
မာန်အောင်မြို့နယ်မှာ စစ်ကောင်စီက စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို လစာထုတ်ပေးပြီး ဖြစ်ပေမယ့် တခြား ဝန်ထမ်းတွေကို စစ်ကောင်စီက လစာထုတ်ပေးတာ မရှိသေးဘူးလို့ မာန်အောင်မြို့နယ် အတွင်းက ဝန်ထမ်း တွေဆီက သိရပါတယ်။
စစ်တပ်၊ရဲ နဲ့ မီးသတ်ဌာနတွေကို စစ်ကောင်စီက ဇူလိုင်လ လစာကို ထုတ်ပေးပြီး ဖြစ်ပေမယ့် ပညာရေး ဝန်ထမ်း အပါအဝင် တခြားဌာနဆိုင်ရာဝန်ထမ်းတွေကိုတော့ လက်ရှိအချိန်ထိ လစာထုတ်ပေးတာ မရှိသေး ဘူးလို့ မာန်အောင်မြို့နယ် အတွင်းက ဝန်ထမ်းတစ်ဦးကပြောပါတယ်။
“ရဲ ၊စစ်တပ် နဲ့ မီးသတ်ဌာနတွေကိုတော့ ထုတ်ပေးပြီးပြီလစာတွေက အခုမရသေးတာက ပညာရေးဝန်ထန်းတွေ ဆိုရင် လုံးဝမရသေးဘူး။တခြားဌာနဆိုင်ရာတွေမှာလည်း လာစာမရသေးတဲ့ ဌာနဆိုင်ရာတွေ အများကြီး ရှိနေသေးတယ်လို့ ” သူကပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ လကတည်းကပင် ဝန်ထမ်းတချို့ကို ထောက်ပံ့စရိတ်လို့ သတ်မှတ်ပေးထားတဲ့ အိမ်ငှားခ၊ ဘွဲကြေး၊အုပ်ချုပ်ခ၊ ရှားပါးစရိတ် စတဲ့ အရာတွေကို လည်း ဖြတ်တောက်ထားခဲ့တာ ရှိခဲ့တယ်လို့ ပညာရေးဝန်ထမ်းတွေကပြောပါတယ်။
လက်ရှိမှာလည်း လစာ ရမရဆိုတာ သေချာမှု မရှိသေးဘူးလို့ လည်း ပညာရေးဝန်ထမ်း တစ်ဦးကပြောပါတယ်။
“လစာ ရမရ ဆိုတာကတော့ မသေချာဘူး။ပေးမယ်လို့တော့ ပြောသံတော့ကြားတယ် အဓိက ပညာရေး ဝန်ထမ်း တော်တော်များများက လစာကို မျှော်ပြီး အလုပ်သွားနေကြတာတော့ မဟုတ်တော့ဘူး။ကလေးတွေ ပညာရေး အတွက် သွားနေကြတာ သူတို့ ပေးတဲ့ လစာကလည်း ဆိုင်ကယ်ဆီဖိုးတောင် ကာမိတာ မဟုတ်ဘူး။ဒါပေမယ့် မရရင်တော့ တချို့ဝန်ထမ်းတွေ အတွက် ခက်ခဲမှု ရှိမှာ သေချာတယ်လို့” သူကေ ပြာပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မှာ စစ်ကောင်စီဟာ တိုက်ပွဲ ဖြစ်ပွါးတာ မရှိသေးတဲ့ မြိုနယ်တွေက စာသင်းကျောင်းတွေကို အတင်းဖိအားပေးဖွင့်ခိုင်းတာတွေကို လုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီက အခုလို ပြည်သူ့ဝန်ထမ်းတွေကို လစာ မပေးပဲ စစ်ဝန်ထမ်းတွေကိုသာ လစာပေးနေတာတွေကို လုပ်ဆောင်လာနေတာ လည်း ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီဟာ မာန်အောင်မြို့နယ် အတွင်းကို စားသောက်ကုန်သယ်ယူရေးကိစ္စတွေကို တားမြစ်ကန့်သတ်ထားဒါကြောင့် ကုန်းဈေးနူန်းတွေ နှစ်ဆမြင့်တက်မှု ဒဏ်တွေကို အပြင်းအထန် ခံစားနေကြရတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရခိုင် တပြည်လုံးကို လက်လွတ်ဆုံးရှုံးရမယ့် အခြေအနေမျိုးတွေကို ရောက်ရှိလာတဲ့ အချိန်မှာ သူတို့ကိုယ်တိုင်ဖိအားပေး ဖွင့်လှစ်ထားတဲ့ ပညာရေးဝန်းထမ်းတွေကို လစာဖြတ်တောက်တာတွေကို ဆက်တိုက်လုပ်ဆောင်လာနေတာလည်းဖြစ်တယ်လို မာန်အောင်ဒေသခံတွေကြားမှာ ပြောဆိုမှုတွေလည်း ရှိနေကြပါတယ်။
ရခိုင်ပြည်နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေ တို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးနေ တာကြောင့် ရခိုင်မြိုနယ်တော်တော်များများက ကလေးငယ်တွေဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရလို အာရက္ခတပ်တော်အေအေ က အပြီးသတ်သိမ်းပိုက်ထားတဲ့ မြိုတွေမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ရန်ကိုစိုးရိမ်ရတာကြောင့်ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေကြရပါတယ်။