Home သတင်း စစ်ကောင်စီက မောင်တောမှာဓာတုအဆိပ်ငွေ့ဗုံးတွေနဲ့တိုက်ခိုက်နေ

စစ်ကောင်စီက မောင်တောမှာဓာတုအဆိပ်ငွေ့ဗုံးတွေနဲ့တိုက်ခိုက်နေ

76
0

မောင်တောတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ဓာတုအဆိပ်ငွေ့ဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်နေတာတွေရှိနေတယ် အာရက္ခတပ်တော် အေအေ ကသတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီ နဲ့ အပေါင်းအပါအကြမ်းဖက်အဖွဲ့တွေဟာ မောင်တောမြို့ပြင်တစ်ခုတည်းမှာကျန်ရှိနေတော့တဲ့ နခခ (၅) စခန်းအတွင်းသို ဆုတ်ခွာသွားပြီးနောက် အဲဒီစခန်းတွင်ကနေ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခုခံတာတွေ လုပ်ဆောင်နေတဲ့ အပြင်ဓာတုအဆိပ်ဓာတ်ငွေ့တွေ ပါတဲ့ ဗုံးတွေကို အသုံးပြုကာ တိုက်ခိုက်တာတွေ ကို ပါ ဩဂုတ်လ (၂၈) ရက်နေ့ လုပ်ဆောင် တာတွေ ရှိခဲ့တယ် အေအေ ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ် ကောင်စီတပ်ဖွဲဝင်တွေ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး လက်နက် တပ်ဆင် ပေးထားတဲ့ အကြမ်း ဖက်မွတ်ဆ လင်လက်နက်ကိုင်အဖွဲ့တွေ ၊ ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့တွေ နဲ့ အာရက္ခ တပ်တော် အေအေ တို့ဟာ နှစ်ဖက်တိုက်ပွဲ တွေအပြင်းအထန် ဆက်လက်ဖြစ်ပွါးနေတာရှိသလို စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာ နဲ့ အစုလိုက်၊ အစုလိုက် ကစဉ့်ကလျားထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်တွေ နဲ့ အပေါင်းအပါတွေကို အာရက္ခတပ်တော် အေအေ အနေ နဲ့ လိုက်လံရှင်းလင်းတိုက်ခိုက်နေပြီး မြို့တွင်းနေရာ တချို့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေတယ်လို့ ဆိုပါတယ်။

ပုံ၊ အာရက္ခတပ်တော် အေအေ ကကယ်ထုတ်ထားတဲ့ မွတ်ဆလင်ဒေသခံများတွေ့ ရစဉ်။

ပုံ၊ အာရက္ခတပ်တော် အေအေ ကကယ်ထုတ်ထားတဲ့ မွတ်ဆလင်ဒေသခံများတွေ့ ရစဉ်။

အာရက္ခတပ်တော်ဟာ မောင်တောမြို့ တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ရရှိနိုင်ဖို့ မောင်တောမြိုအတွင်းက အဆင့်ဆင့်ခုခံတားဆီးထားတဲ့ နေရာတွေကို တစ်ခုပြီးတစ်ခု ရှင်းလင်းတိုက်ခိုက်နေသလို အာရက္ခတပ်တော် အေအေ အနေနဲ့လည်း ရန်သူ၏ ခံစစ်နေရာအများစုအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ (၂၇/၂၈/၂၉) နေ့တွေမှာလည်း ထပ်မံသိမ်းပိုက်ရရှိထားတဲ့ မောင်တောမြို့ နေရာအနှံအပြားက စစ်ကောင်စီ နဲ့ အကြမ်းဖက် မွတ်ဆလင်တပ်ဖွဲဝင်တွေ ရဲ့ အလောင်းတွေ အပြင် သုံပန်း နဲ့ လက်နက်ခဲယမ်းများ တွေကိုပါ အာရက္ခတပ်တော် အေအေ က ထပ်မံသိမ်းဆည်းရမိခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

မောင်တောမြိုသိမ်းတိုက်ပွဲအတွင်း ဖက်ဆစ်စစ်ကောင်စီ နဲ့ အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင်တွေက လူသားဒိုင်း ကာအနေ နဲ့ ဖမ်းဆီးခေါ်ဆောင်ထားတဲ့ အပြစ်မဲ့အရပ်သား ပြည်သူလူထု နှစ်သောင်းခြောက်ထောင်(၂၆၀၀၀) နီးပါးကို တိုက်ပွဲကြားကနေ အာရက္ခတပ်တော် အေအေက ကယ်ထုတ်ပေးထားတာတွေလည်း ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here