Home သတင်း ၁၀၂၇ စစ်ဆင်းရေး အပိုင်း ၂ မှာ စစ်ရေးအောင်မြင်မှု ဆက်တိုက်ရှိလာနေတဲ့ TNLA တပ်ကို အပစ်ရပ်ဖို့ တရုတ်က ဖိအား...

၁၀၂၇ စစ်ဆင်းရေး အပိုင်း ၂ မှာ စစ်ရေးအောင်မြင်မှု ဆက်တိုက်ရှိလာနေတဲ့ TNLA တပ်ကို အပစ်ရပ်ဖို့ တရုတ်က ဖိအား ပေးခြိမ်ခြောက်လာ

77
0

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂မှာ စစ်ရေးအရ ဆက်တိုက်အောင်မြင်မှုရှိလာနေတဲ့ တအာင်းအမျိုး သားလွတ်မြောက် ရေးတပ်မတော် (PSLF/ TNLA)အနေနဲ့ တိုက်ပွဲတွေ ချက်ခြင်းရပ်ပေးဖို့ အတွက် ခြိမ်းခြောက်စာ တစ်စောင်ကို တရုတ်နိုင်ငံရဲ့ ရွှေလီမြို့ နိုင်ငံတော်လုံခြုံ ရေးကော်မတီက သြဂုတ်လ ၂၉ ရက်စွဲ နဲ့ ပေးပို့ခဲ့ပါတယ်။

အဲဒီပေးပို့စာထဲမှာ တရုတ်ဘက်မှာ စစ်ရေးလေ့ကျင့်နေတာဟာ ပြီးဆုံးတော့မှာဖြစ်ပြီး တအာင်းတပ်ဘက်က တိုက်ပွဲတွေကို ချက်ချင်းအပစ်ရပ်ကာ မြန်မာမြောက်ပိုင်းနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသမှာ အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို မျှော်လင့်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်ဒေသ၊နယ်စပ်အရပ်သူအရပ်သားတွေ နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ပြည်သား၊လုပ်ငန်းတွေ နဲ့ သက်ဆိုင်တဲ့ လုံခြုံမှုတွေကို အာမခံပေးဖို့နဲ့ တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့တရုတ်နိုင်ငံသား အသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိတဲ့ စစ်ရေးအပြုအမူကို ပပျောက်အောင် ဆောင်ရွက်ရမယ်လို ဆိုထား ပါတယ်။

အဲဒါတွေကို မဆောင်ရွက်ခဲ့ရင် တရုတ်အနေ နဲ့ ကြောက်ရွံကျိုးနွံနဲ့ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေကို ပိုမိုလုပ် ဆောင်မှာဖြစ်ပြီး ဖြစ်လာတဲ့ အကျိုးဆက်အားလုံးကိုလည်း တအာင်းအမျိုး သားလွတ်မြောက် ရေးတပ်မတော် (PSLF/ TNLA)အနေနဲ့ တာဝန်ယူရမှာ ဖြစ်တယ်လို့ အဲဒီပေးပို့စာထဲမှာထည့်သွင်း ခြိမ်းခြောက်ထားပါတယ်။

အဲဒါကြောင့် တအာင်းအမျိုး သားလွတ်မြောက် ရေးတပ်မတော် အနေနဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်းနားလည်ပြီး တရုတ်နိုင်ငံ နဲ့အတူ ငြိမ်းချမ်းရေးမြှင့်တင်ရန်ကြိုးပမ်းဆောင်ရွက်ပြီး ကွဲလွဲမှုတွေကို ညှိနှိုင်းအဖြေရှာဖို့ အတွက် မှန်ကန်တဲ့ လမ်းကြောင်းကို ပြန်လာမယ်လို့ ဆိုတာကိုလည်း မျှော်လင့်ကြောင်းဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအနေ နဲ့ ဒီအပေါ်မှာအပြုသဘောဆောင်တဲ့ အခန်းကဏ္ဍာကဆက်လက်ပါဝင်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပြီး တရာဝင်အခွင့်အရေး နဲ့ အကျိုးစီးပွါးတွေကိုရရှိအောင် ကူညီပေးမှာ ဖြစ်သလို ကျန်းမာစွာနေထိုင်ပြီး ဖွံ့ဖြိုးရေးအကောင်အထည်ဖော်တဲ့ နေရာတွေမှာလည်း ကူညီပေးသွားမှာ ဖြစ်တယ်လို့ လည်းဆိုထားပါတယ်။

အဲဒါကြောင့် တအာင်းအမျိုး သားလွတ်မြောက် ရေးတပ်မတော် (PSLF/ TNLA)အနေနဲ့ ဘယ်နေရာ ဘယ်ဒေသကို ရောက်ရောက် တရုတ်အနေ နဲ့စောင့်မျှော်နေတယ်လို့လည်းပြောဆိုထားပါတယ်။

တအာင်းအမျိုး သားလွတ်မြောက် ရေးတပ်မတော် (PSLF/ TNLA) ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း မှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စတဲ့ မြိုနယ်များကို ထပ်မံသိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here