ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့မောင်တောမြို့နယ်အတွင်းကမွတ်ဆလင်အများအပြားသေဆုံးရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အေအေရဲ့ပထမဆုံးဆန်းစစ်ချက် အစီရင်ခံစာတစ်စောင်ကို သြဂုတ်လ ၂၁ ရက်နေ့မှာတရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။
အဲဒီအစီရင်ခံစာကို ULA/AAရဲ့ သုတေသန အဖွဲ့တွေက သုံးသပ်ရေးသားထားတာဖြစ်ပြီး ဒီအစီရင်ခံစာရဲ့ အဓိကရည်ရွယ်ချက်ကတော့ မောင်တောမြို့အနီးမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေ နဲ့ သက်ဆိုင်တဲ့ အခြေခံအချက်အလက်တွေကိုမှတ်တမ်းတင်တာ၊အချက်အလက်စစ်ဆေးတာ၊ပကတိဖြစ်ရပ်မှန်အခြေအနေေ တွေကို ခွဲခြမ်းစိတ်ဖြာတာနဲ့ ဖြစ်ရပ်အပေါ်မှာ ကျူးလွန်နိုင်ခြေရှိသူ ပါဝင်ပတ်သက်နိုင်ခြေရှိသူတွေကို သုတေသနရှုထောင့်မှ စိစစ်လေ့လာတင်ပြတာဖြစ်တယ်လို့ ဆိုပါတယ်။



ဒါ့အပြင် ဒီအစီရင်ခံစာဟာ ဖြစ်ပျက်နေတဲ့မြေပြင်ဖြစ်ပျက်မှု နဲ့ ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုအထိကို နားလည်း သဘောပေါက်လာနိုင်မှာ ဖြစ်ပြီး ကျူးလွန်ခံရသူတွေအတွက် အမှန်တရား နဲ့ တရားမျှတမှု ရှာဖွေဖော်ထုတ်တဲ့ နေရာမှာလည်း အထောက်အကူပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။











