စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်အေအေတို့ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ စစ်တွေမြို့ကို စစ်ကောင်စီက ပြန်လ ည်ထူထောင်ရေးခေါင်းစဉ်နဲ့ စားနပ်ရိက္ခာ၊စက်သုံးဆီနဲ့ ဆေးဝါးတွေ တင်ပို့နေတာတွေ ဆက်တိုက်ရှိနေတယ်လို့ သိရပါ တယ်။
စက်တင်ဘာလ ၃ ရက်နေ့ကစစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်းသတင်းစာမှာတော့ “အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရဲ့ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ ရဲ့ စီစဉ်ကြီးကြပ်မှု နဲ့ ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ထူထောင်ရေးပစ္စည်းတွေကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ် တွေနဲ့ ပို့ဆောင် ပေးနေတာရှိသလို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပေးပို့တဲ့ ဆန် ၂၄ ပြည်အိတ် ၇၅၉၁ အိတ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူထားတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းအမျိုးမျိုး၊ ပရိဘောဂ ပစ္စည်းများ၊ လျှပ်စစ်သုံးပစ္စည်းများ၊ ဆေးဝါး နဲ့ ဆက်စပ်ပစ္စည်းအပါအဝင် စုစုပေါင်း ၈၆၉ ဒသမ ၃၂ တန်ကို ယမန် နေ့ ညပိုင်းက ရန်ကုန်မြို့ကနေ စစ်တွေမြို့ကို ရေယာဉ်တွေ နဲ့ ပို့ဆောင်ခဲ့တယ်လို့” ဖော်ပြထားပါတယ်။
အဲဒီလို စစ်ကောင်စီက ပြည်သူကို အကြောင်းပြ တင်ပို့နေတဲ့ ပစ္စည်းတွေကို ပြည်သူအတွက်ပေးတာမဟုတ်ပဲ စစ်ကောင်စီ တပ်တွေ အတွက်သာ အသုံးပြုတာတွေ ရှိနေတဲ့ အတွက် ဒေသခံပြည်သူတွေမှာ စားဝတ်နေရေးတွေ အခက်အခဲတွေ နဲ့ ရင်ဆိုင်လာနေတာဟာ လပေါင်းများစွာ ကြာမြင့်နေပြီးဖြစ်တယ်လို့ စစ်တွေ ဒေသခံ တစ်ဦးကပြောပါတယ်။
“ပြန်လည်ထူးထောင်ရေးပစ္စည်းပို့တာမဟုတ်ပါဘူး စစ်ကောင်စီတပ်တွေအတွက်ပို့တာ အရင်ကလည်း သူတို့ပို့ခဲ့တယ် ပြည်သူတွေမှမရတာ။ဘာမှလည်းပြန်လည် မထူထောင်နိုင်ဘူး အိမ်ဆောက်ပစ္စည်းတွေပို့တဲ့ သံတွေ ဘာညာကလည်း သူတို့ ခံစစ်ဆောက်ဖို့ အတွက် ပို့တာ၊ခြံစည်းရိုးကာဖို့ အတွက်ပို့တာ ပြည်သူတွေက ကိုယ့်ဟာနဲ့ကိုရှာဖွယ်စား သောက်နေရတာ။လူကြားကောင်းအောင်ဆိုပြီး ပေါက်ပန်းလေးဆယ် ပြောနေတာလို့” သူကပြောပါတယ်။
စစ်ကောင်စီအနေ နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ၂၀၂၃ ခုနှစ် မေ ၁၆ ရက်နေ့ကနေ ၂၀၂၄ခုနှစ် သြဂုတ်လအထိ တပ်မတော်စစ်ရေယာဉ်များအပါအဝင် ရေယာဉ် ၄၉ စင်းနဲ့ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး နဲ့ ကျန်းမာရေးပစ္စည်း၊ လူသုံးကုန် နဲ့ စားသောက်ကုန်အပါဝင် ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၇၁၀၉၉ ဒသမ ၄၃ တန် နဲ့ ဒီဇယ် ၂၄၉၇၆၂ ဂါလန်၊ Octane 92 ၁၉၉၈၈၆ ဂါလန် ပို့ဆောင်ပေးခဲ့တာ ရှိခဲ့တယ်လို့လည်း သြဂုတ်လ ၃ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
“သူတို့ ဘယ်နေရာတွေ သွားထားလဲမှမသိတာ ကျမတို့ ခေါင်းကိုက်လို့ သောက်ဆေးသွားဝယ်ရင်တောင်ဘယ်ဆိုင်မှာမှ မရှိဘူး။ဆန်၊ဆီ၊ဆား၊ငရုတ်သီးတွေလည်း ဒီအတိုင်းပဲ ငရုတ်သီခြောက် တစ်ပိသာကို ၅၀၀၀၀ ဖြစ်နေပြီသူတို့ ပို့တာ ကျမတို့အတွက်မှမဟုတ်တာ။ဘာပြန်လည် ထူထောင်ရေးမှလည်း လုပ်မနေပါဘူး။ဒီလောက်ဖြစ်နေတာကိုလို့”စစ်တွေ မြို့ အမျိုးသမီးတစ်ဦးကပြောပါတယ်။
စစ်ကောင်စီဟာ စစ်တွေမြို့ကို အာရက္ခတပ်တော် အေအေဝင်ရောက်မလာနိုင်အောင် ခိုင်မာတဲ့ ခံတပ်အဖြစ်နဲ့ တည်ဆောက်နေတာတွေ ရှိနေပြီး လက်ရှိ စစ်ကောင်စီက ပို့ဆောင်နေတဲ့ ပစ္စည်းတွေဟာလည်း ပြည်သူတွေ အတွက် မဟုတ်ပဲ စစ်တပ်အတွက်ရိက္ခာတွေသာ ဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.