Home သတင်း မောင်တောမြို့ကို မကြာခင်သိမ်းပိုက်နိုင်တော့မယ်လို့ အေအေထုတ်ပြန်

မောင်တောမြို့ကို မကြာခင်သိမ်းပိုက်နိုင်တော့မယ်လို့ အေအေထုတ်ပြန်

91
0
ပုံ၊AA Info Desk

အာရက္ခတပ်တော် အေအေက မြို့သိမ်းတိုက်ပွဲဆင်နွဲနေတဲ့ မောင်တောမြို့ကို မကြာခင်သိမ်းပိုက်နိုင်တော့မှာ ဖြစ်တယ်လို့ ဒီနေ့သြဂုတ်လ ၂၄ ရက်နေ့ မှာ အေအေ က သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။

အာရက္ခတပ်တော် အေအေ အနေ နဲ့ မောင်တောမြို့သိမ်းတိုက်ပွဲကို သြဂုတ်လ ၄ ရက်နေ့မှာ စတင်ခဲ့ပေမယ့် မောင် တောမြို့နယ် အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုပြီးတစ်တစ်ခု သိမ်းပိုက်ရရှိနိုင်ဖို့အတွက်ကြိုးပမ်းနေတာဟာ ၃ လကျော်အထိကြာမြင့်လာနေပြီနောက် စစ်ကောင်စီ နဲ့ အပေါင်းအပါတွေ ရဲ့ ခံစစ်နေရာတွေကို တစ်ခုပြီးတစ်ခု တစ်ခု တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်သိမ်ယူလာတာကြောင့် လက်ရှိ မောင်တောမြို့နယ် အတွင်းမှာ စစ်ကောင်စီ တပ်စခန်း အနည်း ငယ်သာ ကျန်ရှိတော့တာဖြစ်ပြီး အဲဒီတပ်စခန်းတွေကိုလည်း အာရက္ခတပ်တော် အေအေ က ဆက်လက်ထိုးစစ်ဆင် တိုက်ခို က်နေပြီး နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ အေအေ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မောင်တောမြိုအတွင်းမှာ ခံစစ်ပြင်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေ၊ စစ်ကောင်စီက စစ်သင်တန်းပေး လက် နက်တပ်ဆင်ပေးထားတဲ့ အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေ နဲ့ ARSA၊ RSO၊ ARA အကြမ်း ဖက်တပ်ဖွဲဝင်တွေဟာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်အောက်မှာ အထိအခိုက်၊ အကျအဆုံးများစွာ နဲ့အတူ ကစဉ့် ကလျား ထွက်ပြေးတာ လက်နက်ချအညံ့ခံတာတွေကို ဆက်တိုက် ပြုလုပ်လာနေတာကြောင့် မောင်တောမြို့ဟာ အာရက္ခ တပ်တော်ရဲ့ အလုံးစုံ ထိန်းချုပ်မှုအောက်ကို မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ယုတ်မာတဲ့အကျင့်အတိုင်း မောင်တောမြို့ကို လက်လွတ်ရဖို့ သေချာလာနေပြီးဖြစ်တဲ့ အချိန်မှာ စစ်ကောင်စီတပ်တွေ နဲ့ အပေါင်းအပါတွေဟာ မောင်တောမြို့အတွင်းမှာ ရှိနေတဲ့ လူနေအိမ်၊ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးကာ ရရာနည်းလမ်းတွေ နဲ့ ထွက်ပြေးနေတာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

အဲဒီလို ထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်တွေ နဲ့ မြို့တွင်းခုခံစစ်တွေဆင်နွဲနေတဲ့ စစ်ကောင်စီတပ်တွေကို အာရက္ခတပ်တော် အေအေ အနေ နဲ့လိုက်လံချေမှုန်းတိုက်ခိုက်တာတွေကိုလည်း လုပ်ဆောင်နေပြီးနောက်မောင်တောမြို့ နဲ့ အနီးဝန်းကျင်နေရာတွေကို ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေနဲ့ အကြမ်းဖက်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်တွေ၊ ARA၊ ARSA၊ RSO အစွန်းရောက်လက်နက်ကိုင်မွတ်ဆလင် တွေကိုလည်း ဒီရက်ပိုင်းအတွင်းမှာ နေ့တိုင်းဖမ်းဆီးရမိသလို သေဆုံးသွားတဲ့ အလောင်းတွေ နဲ့အတူစစ်အသုံးအေ ဆာင်ပစ္စည်းတွေ လက်နက်ခဲယမ်းတွေကိုလည်း ဆက်တိုက်သိမ်းဆည်းရမိတာတွေ ရှိနေတယ်လို့ အေအေက ထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here