Home သတင်း မာန်အောင်မြို့နယ်အတွင်းက သစ်ပုံကျေးရွာမှာ စစ်ကောင်စီတပ်သားအများအပြား တပ်စွဲထား

မာန်အောင်မြို့နယ်အတွင်းက သစ်ပုံကျေးရွာမှာ စစ်ကောင်စီတပ်သားအများအပြား တပ်စွဲထား

86
0

မာန်အောင်မြို့နယ်အတွင်းက သစ်ပုံကျေးရွာမှာ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီရက်ပိုင်းအတွင်း တပ်စွဲနေထိုင်နေတာတွေ ရှိနေတယ်လို့ သစ်ပုံကျေးရွာ ဒေသခံတွေကပြောပါတယ်။

အဲဒီလို တပ်စွဲနေထိုင်နေကြတဲ့ စစ်ကောင်စီတပ်တွေဟာ သစ်ပုံကျေးရွာ အတွင်းက ဘုန်းတော်ကြီးကျောင်းနဲ့ သစ်ပုံရဲကင်းစခန်းအပါအဝင် ရပ်ကွက်အများစု မှာ တပ်စါြနေထိုင်နေကြတာ ဖြစ်တယ်လို့ သစ်ပုံကျေးရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ ၃ရက်လောက်ရှိပြီ အင်အားကတော့ ရာဝန်းကျင်လောက်ရှိမယ်။ဘုန်းကြီးကျောင်းမှာနေတာတွေလည်းရှိတယ်။ပြီးတော့ရဲကင်းစခန်းမှာ နေတာတွေလည်း ရှိတယ်။ပြီးတော့ ရပ်ကွက်တော်တော်များများမှာလည်းကင်းပုန်းဝပ်တာတွေ ရှိတယ်။မာန်အောင်မှာကတော့ အေးဆေးပါ ဒါပေမယ့် ဘာကြောင့် အခုလို တပ်စွဲနေထိုင်နေတာလဲဆိုတာကိုတော့ ကျနော်တို့လည်း မသိဘူးလို့ ” သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ သစ်ပုံကျေးရွာ အတွင်းမှာ မကြာခဏဆိုသလို တပ်စွဲနေထိုင်လေ့ရှိပြီး ကျေးရွာအတွင်းက နေအိမ်တွေကိုလည်း ညဘက်အချိန်တွေမှာ မကြာခဏဆိုသလို ဝင်ရောက်စစ်ဆေးတာတွေ လည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်တွေက အခုလို ကျေးရွာအတွင်းမှာ လာရောက်တပ်စွဲနေထိုင်စဉ်မှာ စစ်မှုထမ်းဝင်ရောက်ကြဖို့ တိုက်တွန်းနိူးဆော်တာ နဲ့ ဖိအားပေး ခြိမ်ခြောက်တာ အေအေ နဲ့ ဆက်စပ်ပြီး ဖမ်းဆီးမေးမြန်းစစ်ဆေးတာတွေ ရှိတာကြောင့် ကျေးရွာအတွင်းက လူငယ်အများစုဟာ စစ်ကောင်စီက ကျေးရွာအတွင်းတပ်စွဲနေထိုငနေစဉ်မှာ ရှောင်တိမ်းနေကြတာတွေလည်း ရှိတယ်လို့ သစ်ပုံဒေသခံတစ်ဦးကပြောပါတယ်။

“စစ်ကောင်စီက ကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်ကြပြီဆိုရင် စစ်မှုထမ်းကိစ္စနဲ့ ဖိအားပေးတာတွေ မဝင်မဖြစ်ဝင်ရမယ်ဆိုပြီး ဖိအားပေးခြိမ်းခြောက်တာတွေကို အမြဲလုပ်တယ်။ပြီးတော့ လူငယ်တချို့ကို အေအေေ နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယ နဲ့ အမြဲဖမ်းဆီးစစ်ဆေးတာတွေ ရှိတယ်။အဲဒီလိုလုပ်တော့ လူငယ်အများစုက သူတို့ ရွာမှာ တပ်စွဲ လာပြီးဆိုရင် ကြောက်ပြီးတော့ ရွာက ထွက်သွားရတာတွေရှိတယ်လို့”သူကပြောပါတယ်။

အဲဒါတွေအပြင် စစ်ကောင်စီတပ်သားတွေ ကျေးရွာအတွင်းမှာ တပ်စွဲလာရောက်နေထိုင်ကြတဲ့ အခါတိုင်းမှာ ေးသခံပြည်သူတွေဟာ စိုးရိမ်တကြီး နဲ့ ကြောက်ရွံ့စွာနေထိုင်နေကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

သစ်ပုံကျေးရွာဟာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်မှုထမ်းခေါ်ယူချိန်မှာ ပြည်သူတွေ အနေ နဲ့ စစ်မှုထမ်းကိစ္စကို မလိုလားဆိုတဲ့ ဆိုင်ဘုတ် ကပ်ခဲ့တာကြောင့် သစ်ပုံ ကျေးရွာအတွင်းမှာ ရှိတဲ့ ရပ်ကွက် ၃ ခုက နေအိမ်တွေကို ချက်ခြင်းပြောင်းရွေ့ကြဖို့ စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်ခံထားတဲ့ ကျေးရွာ တစ်ခုလည်းဖြစ်ပါတယ်။

အဲဒါတွေအပြင် အေအေကို မထောက်ခံကြောင်း နဲ့ အေအေကို ထောက်ပံ့တာတွေ မလုပ်ကြောင်း ခံဝန်ကတိထိုးထားရတဲ့ ကျေးရွာ တစ်ခုလည်း ဖြစ်ပါတယ်။

မာန်အောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့အာရက္ခတပ်တော် အေအေတို့ဟာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးတာမရှိပေမယ့် စစ်ကောင်စီကတော့ မာန်အောင်မြို့နယ်အတွင်းကို စစ်လက်နက်ရိက္ခာဖြည့်တင်းတာ၊စစ်အင်အားတိုးချဲ့တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here