Home သတင်း မိုးသည်းထန်စွာရွာသွန်းမှု နဲ့ လေးမြို့ မြစ်ရေ မြင့်တက်မှုကြောင့် မြောက်ဦးမြို့ ရေနစ်မြုပ်နေမှု မြင်ကွင်း

မိုးသည်းထန်စွာရွာသွန်းမှု နဲ့ လေးမြို့ မြစ်ရေ မြင့်တက်မှုကြောင့် မြောက်ဦးမြို့ ရေနစ်မြုပ်နေမှု မြင်ကွင်း

70
0

ဒီရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှု နဲ့ အတူ လေးမြို့မြစ်ရေ မြင့်တက်မှုကြောင့် ရခိုင်ပြည်အတွင်းက မြောက်ဦး၊ကျောက်တော် နဲ့ မင်းပြား မြို့နယ်တွေက ရပ်ကွက်တချို့ နဲ့ ကျေးရွာတချို့ကို သြဂုတ်လ ၂ ရက်နေ့ကတည်းကပင် ရေနစ်မြုပ်တာတွေ ဖြစ်ပွါးခဲ့ပါတယ်။

ပုံ ၊စာ ။ ဒီနေ့မနက် ပိုင်းမြောက်ဦးမြို့အတွင်းက ရပ်ကွက်တချို့ ရေနစ်မြုပ်နေမှုမြင်ကွင်း။ Thi Ri Worn Hlaing Facebook

မြောက်ဦး မြို့ပေါ်ရပ်ကွက်တွေနဲ့ ပိုးဖြူကျွန်း၊ စင်းဘောကိုင်း၊ ညောင်ပင်လှ၊ စေတီကုန်း၊ မြကျွန်း၊ ဆင်အိုးကြီး၊ ရွာမနီ၊ ရွှေထွန်းဖြူ ကျေးရွာအများစုဟာ ရေနစ်မြုပ်မှုကို ခံနေရသလို မင်းပြားမြို့နယ် အတွင်းက ခွဆုံ၊ ပွဲရကန်ဆိပ်၊ ရွှေကျန်၊ ပြင်ယောင်းစတဲ့ ကျေးရွာ တွေဟာလည်း ရေနစ်မြုပ်မှုဒဏ်တွေကို ခံနေရပြီး ကုန်းနိမ့်ပိုင်းနေရတွေမှာ ရေမြင့်တက်မှု ၉ ပေထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုံ ၊စာ ။ ဒီနေ့မနက် ပိုင်းမြောက်ဦးမြို့အတွင်းက ရပ်ကွက်တချို့ ရေနစ်မြုပ်နေမှုမြင်ကွင်း။ Thi Ri Worn Hlaing Facebook
ပုံ ၊စာ ။ ဒီနေ့မနက် ပိုင်းမြောက်ဦးမြို့အတွင်းက ရပ်ကွက်တချို့ ရေနစ်မြုပ်နေမှုမြင်ကွင်း။ Thi Ri Worn Hlaing Facebook
ပုံ ၊စာ ။ ဒီနေ့မနက် ပိုင်းမြောက်ဦးမြို့အတွင်းက ရပ်ကွက်တချို့ ရေနစ်မြုပ်နေမှုမြင်ကွင်း။ Thi Ri Worn Hlaing Facebook

အဲဒါတွေ အပြင် ကျောက်တော်မြို့နယ် အတွင်းက သရက်တပင်၊ မဟာမုနိ၊ စပါးဆိပ်၊ ကျောက်တလုံး၊ ညောင်ချောင်း အပါအဝင် ကျေးရွာ တွေမှာ နေအမြင့်ပေ ၁၀ပေထိမြင့်တက်ခဲ့တာကြောင့် ဒေသခံ ပြည်သူတွေ အနေ နဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးနေကြ ရတယ်လို့ လည်း ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း မြောက်ဦးမြို့နယ် အတွင်းမှာ ရေဆက်လက်နစ်မြုပ်နေတဲ့ ရပ်ကွက်တွေ ရှိနေပြီး ရေးဘေးသင့်ပြည်သူတွေ အတွက် အဝတ် အထည် နဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်မှုတွေ ရှိနေတယ်လို့ ဒေသခံလူမှု ကူညီရေး အဖွဲ့တွေ ပြောဆိုချက် အရသိရပါတယ်။

ပုံ ၊စာ ။ ဒီနေ့မနက် ပိုင်းမြောက်ဦးမြို့အတွင်းက ရပ်ကွက်တချို့ ရေနစ်မြုပ်နေမှုမြင်ကွင်း။ Thi Ri Worn Hlaing Facebook
ပုံ ၊စာ ။ ဒီနေ့မနက် ပိုင်းမြောက်ဦးမြို့အတွင်းက ရပ်ကွက်တချို့ ရေနစ်မြုပ်နေမှုမြင်ကွင်း။ Thi Ri Worn Hlaing Facebook
ပုံ ၊စာ ။ ဒီနေ့မနက် ပိုင်းမြောက်ဦးမြို့အတွင်းက ရပ်ကွက်တချို့ ရေနစ်မြုပ်နေမှုမြင်ကွင်း။ Thi Ri Worn Hlaing Facebook

LEAVE A REPLY

Please enter your comment!
Please enter your name here