ရခိုင်က မြို့နယ် ၄ ခုက မွတ်ဆလင်တွေ နဲ့ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းက မွတ်ဆလင် တွေ လူသစ်စုဆောင်းကာ အကြမ်းဖက်စ စ်သင်တန်းပေးနေတာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် အေအေ ကထုတ်ပြန် ပြောဆိုထားပါတယ်။
အေအေ ရဲ့ထုတ်ပြန်ချက်ထဲမှာ” စစ်ကောင်စီဟာ မောင်တော၊ဘူးသီးတောင်၊စစ်တွေ နဲ့ ကျောက်ဖြူ ဒေသမှာ ရှိတဲ့ မွတ်ဆလင်တွေကို လူသစ်စုဆောင်းပြီးအကြမ်းဖက်သင်တန်းတွေ ပေးတာ၊ RSO ၊ ARSA ၊ ARA အဖွဲ့တွေကလည်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်း တွေက မွတ်ဆလင်တွေကို လူသစ်စုဆောင်းပြီး အကြမ်းဖက်စစ်သင်တန်းပေးတာဆက်တိုက်လုပ်နေတယ်လို့”ဆိုပါတယ်။
အဲဒီလိုစစ်ကောင်စီက အကြမ်းဖက် သင်တန်းတွေ ပေးထားတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲတွေမှာ အသုံးပြုတာ တွေ အပြင် လူသတ်တာ၊ လုယက်တာ၊ ဓါးပြတိုက်တာ ၊ပြန်းပေးဆွဲတာ ၊ငွေညှစ်တာ၊မြို့ရွာ တွေထဲက လူနေအိမ်အဆောက်အ အုံတွေကိုဖျက်ဆီးတာ၊မီးရှို့တာ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာ၊လက်နက်တွေနဲ့ ခြိမ်း ခြောက်တာ၊ ချောင်းမြောင်းပစ်ခတ်တာနဲ့ မိုင်း ထောင်တာတဲ့နေရာတွေမှာလည်း အသုံးပြုတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒါတွေ အပြင် ဘူးသီးတောင် ၊ မောင်တောမြို့နယ်တွေ နဲ့ ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ် တစ်လျှောက်မှာမွတ်ဆလင်လ က်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ RSO ၊ ARSA ၊ ARA နဲ့ စစ်ကောင်စီသင်တန်းဆင်းပြီး လက်နက်တပ်ဆင်ပေးထားတဲ့ မွတ်ဆလင်တက်နက်ကိုင်တွေ နဲ့ အစ္စလာမ်မစ်အကြမ်းဖက်သမားအုပ်စုငယ်အချို့ဟာ့ ပြန်ပေးဆွဲ၊လူသတ်၊ခိုးဆိုး လုယက်နေကြ တဲ့ မွတ်ဆလင်လူဆိုးဂိုဏ်းတွေနဲ့လည်း စစ်ကောင်စီတပ်တွေ ပူးပေါင်းကာ လုပ်ဆောင်နေတာတွေလည်း ရှိနေတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီက အကြမ်းဖက် သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေ နဲ့ ဘာသာရေး အစွန်းရောက် အစ္စလာမ် အဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေရဲ့ မြောက်ပင့်ထားတာကြောင့် မောင်တောအနီးတဝိုက်မှာ က နေရာတွေမှာ ဘယ်လိုအကြမ်းဖက်မှုတွေကို မဆို ကျူးလွန်ခွင့် လိုင်စင်ရထားသလို ဆက်တိုက်ကျူးလွန်တာတွေကိုလည်းတွေ့နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ မွတ်ဆလင်တွေကို လက်သပ်မွေးထားပြီး အေအေ ရဲ့ ထိုးစစ်ကို မခံနိုင်လို့ စစ်ကောင်စီတပ်တွေ ထွက်ပြေးတဲ့ နေရာတွေမှာ အဲဒီမွတ်ဆလင်တွေရဲ့ ပိုင်ဆိုင်တဲ့ စက်လှေတွေ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖက်ပို့ဆောင်တာတွေ ရှိသလို စစ်ကောင်စီအတွက် လက်နက် ၊ခဲယမ်း၊ရိက္ခာ ၊စစ်အင်းအားတွေ ပို့ဆောင်တဲ့ နေရာတွေ မှာလည်း အသုံးပြုတာတွေ ရှိနေတယ်လို့ ဆိုထားပါတယ်။
ပုံ ၊ စစ်ကောင်စီက အကြမ်းဖက်စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်များတွေ့ရစဉ်။ပုံဟောင်း။