင် အရပ်သား ၁၁ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ အဲဒီဖမ်းဆီးမှုကို မျက်မြင်တွေ့မြင်ခဲ့ရသူတစ်ဦးကပြောပါတယ်။
“မနေ့က ဖမ်းခံရတဲ့ သူတွေ အကုန်လုံးကို ရပ်ကွက်ကို စောင့်ကျန်ခဲ့တဲ့ သူတွေ အမျိုးသားတွေချည်းဘဲ ဖမ်းခံရတာကတော့ ။ဘာကြောင့်ဖမ်းလဲဆိုတော့ ဖမ်းချင်လို့ ဖမ်းတယ်လို့ ဘဲ ပြောရမယ်။လမ်းမှာသွားနေတဲ့ သူတွေ့ ရင်လည်း ဖမ်းတယ် ။အိမ်ထဲကိုလည်း ဝင်ဖမ်းတယ်။ဖုန်းတွေဆိုရင် ဝှက်ထားရတယ်။ဖုန်းတွေ့ရင်လည်း ဖမ်းတယ်လို့”သူကပြောပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တွေဟာ မြပြင် နဲ့ လင်းသာကြားက ရေဝါတောင်နဲ့ ငှက်ပျော ချောင်းဆည် အနီးတစ်ဝိုက်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးနေတာ ရှိနေပြီး အဲဒီအနီးတစ်ဝိုက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာ လေကြောင်း တိုက်ခိုက်တာ အပြင် ဒရုန်းတွေ နဲ့ ပစ်ခတ်တာတွေကိုပါဆက်တိုက် လုပ်ဆောင်နေတယ်လို့ သံတွဲ စစ်ရေး အခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးကပြောပါတယ်။
“လက်ရှိကတော့ မြပြင်နဲ့ လင်းသာကြား ရေဝါတောင်နဲ့ ငှက်ပျောချောင်းဆည် အနီးတစ်ဝိုက်မှာ ဖြစ်နေတယ်အဲ့နေရာမှာပဲ ဖြစ်နေတာ ၂ ရက် ၃ ရက်လောက်ရှိပြီ လေယာဉ်နဲ့ကြဲတယ် လက်နက်ကြီးနဲ့ ပစ်တယ် တပ်တော်ကလည်း ဒရုန်းတွေနဲ့ ပြန်ပစ်တယ် စကစ ငှားဖမ်းသင်္ဘော နှစ်စီး နဲ့ အရာရှိပိုင်းတွေ ဂျိတ္တောဖောင်ဆိပ်ကနေ နေဗီ ပေါ်ကို ပြန်ဆုတ်နေတာ ရှိနေတယ်လို့” သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေ တို့ ဟာ သံတွဲမြို့နယ် အတွင်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးနေတာ ၃ လတာကြာမြင့်လာနေပြီးနောက် အာရက္ခတပ်တော် အေအေက သံတွဲမြို့အပါအဝင် စစ်ကောင်စီတပ်ရင်းတွေဖြစ်ကြတဲ့ ခလရ – ၅၅ တပ်ရင်း၊ခမရ – ၅၆၆ တပ်ရင်း နဲ့ မဇင်လေဆိပ်တွေကိုပါ အပြီးသတ်သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။