Home သတင်း ဂွမြို့ ရတနာမြိုင် ကျေးရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေ ဒေသခံနေအိမ်တွေကို ဖောက်ထွင်းတဲ့အပြင် ဓားပြတိုက်တာတွေကိုပါ လုပ်နေ

ဂွမြို့ ရတနာမြိုင် ကျေးရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေ ဒေသခံနေအိမ်တွေကို ဖောက်ထွင်းတဲ့အပြင် ဓားပြတိုက်တာတွေကိုပါ လုပ်နေ

78
0
ဂွမြို့နယ် အတွင်းက စစ်ကောင်စီအခြေစိုက် ခမရ ၅၆၃ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များတွေ့ ရစဉ်။ပုံဟောင်း။

ဂွမြို့နယ် အတွင်းက ရတနာမြိုင်(ကုလားပြင်)ကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေကြတဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာအတွင်းက ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူတဲ့ အပြင် ဓားပြတိုက်တာတွေကိုပါ လုပ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသ သတင်းအရင်း အမြစ်တွေကပြောပါတယ်။

အဲဒီလို တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ အရင်တုန်းက လူမရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်းကာ ပစ္စည်းတွေကို လိုချင်သလို ခိုးယူတာတွေ ရှိခဲ့ပြီးနောက် ဒီရက်ပိုင်းအတွင်းမှာ လူရှိနေတဲ့ နေအိမ်တွေကိုပါ ဓားပြတိုက် လာတာတွေ ရှိနေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ကပြောပါတယ်။

"ဦ….ရဲ့အိမ်ကို ဟိုတစ်ရက်နေ့တုန်းက ဓားပြတိုက်တာ။ဆန်တွေ ၊ ဆီတွေ အ ကုန်ယူသွားတယ်။သူတို့မှာ စားစရာမကျန်ခဲ့ဘူး။အိမ်ရှင်တွေကို သေနတ်နဲ့ ချိန်ပြီး ဒူးထောက်ခိုင်းထားတာ။တစ်ရွာလုံးကို အခုအဲဒီလို လုပ်နေတယ်။လာမရှိတဲ့ အိမ်ဆိုရင် ဘာတစ်ခုမှမကျန်တော့ဘူးခိုးတာ။ရေသောက်ခွက်တောင် မကျန်အောင်ခိုးတာလို့"သူကပြောပါတယ်။

အဲဒီရတနာမြိုင် (ကုလားပြင်)ကျေးရွာဟာ ကျိန္တလီမြို့ အဆုံး ဂွမြို့နယ်အစ မှာ ရှိတဲ့ ကျေးရွာ တစ်ရွာဖြစ်ပြီး ဂွမြို့နယ် အတွင်းကို အေအေ ထိုးစစ် မဝင်ရောက်နိုင်အောင် ခုခံတိုက်ခိုက်ဖို့အတွက် ခံစစ်အနေအထား နဲ့ စစ်အင်အား လက်နက်အင်အား ဖြည့်တင်းထားတဲ့ နေရာ တစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တွေဟာ ကျိန္တလီမြို့နယ် အတွင်းမှာ ရှိတဲ့ ကျောက်ပါးစပ် နဲ့ ရတနာမြိုင်(ကုလားပြင်)အနီး တဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေ ရှိပြီး အဲဒီရတနာမြိုင်(ကုလားပြင်)စစ်ကောင်စီရဲစခန်းက လက်နက်ကြီး ပစ်ကူပေးနေတာတွေကိုလုပ် ဆောင်တာတွေ ရှိနေတယ်လို့ဆိုပါတယ်။

"ကုလားပြင် ရဲစခန်းက လက်နက်ကြီးတွေ တပ်ဆင်ပြီး ပစ်ကူပေးတာတွေရှိနေတယ်။အခုကတော့ ကျောက်ပါးစပ်နဲ့ ရတနာမြိုင်(ကုလားပြင်)ဒီတဝိုက်မှာ တိုက်ပွဲရှိနေတယ်။ဒီစခန်းက လက်နက်ကြီး ပစ်ကူပေးနေတယ်လို့"သူကပြောပါတယ်။

အဲဒါတွေအပြင် ရတနာမြိုင်( ကုလားပြင်) ကျေးရွာအတွင်းမှာ ရှိနေကြတဲ့ စစ်ကောင်စီတပ်တွေဟာ ကုလားပြင်ရဲစခန်းအနောက်ဘက်က ကြံခင်းတောင် နဲ့ အစပ်နေရာတွေမှာလည်း အေအေရဲ့ထိုးစစ်ကို ခုခံဖို့အတွက် နေရာယူပြင်ဆင်တာတွေရှိနေသလို ဘဲအင်း၊ဒယ်ပုတ်၊သဗြုချောင်း စတဲ့ကျေးရွာတွေမှာလည်း စစ်ကောင်စီက စစ်အင်အားဖြည့်တင်းကာ အေအေ ရဲ့ထိုးစစ်ကို ခုခံတိုက်ခိုက်ဖို့ အတွက် ပြင်ဆင်တာတွေ ရှိနေတယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေ အရ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here