ချင်းအမျိုးသားတပ်မတော် CNF/CNA က ဖမ်းဆီးထားတဲ့ ရက္ခိုင့်တပ်တော် အေအေ ရဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွ တ်ပေးဖို့ ချင်းညီနောင် အဖွဲ့တွေက ဒီနေ့ သြဂုတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်တောင်းဆိုလာပါတယ်။
အဲဒီ အေအေ တပ်ဖွဲ့ဝင် ၂ ဦးဟာ မတူပီးမြို့သိမ်းတိုက်ပွဲပြီးပြီးနောက် စစ်ရေးတာဝန်အရ ဒဏ်ရာရ ရဲဘော်တွေရဲ့ စာရင်းကောက်ယူဖို့ သွားတဲ့ အချိန်မှာ ချင်းအမျိုးသားတပ်မတော် CNF/CNA က လက်နက်အင်အား လူအင်အား နဲ့ ခြုံခိုဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ချင်းညီ နောင် အဖွဲ့တွေရဲ့ ထုတ်ပြန် ချက်ကဆိုပါတယ်။
အဲဒီလို ဖမ်းဆီးခံခဲ့ရတဲ့ အေအေ တပ်ဖွဲ့ဝင် ၂ ဦးကိုလည်း ချင်းအမျိုးသားတပ်မတော် CNF/CNA က မူးယစ်ဆေးဝါး နဲ့ လုံခြုံရေး ဆိုင် ရာ ကိစ္စရပ်တွေကိုအတင်းအဓမ္မလိမ်လည်ထွက်ဆိုခိုင်းပြီး ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်လွင့်နေတာတွေကိုလည်းမြင်တွေ နေရပြီး အခုလို ချင်းအမျိုးသားတပ်မတော် CNF/CNA က လုပ်ဆောင်နေတာဟာ ချင်း နဲ့ ရခိုင်ပြည်သူတွေအကြား အမုန်းပွါးအောင် လှုံ့ဆော်နေ တာဖြ စ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လက် ရှိ ချင်းအမျိုးသားတပ်မတော် CNF/CNA က အာရက္ခအစိုး အာရက္ခတပ်တော်အပေါ်မှာ ထားရှိနေတဲ့ သဘောထား နဲ့ လုပ်ရပ်တွေဟာ ချင်းပြည်သူတွေကိုကိုယ်စားမပြုသလို အခုလို ချင်းအမျိုးသားတပ်မတော် CNF/CNA ကလုပ်နေတဲ့ လုပ်ရပ်ဟာ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ တက်ကြွစွာတော်လှန်ရေး လုပ်ဆောင်နေကြတဲ့ တော်လှန်ရေးညီအစ်ကိုတွေအချင်းချင်းကြား စည်းလုံး ညီညွတ်မှုကို ထိခိုက်စေသလို ချင်းတစ်မျိုးသားလုံး ရဲ့ စည်းလုံးညီညွတ်မှုတွေကို လည်း ထိခိုက်စေပြီး ချင်းအမျိုးသားအချင်း ချင်းကြားတည်ဆောက်နေတဲ့ ယုံကြည်မှု နဲ့ အမျိုးသားစည်းလုံးညီညွတ်မှုတွေဟာလည်း နှောင့်နှေးသွားစေနိုင်တယ်လို့ ဆိုထားပါတယ်။
အာရက္ခတပ်တော် အေအေ ဟာ မြန်မာတစ်ပြည်လုံးမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့အတူ အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး အတွက် လူမျိုးမရွေး၊နေရာမရွေးဘဲ ဘဝတူ ညီနောင် အဖွဲ့အစည်းတွေ မိတ်ဖက်အဖွဲ့အစည်း တွေ နဲ့ အတူမိတ်ဆွေကောင်း အိမ်နီးချင်းကောင်းပီးသစွာ စွမ်းစွမ်းတမံတိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ချင်းအမျိုးသားတပ်မတော် CNF/CNAက ဖမ်းဆီးထားတဲ့ အေအေ တပ်ဖွဲ့ဝင် ၂ ဦးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွတ်ပေးဖို့ လိုအပ်သလို နောက်နောင်မှာလည်း တော်လှန်ရေး အဖွဲ့အစည်းတွေ အကြားမှာ အခုလို လုပ်ရပ်တွေကို ထပ်မံမလုပ်ဆောင်ဖို့ ချင်းညီနောင် အဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။