Home သတင်း ဂွက စစ်ကောင်စီရုံးတွေကို ရေကြည်မြို့နယ်သို့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေ

ဂွက စစ်ကောင်စီရုံးတွေကို ရေကြည်မြို့နယ်သို့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေ

66
0

ဂွမြို့နယ် အတွင်းက ရုံးတွေကို စစ်ကောင်စီက ဧရာဝတီတိုင်း မှာရှိတဲ့ ရေကြည်မြို့နယ် အတွင်းကို အရေးပေါ်ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေတာတွေ ကို ပြင်ဆင်နေတယ်လို့ ဂွမြို့နယ်အတွင်းက စစ်ကောင်စီအစိုးရ အဖွဲ့တွေ နဲ့ နီးစပ်သူတွေကပြောပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ ဖြစ်ပွါးနေတဲ့ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်အေအေ တို့ရဲ့ တိုက်ပွဲတွေဟာ ဂွမြို့နယ်အတွင်းကိုပါ နီးကပ်လာနေတာကြောင့် စစ်ကောင်စီတပ်တွေ အနေ နဲ့ ဂွမြို့နယ်အတွင်းက စစ်ကောင်စီရုံးတွေကို ဧရာဝတီတိုင်း မှာရှိတဲ့ ရေကြည်မြို့နယ် အတွင်းကို ပြောင်းရွှေ့ဖို့လုပ် ဆောင်နေတာ ဖြစ်တယ်လို့ စစ်ကောင်စီအစိုးရအဖွဲ့ နဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

“စစ်ကောင်စီက ရုံးတွေကို ရေကြည်ကို ပြောင်းဖို့ အဆင်သင့်လုပ်ဆောင်နေတယ်။ကျောင်းဆရာမ တချို့တွေကတော့ပြောင်းနေပြီ။ကျန်တဲ့ ဌာနဆိုင်ရာ တချို့တွေလည်း ပြောင်းနေကြတာတွေ တော့ ရှိနေတယ်။အဓိကတော့ ဂွကို တိုက်ပွဲတွေနီးကပ်လာလို့ ပြောင်းနေတာဖြစ်တယ်လို့”သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာလည်းဂွမြို့နယ် အတွင်းမှာ စစ်အင်အားတိုးချဲ့တာတွေ ရှိနေသလိုစစ်ဆေးရေးဂိတ်တွေကိုလည်း တင်းကြပ်စွာ စစ်ဆေးတာတွေ ရှိနေပြီး ဒေသခံ စစ်ဘေးရှောင်တွေကိုလည်း ဖမ်းဆီးတာတွေကို လုပ်ဆောင်တာတွေ ရှိနေတယ်လို့ ဂွဒေသခံတွေကပြောပါတယ်။

“ဒီရက်ပိုင်းမှာတော့စစ်ကောင်စီက တပ်အင်အားဖြည့်တာတွေလည်းဆက်တိုက်ရှိနေတယ်။နောက်ပြီးတော့ အရင်ကထက် စစ်ဆေးမှုတွေကလည်းကြမ်းတယ် ဖမ်းဆီးတာတွေကိုလည်း လုပ်လာတယ်။ဝန်ထမ်းတွေဆိုရင်လည်း သူတို့ ပြောတဲ့စကားတွေကို မလိုက်နာရင် ဖမ်းဆီးတာတွေ ဖမ်းဝရမ်းထုတ်တာတွေကို စစ်ကောင်စီဖက်က လုပ်လာတယ်”လို့သူကပြောပါတယ်။

သံတွဲမြို့နယ်အတွင်းက သူတို့စခန်းတွေကို လက်လွတ်ဆုံးရှုံးလာရတဲ့ စစ်ကောင်စီတပ်တွေဟာလည်း ဂွမြို့နယ် အတွင်းကို တပ်ဆုတ်လာတာတွေ ရှိနေပြီး ချင်းကွင်း၊ကသိုင်းကွင်း၊ကျိန္တလီ နဲ့ ကုလားပြင်ကျေးရွာတွေမှာတပ်စွဲနေထိုင်နေတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒါတွေအပြင် အဲဒီလို တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်တွေ ဟာ ဂွမြို့နယ် နဲ့ ကျိန္တလီမြို့အတွင်းက နေရာအများစုမှာ မိုင်းထောင်တာတွေ ကိုလည်းလုပ်ဆောင်တာတွေ ရှိနေတယ်လို့ လည်း ဒေသခံတွေဆီက သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here