Home သတင်း မောင်တောမှာ မွတ်ဆလင်အကြမ်းဖက် ARSA အဖွဲ့က ပစ်သတ်လို့ ဒေသခံအရပ်သား ငါးဦးသေ၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

မောင်တောမှာ မွတ်ဆလင်အကြမ်းဖက် ARSA အဖွဲ့က ပစ်သတ်လို့ ဒေသခံအရပ်သား ငါးဦးသေ၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

86
0
ပုံ၊စာ။ARSAတွေ ရဲ့ ပစ်ခတ်တာကို ခံခဲ့ရတဲ့ ဒေသခံတွေ စီးနင်းလိုက်ပါလာတဲ့ကားအားတွေ့ရစဉ်။CJ/

မောင်တောမြို့နယ်မြောက်ပိုင်း ကျီးကန်းပြင်ရွာအနီးမှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA အဖွဲ့က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လို့ မိသားစုဝင် ငါးဦး သေဆုံးကာ နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်သတ်ဖြတ်ခံရသူတွေဟာ ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်ကွက်ကနေ မောင်တောမြို့နယ် ကံကော်မြိုင်ရွာ မှာ စစ်ဘေးလာရှောင်နေကြသူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းမှာ ကံကော်မြိုင်ကျေးရွာကနေ မောင်တောမြို့နယ် ကြိမ်ချောင်းရွာသို့ ဈေးသွားဝယ်အသွား လမ်းမှာအခုလို ARSAရဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ အဲဒီ သတ်ဖြ တ်ခံခဲ့ရသူတွေ နဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

"ARSA တွေက ကားဘီးကိုအရင်ပစ်ပြီးတော့ ကားကိုလည်း ကျည်ရာချီ ပစ်သတ်လိုက်တာ၊ အကုန်လုံးက မိသား စုဝင်တွေ၊ တေဘာကားနဲ့ ဈေးလာဝယ်ကြတာ သူတို့က"လို့ အဲဒီနီစပ်သူက အတည်ပြုပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေမှာ ကိုဇော်ဇော်မင်း၊ ကိုအောင်မြတ်စံ ၊ကိုအောင်မျိုးစံ ၊ဦးကျော်မင်း ၊ဒေါ်စိန်လှ တို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသူ နှစ်ဦးမှာ မောင်မျိုးသန်းရှိန်၊ မောင်မောင်ချေ တို့ ဖြစ်ကြပြီး အဲဒီကားပေါ်မှာ လိုက်ပါလာသူတွေ အားလုံးဟာ မိသားစုဆွေမျိုးတွေ ဖြစ်ကြတယ်လို့လည်း အဲဒီမိသားစုနဲ့ နီးစပ်သူကပြောပါတယ်။

"အကုန်လုံး မိသားစုတွေ၊ အမျိုးတွေပါ၊ ဈေးပြန်ရောင်းဖို့ ဝယ်ကြတာ၊ ကုန်သည်တွေပေါ့"လို့သူကဆိုပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသွားတဲ့ မောင်မျိုးသန်းရှိန်၊ မောင်မောင်ချေတို့ နှစ်ဦးကို အာရက္ခတပ်တော်(AA)ရဲ့လက် အောက်ခံ ဆေးပေးခန်းတစ်ခုမှာ ဆေးကုသမှုခံယူနေရတယ်လို့ဒေသခံတွေက ပြောကြပါတယ်။

ARSA အပါအဝင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဟာ မောင်တောမြိုနယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေရှ့်နယ်စပ်တစ် လျှော က်မှာ လှုပ်ရှားမှုတွေ ရှိနေပြီး ဒေသခံအရပ်သားတွေကို မကြာခဏ သတ်ဖြတ်တာတွေလည်း ရှိနေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့မှ စစ်ရှောင် ခမီလူမျိုး ၇ ဦးကို ARSA အဖွဲ့က သတ် ဖြတ်ခဲ့တာ ရှိခဲ့ပါတယ်။အဲဒီလို အာရက္ခဒေသနေပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လုံခြုံရေးတို့ကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ ဖက်ဆစ်စစ်ကောင်စီနဲ့ အကြမ်းဖက်လက် နက်ကိုင် မူဆလင်တွေကို ထိုက်သင့်တဲ့ တုံ့ပြန်မှုမျိုးနဲ့ တုံ့ပြန်သွားမယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေ လှုပ် ရှားနေတဲ့ မောင်တောမြို့နယ်တစ်ခုလုံးနီးပါးကို AA က ထိန်းချုပ်ထားပြီး မောင်တောမြို့ပေါ် မှာ ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုသာ ကျန်တော့တာလည်း ဖြစ်ပြီး လက်ရှိမှာလည်း အာရက္ခတပ်တော် အေအေ ဟာ အဲဒီစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် မြို့သိမ်းတိုက်ပွဲကိုလည်း ဆင်နွဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here