Home သတင်း စစ်ကောင်စီကရွေးကောက်ပွဲ အကြောင်းပြကာ အရေးပေါ်ကာလသက်တမ်း ၆ လထပ်တိုး

စစ်ကောင်စီကရွေးကောက်ပွဲ အကြောင်းပြကာ အရေးပေါ်ကာလသက်တမ်း ၆ လထပ်တိုး

72
0
ပုံ၊စာ။ယာယီသမ္မတနေရာမှာ နေရာယူပြီး ကာလုံအစည်းအဝေးကိုကျင်းပခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လိူင်ကို မြင့်တွေ့ရစဉ်။CINCDS

စစ်ကောင်စီက အာဏာသိမ်း ၃ နှစ်ခွဲပြည့်တဲ့ ဒီနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာပဲ စစ်ကောင်စီက ကာလုံအစည်းအဝေး ခေါ်ယူပြီး ရွေးကောက်ပွဲအကြောင်းပြချက် နဲ့ နောက်ထပ်အရေးပေါ်ကာလ သက်တမ်း ၆ လထပ်တိုးလိုက်တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

ဒီတစ်ကြိမ် ၆ လ သက်တမ်းထပ်မံတိုးရတာဟာ NUG၊ PDF အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ လုပ်ရပ်တွေကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ဖို့လိုအပ်နေမှု အခြေအနေတွေ နဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့ နေရာမှာ ခိုင်လုံမှန်ကန်တဲ့ မဲစာရင်း ရရှိရေး လူဦးရေ နဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ တာတွေကို မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ အညီ တာဝန်ထမ်းဆောင်ခွင့်ကို ( ၆) လသက်တမ်း ထပ်မံ တိုးမြှင့်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ပုံ၊စာ။ယာယီသမ္မတနေရာမှာ နေရာယူပြီး ကာလုံအစည်းအဝေးကိုကျင်းပခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လိူင်ကို မြင့်တွေ့ရစဉ်။CINCDS

အဲဒီကာလုံအစည်းအဝေးကို ဒီနေ့ မနက် ၁၀ နာရီမှာ နေပြည်တော်မှာ ရှိတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ (တာဝန်)ကို ယူကာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီကာလုံအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နဲ့ အထူး ဖိတ်ကြားထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နဲ့ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းကာလ အတွင်းကတည်းကပင် ၆ လတစ်ကြိမ် သက်တမ်းတိုးလာတာဟာ ဒီတစ်ကြိမ် နဲ့ ဆိုရင် ၆ ကြိမ်မြောက် ရှိနေပြီလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here