ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းက နေပြည်တော်က အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး အဲဒီတိုက်ခိုက်မှု အတွင်းမှာ လေဆိပ်အတွင်းကို ရှော့တိုက်ဒုံး ၅ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လေတပ်အရာရှိလေးဦးအပါအဝင် တခြားအဆင့်ရှိ ဝန်ထမ်း စုစုပေါင်း ၁၆ ဦးသေဆုံးခဲ့ပြီး လေယာဉ် သုံးစင်း ပျက်စီး ခဲ့တယ်လို့ တောင်တန်းသူရဲ ကောင်းများ ကာကွယ်ရေးတပ်ဖွဲ့ (MKCDF) က ဇူလိုင်လ ၁၆ ရက်နေ့ညပိုင်းမှား သတင်းထုတ် ပြန်လာခဲ့ပါတယ်။
အဲဒီလေတပ်စခန်းကို ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာမှာ ရှော့တိုက်ဒုံး ၇ လုံးပစ်ခတ်တိုက်ခိုက်ရာမှာ လေဆိပ်အတွင်း ကို ၅ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လေတပ်အရာရှိလေးဦး နဲ့ တခြားအဆင့်ရှိ အရာရှိ ၁၂ ဦး သေဆုံးခဲ့ရပြီး တိုက်လေယာဉ် နှစ်စင်းအပါအဝင် လေယာဉ်သုံးစင်း ပျက်စီးခဲ့တယ်လို့လည်း MKCDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒါတွေအပြင် လေတပ်ထဲက အဆောက် အဦး လေးလုံး၊ လက်နက်တိုက်တစ်လုံး၊ လေယာဉ်ပြုပြင်ရေး အပိုပစ္စည်းဂို ဒေါင် ရုံတွေ မီးလောင်ပျက်စီးခဲ့ရသလို လေတပ်အရာရှိသုံးဦးနဲ့ အခြားအဆင့်ခုနစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချ က်မှာ MKCDF ရေးသားထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဒေသအသီးသီးမှာ ဖြစ်ပွါးလျှက် ရှိနေတဲ့ တိုက်ပွဲတွေ အတွင်းမှာ စစ်ကောင်စီက အဓိက အားထားနေရတဲ့ လေတပ်စခန်းတွေကို လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်တာတွေကို ခံလာရတာ ဖြစ်ပါတယ်။
လက်ရှိတိုက်ခိုက်ခံခဲ့ရတဲ့ အေလာလေတပ် စခန်းဟာလည်း စစ်ကောင်စီအနေ နဲ့ ကရင်နီဒေသ နဲ့ ကရင်ပြည်နယ်အ ပါအဝင် နိုင်ငံအနှံ့ကို ဗုံးကြဲရာမှာ အသုံးပြုနေတဲ့ အဆင့်မြင့်လေဆိပ်ဖြစ်သလို စစ်ဗိုလ်ချုပ်တွေ ပြည်ပထွက်တဲ့ လေဆိပ် ဖြစ်တာကြောင့် အခုလို တိုက်ခိုက်တာလို့ MKCDF က ဆိုထားပါတယ်။
အဲဒီ အေလာလေတပ်ဟာ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို အခုတစ်ကြိမ်နဲ့ဆိုရင် ၅ ကြိမ်မြောက် တိုက်ခိုက်ခံခဲ့ရပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
