Home သတင်း သံတွဲက မောင်ရွှေလေး နဲ့ ကွင်းဝိုင်းအခြေအနေတွေ ဘယ်လိုတွေ ရှိနေလဲ?

သံတွဲက မောင်ရွှေလေး နဲ့ ကွင်းဝိုင်းအခြေအနေတွေ ဘယ်လိုတွေ ရှိနေလဲ?

89
0

အာရက္ခတပ်တော် အေအေဟာ သံတွဲမြို့နယ်အတွင်းက စစ်ကောင်စီလက်ကျန်တပ်စခန်းတွေ ဖြစ်တဲ့ မောင်ရွှေလေးရေတပ်စခန်း နဲ့ ကွင်းဝိုင်းရေတပ်စခန်းတွေကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ ရှိနေပါတယ်။

အာရက္ခတပ်တော် အေအေဟာသံတွဲမြို့က စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုကို ပြီးခဲ့တဲ့ ဇူလိုင် (၁၆) ရက်နေ့၊ ညနေ (၅) နာရီ (၃၀) မိနစ်မှာ အပြီးသတ်တိုက် ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ မောင်ရွှေလေး နဲ့ ကွင်းဝိုင်းရေတပ်စခန်းတွေကို အာရက္ခတပ်တော် အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီကလည်း အဲဒီရေတပ်စခန်း မကျရှုံးသွားရအောင် စစ်သင်္ဘော ၈ ဦး နဲ့ အတူ ရေကြောင်းပစ်ကူတွေနဲ့ ပါ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ အေအေ က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီနောက် သြဂုတ်လ ၂၇ ရက်နေ့မှာတော့ မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော် အေအေ ကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဒေသ သတင်းအရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေအရ ပြည်တွင်း ပြည်ပ မီဒီယာတွေ မှာ ဖော်ပြခဲ့ကြပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော်အေအေ ကတော့ မောင်ရွှေလေးရေတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သြဂုတ်လ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို အခြေအနေတွေ နဲ့ ပတ်သက်ပြီး လက်ရှိမောင်ရွှေလေး၊ကွင်းဝိုင်းရေတပ်စခန်း အခြေအနေတွေကို Coastal News Agency သတင်းဌာနက အာရက္ခတပ်တော် နဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး၊ လက်ရှိမောင်ရွေလေး၊ကွင်းဝိုင်းအခြေအနေဘယ်လိုတွေ ရှိပါသလဲ?

ဖြေ။ပြီးခဲ့တဲ့ ရက်ပိုင်းက မောင်ရွှေလေးရေတပ်စခန်းကို သိမ်းတာ မဟုတ်ဘူး ကွင်းဝိုင်းစခန်းကို သိမ်းတာ။အဲဒါကို မောင်ရွှေလေးကို သိမ်းတယ်ဆိုပြီး သတင်းတွေကတင်ကြတာ။မောင်ရွှေလေး နဲ့ ကွင်းဝိုင်းက ကပ်လျှက်မှာ ရှိတာ။ဒါပေမယ့် ကွင်းဝိုင်းကစသိမ်းလိုက်တာ ဖြစ်တယ်လို့”သူကပြောပါတယ်။

မေး။လက်ရှိရောမောင်ရွှေလေးရေတပ်စခန်း အခြေအနေဘယ်လိုရှိလဲ?

ဖြေ။ ကွင်းဝိုင်းရေတပ်စခန်းကိုသိမ်းပြီးနောက်မှာ မောင်ရွှေလေးကို ဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။တိုက်ပွဲတွေလည်း တော်တော် ပြင်းပြင်း ထန်ထန်ဖြစ်ခဲ့တယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ညမှာတော့ မောင်ရွှေလေး ရေတပ်စခန်းက သင်္ဘောတွေရော အကုန်ထွက်ပြေးတယ်။စစ်ကောင်စီတပ်သားတွေ တစ်ကောင်မှ မရှိတော့ဘူး။ဒီနေ့မနက်ပိုင်းမှာတော့ အေအေ က ကွင်းဝိုင်းရောမောင်ရွှေလေးကိုရောသိမ်းပိုက်လိုက်ပြီး လို့” သူကပြောပါတယ်။

မေး။အဲဒါဆိုရင် သံတွဲ တစ်ခုလုံးကို အေအေက သိမ်းပိုက်လိုက်ပြီလို့ ပြောလို့ ရမလား?

ဖြေ။သံတွဲတစ်ခုလုံးကို အေအေ သိမ်းပိုက်လိုက်ပြီလို့ ပြောလို့ရပါတယ်။သံတွဲ တစ်ခုလုံးက စစ်ကောင်စီကင်းစင်နေမြေဖြစ်သွားပြီလို့”သူကပြောပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တွေဟာ ကျိန္တလီမြို့နယ် အတွင်းက ကံကော်တောင်ဆည်အနီးမှာ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွါးနေတယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here