Home ဆောင်းပါး မောင်တောမြို့ကို အေအေသိမ်းပိုက်ပြီးရင် မွတ်ဆလင် တွေအနေနဲ့ ဘယ်လိုတွေနေထိုင်ခွင့်ရလာနိုင်မလဲ?

မောင်တောမြို့ကို အေအေသိမ်းပိုက်ပြီးရင် မွတ်ဆလင် တွေအနေနဲ့ ဘယ်လိုတွေနေထိုင်ခွင့်ရလာနိုင်မလဲ?

103
0

လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မြောက်ပိုင်းအစွန်က နယ်စပ်မြို့ဖြစ်တဲ့မောင်တောမြို့ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ မကြာခင်အချိန်အတွင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်တော့မယ်လို့ AAက ထုတ်ပြန်လိုက်ပါတယ်။ AA သာ မောင်တော‌‌‌ဒေသကိုအပြည့်အထိမ်းချုပ်နိုင်ပြီဆိုရင် အဲဒီဒေသမှာနေထိုင်ကြတဲ့ မွတ်ဆလင် တွေဘယ်လိုဖြစ်လာမလဲဆိုတာက ကမ္ဘာတဝမ်းလုံးက စောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်။

မောင်တောကို AAကသိမ်းပိုက်ရရှိနိုင်ရေးလက်တကမ်းအလိုမှာရှိနေပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း တညီတညွှတ်တည်း မှတ် ချက်ပေးလာနေတာတွေကိုလည်း တွေ့နေကြရပါတယ်။ မွတ်ဆလင် ဒုက္ခသည်စခန်းတွေ အများအပြားရှိနေတဲ့ အိမ်နီးချင်းတဖက် ဘင်္ဂါလားဒေ့ရှ်အစိုးရကိုလည်း AA နဲ့ တွေ့ဆုံမှုတွေလုပ်သင့်တယ်လို့ အပြည်ပြည်ဆိုင်ရာအကျပ်အတည်းများလေ့လာရေးဆိုင်ရာ ပညာရှင်အဖွဲ့(ICG) က ထုတ်ဖော်တိုက်တွန်းချက်တွေလုပ်လာနေတာတွေ့ရပါတယ်။

ဘာဖြစ်လို့လဲဆိုရင် မကြာခင်မှာ ရခိုင်ဒေသထဲ ဝင်ရောက်ကျူးကျော်နေထိုင်ကြတဲ့ စစ်ကောင်စီတပ်တွေက AAက အပြီးအပိုင်မောင်းထုတ်နိုင်မယ်လို့ယုံကြည်ကြောင်းရှုမြင်သုံးသပ်မိတယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် ဘင်္ဂါလားဒေ့ရှ်အနေနဲ့ ဥပဒေရေးရာများနဲ့ နယ်စပ်လုံခြုံရေးကိုလည်း သတိထားရမယ့်အချိန်ဖြစ်နေတယ်လို့ အဲဒီအစီရင်ခံစာက ဆိုထားပါတယ်။

မောင်တောမြို့ကို အေအေသိမ်းပိုက်ပြီးရင် မွတ်ဆလင် တွေအနေနဲ့ ဘယ်လိုတွေနေထိုင်ခွင့်ရလာနိုင်မလဲ?

တကယ်တော့မောင်တောဒေသဟာ နယ်စပ်ဒေသဖြစ်တဲ့အပြင် လူဦးရေ ထူထပ်တဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံရဲ့နယ်စပ်မှာတည်ရှိတာက တစ်ကြောင်း၊ ခွေးတိုးဝက်ဝင်အဆင့်လောက်သာ ကာရံထားတဲ့ စစ်ကောင်စီရဲ့ ခြံစည်းရိုးတွေကလည်းအရင်ခောတ်အဆက်ဆက်ကတည်းက အလဲလဲအပြိုပြိုဖြစ်ပျက်နေတာ ဘင်္ဂလားဒေ့ရှ်ဒုက္ခ သည် စခန်းမှာ ရောက်ရှိနေကြတဲ့ လူတချို့က လူမျိုးနှစ်ခုကြားမှာ သွေးထိုးလှုပ်ဆော်ပေးနေမှုတွေက တစ်ကြောင်း ၊ အမျိုးမျိုးသော ထိလွယ်ရှလွယ်တဲ့အခြေအနေတွေကို ပြဿကြီးတစ်ရပ်အဖြစ် AA ကလည်း ကိုင်တွယ်ဖြေရှင်းနေရဆဲဖြစ်ပါတယ်။

တစ်ဘက်မှာလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဒုက္ခသည်တစ်သန်းကျော်ကိစ္စကို ခေါင်းခြောက်နေရတယ် ဆိုတော့ မလုံခြုံတဲ့နယ်စပ်ပြဿနာ အရှုပ်အထွေးကြီးဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ခေါင်းပေါ်မှာ ဝန်ထုတ်ကြီး တစ်ခုပိနေသလို ကြုံတွေ့နေရပြန်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ကစားကွက်ကြားမှာ လက်နက်ကိုင်ပြီး AA ကိုအတိုက်အခံလုပ်နေကြတဲ့ မွတ်ဆလင် တွေနဲ့ လက်နက်ကိုင် မွတ်ဆလင် အချို့ကြောင့် ရခိုင်ပြည်တွင်းက မွတ်ဆလင် တွေအတွက် အခက်တွေ့နေကြရပါတယ်။ ဒီလိုစိုးရိမ်စရာတွေကိစ္စတွေအပြင် သွေးထိုးပေးသူတွေ ကြောင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ AA ကို ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေသူတွေရှိလာတယ်လို့သိရပါတယ်။ ဒီအပေါ်မှာ AA အနေနဲ့ကတော့ အသေအချာကိုင်တွယ်ဖြေရှင်းဖို့ လမ်းစဉ်တွေချမှတ်ထားပြီးသားဖြစ်လိမ့်မယ်လို့လည်း ရခိုင်ပြည်သူတွေက ယုံကြည်ထားကြပါတယ်။

နောက်တစ်ချက်က မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်တွေ အပြောင်းအလဲဖြစ် လာလိမ့်မယ်။ အဲဒီလိုဖြစ်လာခဲ့ရင် ဆင်းရဲသားလူတန်းစားများကို အလေးထားတဲ့၊ ဆင်းရဲသားများထောက်ခံတဲ့ လူတွေသာ နိုင်ငံရေးအပိုင်းကို အုပ်စိုးလာလိမ့်မယ်။ ဒီလိုအုပ်စိုးလာတဲ့အချိန်မှာ ပြဿနာသောင်းခြောက် ထောင် ဖြစ်လာနိုင်တယ်။ လက်ရှိမှာတောင် ဘင်္ဂလားဒေ့ရှ်မှာ ပြဿနာတွေ မီးခိုးကြွက်လျှောက်ဖြစ်နေတာကို တွေ့မြင်နေကြပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ များပြားလွန်းလှတဲ့ လူဦးရေ ထူထပ်မှုတွေကို ကြုံတွေ့နေရတဲ့ မွတ်ဆလင် တွေဟာ ရခိုင်ပြည်နယ်အတွင်းက နယ်မြေတွေကို မျက်စပစ်နေကြတာလည်း ရှိကောင်းရှိနိုင်သလို ရည်ရွယ်ချက်ရှိရှိ အခြေချဖို့ ကြိုးစားလာနိုင်တာလည်းရှိနိုင်တယ်။ ဒါဟာ ရခိုင်ဒေသအတွက် အထူးစိုးရိမ်စရာ တစ်ရပ်ဖြစ်တယ်လို့ ယူဆရမှာဖြစ်ပါတယ်။

ဒီအချိန်မှာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ကိစ္စကိုလည်း တစ်ချို့က ဖိအားပေးလာတယ်။ RSO, ARA, ARSA, စတဲ့ အစွမ်းရောက်လက် နက်ကိုင်အဖွဲ့တွေအပြင် ခိုးဆိုးလုနှိုက်၊ ဓါးပြတိုက်၊ ပြန်ပေးဆွဲ၊ လူသတ်၊ နေအိမ်တွေကိုမီးရှို့နေတဲ့ စစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်အဖွဲ့ငယ်တွေကလည်း အခုအချိန်မှာ ဒုက္ခမျိုးစုံပေးလာခဲ့တယ်။ ဒီလိုဖြစ်နေပေမဲ့ စစ်ကောင်စီတွေကြားထဲမှာ ပိတ်မိနေတဲ့ မွတ်ဆလင် ကျေးရွာတွေက ရွာသူရွာသားတွေကို AA က ကယ်ထုတ်ပေးတာတွေနဲ့ ဆေးဝါးအကူအကူအညီပေးမှုတွေကို လူမျိုး၊ ဘာသာမခွဲခြားဘဲ လုပ်ပေးနေတာတွေကို တွေ့ရပါတယ်။

တိုက်ပွဲအတွင်းက ကယ်ထုတ်လွတ်မြောက်လာခဲ့တဲ့ မွတ်ဆလင် တစ်ဦးကတော့ “အခုလို တိုက်ပွဲထဲက နေ လွတ်မြောက်အောင် ကူညီပေးတဲ့ AA ကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကလေးတွေကိုရော ထမ်းပိုးကူသယ်ပေးတယ်။ နောက်ပြီး အမိုးအကာအောက်မှာနေနိုင်အောင် အမိုးတွေပေးတယ်။ ဆန်တွေ၊ ဆီတွေပေးတယ်။ အခုတော့ အကြမ်းဖက် မွတ်ဆလင် သောင်းကျန်းသူတွေဆီမှာ ဓါးပြတိုက်တာမခံရတော့ဘူး၊ အရင်တုန်းကတော့ ဆက်ကြေးတောင်းတာခံရတယ်။ သတ်ဖြတ်တာ၊ လုယူတာခံရတယ်”လို့လည်းပြောဆို ခဲ့ ပါတယ်။

ဒီလိုနားလည်မှုအပြည့်အဝ ရရှိလာမယ်ဆိုရင်တော့ ရခိုင်နဲ့ မွတ်ဆလင် တွေဟာ အတူယှဉ်တွဲနေထိုင်မှာဖြစ် သလို ကြမ်းဖက်မှုတွေကို ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင်တော့ ကောင်းကျိုးတွေဖြစ်လာ စရာမရှိ ဘူး လို့လည်း နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။

“အဓိကတော့ စစ်တွေပေါ့၊ စစ်တွေမြို့ကို သိမ်းပိုက်ပြီးရင် ကျန်တဲ့မြို့တွေကတော့ သိပ်မခက်ခဲတော့ ဘူးလို့တော့ သုံးသပ်တယ်။ ပြည်နယ်ရဲ့မြို့တော်လည်းကျသွားမယ်။ အမ်းလည်းကျမယ်ဆိုရင် မာန်အောင် လိုသီးခြားရပ်တည်နေတဲ့ ကျွန်းကတော့ သိမ်းပြီးသားဖြစ်သွားမှာပါ။ အဲဒီအချိန်မှာ အတူယှဉ်တွဲနေထိုင်ရေးကို ကောင်းကောင်းလုပ်နိုင်ရမယ်။ သူခိုးဓါးရိုးကမ်းပြီး AA အပေါ် မနာလိုမှုတွေ၊ နယ်မြေလိုချင်မှုတွေနဲ့ တိုက်ခိုက် နေကြမယ်ဆိုရင် အတူယှဉ်တွဲနေထိုင်ရေးကတော့ ခက်ခဲသွားမယ်”ဟုလည်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ထားပါတယ်။

ဒီအချိန်မှာ ပြည်ပရောက် နိုင်ငံရေးလုပ်စားသမားတချို့ကလည်း AA အပေါ် မဟုတ်မမှန်သတင်းတွေလွင့် လာနေကြတယ်။ ဒါကလည်း သူတို့ရဲ့ဝင်ငွေရရှိရေးအတွက် လုပ်တာဖြစ်တယ်။ ဒါပေမဲ့ မြေပြင်မှာ AA ဟာ လူသားချင်းစာနာမှုအပြည့်အဝနဲ့ တန်းတူထားကူညီပေးတာကို အလုပ်နဲ့သက်သေပြလို့နေတာတွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဆိုရင် မွတ်ဆလင် တွေဟာ လူအင်အားနဲ့ ရခိုင်နဲ့တိုင်းရင်းသား ရွာတွေကို မီးရှို့ပြီး နယ်မြေလုဖို့ကြိုးစားခဲ့ကြတာရှိပေမဲ့ မအောင်မြင်ခဲ့ဘူး။ ပြန်ပြီး တည်ငြိမ်ဖို့ နှစ်အတော်အချိန်ယူခဲ့ရတယ်။ နှစ်ဖက်သင့်မြတ်ဖို့ အချိန်နဲ့ကုစားခဲ့ကြရတာလည်းရှိခဲ့တယ်။

မောင်တောကို နေ့ရောညပါတိုက်ခိုက်လာတဲ့ AA ဟာ အခုဆိုရင် မြို့ထဲထိ ဝင်ရောက် လာနိုင်ပြီ ဖြစ်သလိုစစ်ကောင်စီ တပ်စခန်းအနည်းငယ်သာကျန်တော့တာကြောင့် မောင်တောမြို့ဟာ AA လက်ထဲသို့ကျ ရောက်တော့မှာ သေချာလို့နေပါတယ်။ ဒါပေမဲ့ ဘယ် မွတ်ဆလင် မှ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတာမတွေ့ရဘူး။ အယင် လိုထွက် ပြေးဖို့မကြိုးစားတော့ဘူး။ ဒါဟာလည်း AAအပေါ်ယုံကြည်မှုတွေကြောင့်ဖြစ်တယ်ဆိုတာကို သိထား ကြဖို့ လိုအပ်တယ်။

ဒါကြောင့် အာရက္ခတပ်တော်က ချမှတ်လာမဲ့ စည်းမျဉ်းစည်းကမ်းအပေါ်မှာ ယုံကြည်စွာရပ်တည်နေကြ မယ်ဆိုရင် ဘယ်ဘာသာမဆို အတူယှဉ်တွဲနေထိုင်နိုင်ကြမှာဖြစ်တယ်။

ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အီစ္စလာမ်ဘာသာအများစုကိုးကွယ်ကြပြီး အဲဒီ ဘာသာကြီးလေးရပ်ရဲ့ အတူယှဉ်တွဲနေထိုင်ရေးဟာ ရခိုင်ပြည်နယ်အနှံ့မှာ ဘယ်လိုဖြစ်လာမယ်ဆိုတာကို မကြာခင်ကာလမှာ မျက်ဝါး ထင်ထင်မြင်တွေ့ရမှာမို့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေအရ မောင်တောမြို့တွင်းကို အာရက္ခတပ်တော်က သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး မြို့အဝင် မြို့သူကြီးရပ်ကွက်အတွင်းက ခံတပ်တစ်ခုတည်းသာကျန်ရှိနေတော့ကြောင်းလည်း ဒေသခံတွေဆီက သိရှိရပါတယ်။ ဒါကြောင့် စစ်တွေမြို့ကလွဲပြီး ရခိုင်မြောက်ပိုင်းကို AA က အပြီးအပိုင်သိမ်းပိုက်နိုင်တော့မှာဖြစ် ပြီး တောင်ပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေသလို ဂွမြို့နယ်အတွင်းတိုက်ပွဲများပြင်းထန်နေပြီး ရေယာဉ် ၈ စီးဖြင့်လည်း ပစ်ကူပေးနေသည့်အတွက် အရပ်သားပြည်သူများထိခိုက်မှုရှိနေတယ်လို့သိရှိရပါတယ်။

ဘာပဲပြောပြောလက်ရှိမှာ အေအေဟာ မောင်တောဒေသကို ထိန်းချုပ်နိုင်တော့ဖြစ်တဲ့အတွက် လူမျိုးစု နှစ်ခုကြားမှာ အတူယှဉ်တွဲနေထိုင်နိုင်ရေးဟာ အရေးပါတဲ့အချက်တစ်ခုဖြစ်တာကြောင့် ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါကြောင်း ……။

(ဆောင်းပါး) ဦးသာအောင်ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here