မောင်တောမြို့သိမ်းတိုက်ပွဲ နဲ့အတူ အာရက္ခတပ်တော် အေအေဟာ စစ်ကောင်စီက လူသားဒိုင်းကာ အနေ နဲ့ ဖမ်းဆီး ထားတဲ့ အရပ်သားပြည်သူ နှစ်သောင်းနှီးပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သြဂုတ်လ ၁၈ ရက်နေ့မှာ အေအေ က သတင်းထုတ် ပြန်လာခဲ့ပါတယ်။
မောင်တောမြို့ အတွင်းမှာ အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တွေဟာ သြဂုတ်လ ၄ ရက်နေ့မှာ နှစ်ဖက်တို က်ပွဲတွေ ပိုမိုပြင်းထန်လာပြီးနောက် မြို့တွင်းက စစ်ကောင်စီဓားစာခံ အဖြစ်ဖမ်းဆီးခဲ့တဲ့ ပြည်သူ နှစ်သောင်းနီးပါးကို အေအေ ကကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုအာရက္ခတပ်တော် အေအေက ကယ်ထုတ်လာတဲ့ အထဲမှာ နိုင်ငံတကာအဖွဲ့အစည်းတချို့ရဲ့ ဝန်ထမ်း တွေ နဲ့ မိသားစုဝင်တွေလည်း ပါဝင်တယ်လို့ အေအေ ရဲ့ ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။
”မောင်တောမြို့အား နေရာအနှံ့မှ ဝန်းရံပိတ်ဆို့ပြီးနောက်တွင် မြို့တွင်းထိုးစစ်ဆင်တိုက်ခိုက်မှုအား မိမိတို့မှ အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့သောကြောင့် သြဂုတ် (၄) ရက်နေ့နောက်ပိုင်းမှစ၍ မြို့တွင်းတိုက်ပွဲများမှာ ပိုမိုပြင်းထန် လာခဲ့သည်။ မြို့တွင်းတိုက်ပွဲများ ကျယ်ပြန့်လာသောကြောင့် စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရသော မောင်တောဒေသခံ ပြည်သူ နှစ်သောင်း (၂၀၀၀၀) နီးပါးအား အာရက္ခတပ်တော်မှ မြို့တွင်းတိုက်ပွဲများကြား၌ ကယ်ထုတ်ထားခဲ့ပြီးဖြစ်သည်။ ကယ်ထုတ်လာနိုင်သော သူများထဲတွင် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ခဲ့သည်။ မိမိတို့အနေဖြင့် မောင်တောမြို့အတွင်း ပိတ်မိနေသောသူများကို ဆက်လက်ကယ်တင်နိုင်ရန် တိုက်ပွဲများကြားထဲမှ ဆက်လက် ကြိုးပမ်းလျက်ရှိ နေတယ်လို့”ဖော်ပြထားပါတယ်။

ခုခံစစ်အဆင်ဆင့် နဲ့ ပြင်ဆင်ထားတဲ့ စစ်ကောင်စီတပ်တွေဟာ မောင်တောမြို့က ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ နဲ့ ကညင်တန်း ရပ်ကွက် အပါအဝင် ရပ်ကွက်တွေထဲက စစ်ရေးအရ အရေးပါပြီး အချက်အချာကျတဲ့ အထပ်မြင့် အဆောက်အအုံ၊ တိုက်တာအိုးအိမ်၊စာသင်ကျောင်းတွေ အပါအဝင် အခြားနေရာတွေကိုပါ စစ်ကောင်စီတပ် တွေက ခုခံစစ်ဆင်နွဲဖို့ အတွင် စစ်စခန်းတွေ အဖြစ် အသုံးပြုနေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်အေအေ အနေနဲ့ မောင်တောမြို့သိမ်းတိုက်ပွဲ အတွင်း မောင်နီရွာမှာရှိတဲ့ စစ်ကောင်စီ ရဲစခန်းကို သြဂုတ်လ ၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သလို ဟော်ရီတူလာရွာရှိ စစ်ကောင်စီရဲ့စစ်စခန်းကိုလည်း သြဂုတ် (၆) ရက်နေ့မှာ သိမ်းပိုက်ရယူနိုင်ပါတယ်။ဒါ့အပြင် မောင်တောမြို့၊ (၃) မိုင် ကိုလည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) နေ့တွင် သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ အေအေ ကအတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။