Home သတင်း စစ်ကောင်စီရွေးကောက်ပွဲကို ထိုင်းအစိုးရ ကူညီမယ်လို့ဆို

စစ်ကောင်စီရွေးကောက်ပွဲကို ထိုင်းအစိုးရ ကူညီမယ်လို့ဆို

88
0
ပုံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံစဉ်။မြန်မာ့အလင်း။

စစ်ကောင်စီကကျင်းပဖို့ ပြောဆိုနေတဲ့ ၂၀၂၅ ရွေးကောက်ပွဲကို ထိုင်းအစိုးရအနေ နဲ့ ကူညီဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေတွေကို ကူညီဆောင်ရွက်ပေးသွားဖို့ ရှိနေတယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင် တို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mongkol Visitstump တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ နေပြည်တော်မှာ ရှိတဲ့ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ရုံး မှာတွေ့ဆုံစဉ် ထိုင်းသံအမတ်က ရွေးကောက်ပွဲ နဲ့ပတ်သ က်ပြီး ပြင်ဆင်ဆောင်ရွက်နိုင်ရေး နဲ့ ထိုင်းဘက်က ကူညီ ပေးနိုင်မယ့် အခြေအနေတွေကို မေးမြန်းပြီး အခုလို ကူညီမယ့် ကိစ္စတွေကို ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိထိုင်းအနေ နဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ ကူညီပေမယ့် မြန်မာ နိုင်ငံအတွင်းမှာ စစ်ကောင်စီ လုပ်ဆောင်နေသလို ရွေးကောက်ပွဲကြီးက ဖြစ်လာမှာ မဟုတ်ဘူးလို့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်( ALD )ပါတီ ရဲ့ ကိုယ်စားလှယ်လောင်း အဟောင်း တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

“ရွေးကောက်ပွဲက မဖြစ်နိုင်ဘူး။အဲဒီစစ်ကောင်စီရွေးကောက်ပွဲလုပ်မယ့် အချိန်က မြန်မာ တစ်နိုင်ငံလုံး စစ်ဖြစ်နေတဲ့ အခြေအနေကို ရောက်နေမှာ သေချာတယ်။ထိုင်းဘက်က အခုလို ရွေးကောက်ပွဲကျင်းပတဲ့ နေရာမှာ ကူညီမယ်ဆိုတော့ ထိုင်းအနေနဲ့ စစ်ကောင်စီကို အစိုးရလို့ သတ်မှတ်ထားလို့ကူညီတာ ဖြစ်တယ်။ဒီရွေးကောက်ပွဲကလည်း စစ်ကောင်စီအတွက် အသက်ရှုရှောင်စေမယ့် အရာတစ်ခု ဖြစ်နေတော့လို့” သူကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီ အနေနဲ့ ရွေးကောင်ပွဲ ပြုလုပ်နိုင်မယ် မဆိုထားနဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွေ တောင် ကောက်ယူနိုင်ဖို့ တော်တော် ခက်ခဲမှာ ဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုကြပါတယ်။စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်အတွင်း ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ ထိုင်းအနေ နဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ကူညီတာဟာလည်း လူ့အခွင့်အရေးအရသာ ကူညီရတာလို့ တွေ့မြင်ရပြီး ရွေးကောက်ပွဲ တစ်ခုလုံးကို လက်မခံ မခံ ဆိုတဲ့ အနေအထားဟာ မြန်မာ ပြည်သူတွေ နဲ့သာ သက်ဆိုင်တာကြောင့် ထိုင်းက ကူညီပေမယ့် ရွေးကောက်ပွဲ အတွက်က ပြည်သူလက်မခံ ရင်ဘာမှထူးခြားလာမှာ မဟုတ်ဘူးလို့ အမည် မဖော်လိုသူ နိုင်ငံရေး သမားဟောင်း တစ်ဦးကသုံးသပ်ပြောဆိုပါတယ်။

“ထိုင်းအနေ နဲ့ ရွေးကောက်ပွဲကို ကူညီတယ်ဆိုတာကလည်း မြန်မာနိုင်ငံက ရွေးကောက်ပွဲ ကျင်းပမယ် ပြောတာကို ငါလက်မခံဘူလို့ မှ ပြောမရတာ။ရွေးကောက်ပွဲ ဆိုတာကလည်း လုူ့အခွင့်အရေး နဲ့ဆိုင်တာကို ။ သူတို့လည်း သူတို့ကူညီနိုင်တာကို ကူညီမယ် ပြောမှာပဲ မကူညီနိုင်ဘူးဘာညာ တော့ ပြောလို့ မှမရတာ။ဒါပေမယ့် ရွေးကောက်ပွဲ တစ်ခုလုံးက မြန်မာပြည်သူတွေ လက်ခံမှ ရမှာ အဓိက မြန်မာ ပြည်သူတွေ နဲ့ဆိုင်တယ်လို့” သူက သုံးသပ်ပြောဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့ပေါင်း ခုနစ်ဆယ်နီးပါးကို စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ လက်လွတ်ဆုံးရှုံးထားရပြီး လက်ရှိမှာ စစ်ကောင်စီ အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အပြင်းအထန် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here