Home သတင်း မောင်တောက စစ်ကောင်စီလက်ကျန်စခန်းတွေအပြင် အကြမ်းဖက်သမားတွေ နဲ့ အကြမ်းဖက်အဖွဲ့တိုင်းကို တိုက်ခိုက်သွားမယ်လို့ အေအေထုတ်ပြန်

မောင်တောက စစ်ကောင်စီလက်ကျန်စခန်းတွေအပြင် အကြမ်းဖက်သမားတွေ နဲ့ အကြမ်းဖက်အဖွဲ့တိုင်းကို တိုက်ခိုက်သွားမယ်လို့ အေအေထုတ်ပြန်

73
0
ပုံ၊စစ်ကောင်စီက သင်တန်းပေးနေတဲ့ အစွန်းရောက်မွတ်ဆလင်အားတွေ့ရစဉ်။အွန်လိုင်း။

အာရက္ခတပ်တော် အေအေ အနေ နဲ့မောင်တောမြို့နယ် အတွင်းက စစ်ကောင်စီရဲ့ လက်ကျန် စစ်စခန်းတွေ အပါအဝင် ဘာသာရေး၊လူမျိုးရေးမျိုးရေး အကြမ်းဖက်ဝါဒတွေ ခေါင်းမထောင်လာနိုင်အောင် အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အဖွဲ့တိုင်းကို ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ဒီနေ့မှာ သတင်း ထုတ်ပြန်လာပါတယ်။

ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေက စစ်ကောင်စီ စစ်ကောင်စီထိန်းချုပ်ထားရာနေရာတွေမှာ လူမျိုးရေး ၊ဘာသာရေး အမုန်းတရားတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်တာ၊လက်ကမ်းစာစောင်တွေ ဖြန့်တာ ၊ကပ်တာတွေကိုလည်း လုပ်ဆောင်နေတာတွေ ရှိနေပြီး မွတ်ဆလင်မဟုတ်တဲ့ လူနည်းစု မျိုးနွယ်စုတွေ ဖြစ်တဲ့ ခမီ၊မြို နဲ့ ဟိန္ဒူလူမျိုးတွေသာမက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုကြတဲ့ မွတ်ဆလင်တွေ ကိုပါ ဘာသာရေးအစွန်းရောက်တွေက သတ်ဖြတ်တဲ့ အန္တရာယ်တွေကို ပိုမိုရင်ဆိုင်လာနေကြရတယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်နဲ့မောင်တောဒေသတွေမှာ ရှိနေကြတဲ့ မျိုးနွယ်စုတွေ နဲ့ ဒေသခံပြည်သူတွေဟာ မွတ်ဆလင်အကြမ်းဖက်သ မားအုပ်စု ၊စစ်ကောင်စီသင်တန်းဆင်းလက်နက်ကိုင်မွတ်ဆလင်တွေ နဲ့ မွတ်ဆလင်ရာဇဝတ်လူဆိုဂိုဏ်းတချို့ရဲ့ အကြမ်းဖက် အန္တရာယ်ကို ပိုမို ရင်ဆိုင်လာနေရတယ် ဆိုထားပါတယ်။

အဲတာကြောင့် အာရက္ခပြည်မှာ နေထိုင်နေတဲ့ ပြည်သူတွေရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာတွေကို အာရက္ခတပ်တော် အေအေ အနေ နဲ့ အပြည့်အဝ ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုထားပါတယ်။

“"မောင်တောဒေသအတွင်းရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းနေရာများအားလုံးကို အပြီးသတ်သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည့်အပြင် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်ရန်အတွက်လည်း အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့တိုင်းကို ချေမှုန်းတိုက်ခိုက်သွားမယ်လို့” အေအေရဲကထုတ်ပြန်ချက်က ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီထိန်းချုပ်ထားရာနေရာတွေမှာ လူမျိုးရေး ၊ဘာသာရေး အမုန်းတရားတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်တာ၊ လက်ကမ်းစာစောင်တွေ ဖြန့်တာ ၊ကပ်တာတွေကိုလည်း လုပ်ဆောင်နေတာတွေ ရှိနေပြီး စစ်ကောင်စီက အခုလို လုပ်ဆောင်နေတာဟာ ULA/AA နဲ့ အာရက္ခပြည်သူ တစ်ရပ်လုံးကို လူမျိုးရေး၊ဘာသာရေး ၊ နိုင်ငံရေး ထောင်ချောက်ထဲကို သက်ဆင်းသွားအောင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ လည်း အေအေ က ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here