(မိသားစု တစ်စုကို အိမ်ပြန်ခရီးစရိတ်ငွေ ၅၀၀၀၀ ကျပ်ထောက်ပံ့ပေးအပ်)
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့နယ်အတွင်းက လက်နက်ချ အညံခံလာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစု ၃၆၀ ကျော်ကို သြဂုတ်လ ၆ ရက်နေ့မှာ MNDAA တပ်က မိသားစု တစ်စုကို ငွေ ၅၀၀၀၀ ကျပ်စီထောက်ပံ့ကာ ပြန်လည်းလွတ်ပေးခဲ့တယ်လို့ MNDAA ကသတင်းထုတ်ပြန်လာပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ဟာ MNDAA ဆီမှာ လက်နက်ချ အညံ့ခံခဲ့တာ ဖြစ်ပါတယ်။အဲဒီလို လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲကတွေကို မဟာမိတ်တပ်တွေရဲ့ ပြောင်းရွေ့ခဲ့ပြီးနောက် သြဂုတ်လ ၆ ရက်နေ့မှာ တပ်မိသားစုဝင်တွေအားလုံး ဘေးကင်းလုံခြုံစွာ နဲ့ နေရပ်ပြန်နိုင်ဖို့အတွက် MNDAA က လုပ်ဆောင်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် တပ်မိသားစုဝင်တွေရဲ့ လမ်းခရီးစရိတ်အနေနဲ့လည်ူ မိသားစု တစ်စုကို ကျပ်ငွေ ၅၀၀၀၀ ကျပ်စီ MNDAAက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က MNDAA တပ်ဖွဲ့တွေဟာ လားရှိုးစစ်ဆေးရုံမှာ ဆေးဝါးကုသနေတဲ့ တပ်ဖွဲ့ဝင်တွေ နဲ့မိသားစုဝင်တွေကို ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲ ပြောဆိုမှုတွေ လည်းရှိခဲ့ပါတယ်။