ဂွမြို့နယ်၊ကျိန္တလီမြို့အတွင်းမှာ ရှိတဲ့ ဂန့်ဂေါ်တောင်ဆည် အနီးမှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော် အေအေတို့ ဒီနေ့ မနက်ပိုင်းကတည်းကပင် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေတယ်လို့ ဒေသ သတင်း အရင်းအမြစ်တွေကပြောပါတယ်။
အဲဒီကျေးရွာဟာ ဂွမြို့နယ်ထဲက ရတနာမြိုင် (ကုလားပြင်)ကျေးရွာ နဲ့ တစ်ဖက်တကမ်းမှာ ရှိနေတဲ့ ကျေးရွာ တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေတို့ဟာ ဒီနေ့မနက်ပိုင်းကတည်းကပင် အဲဒီဆည် အနီးမှာ အပြင်းအထန်တိုက်ပွဲတွေ ဖြစ်နေတာဖြစ်တယ်လို့ အဲဒီအနီးမှာရှိတဲ့ဒေသခံ တစ်ဦးကပြောပါတယ်။
“တိုက်ပွဲက တော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတာ။စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီး ပစ်ကူပေးတာ နဲ့ စစ်အင်အားဖြည့်တင်းပေးနေတာတွေ ရှိတယ်။တိုက်ပွဲ ဖြစ်တာကတော့ မနေ့ ညနေကတည်းကပင် ဖြစ်နေတာ။ပြင်းပြင်း ထန်ထန်ဖြစ်တာကတော့ ဒီနေ့ မနက်ပိုင်းမှာဖြစ်တာဖြစ်တယ်လို့”သူကပြောပါတယ်။
အဲဒီတိုက်ပွဲဖြစ်နေတဲ့ နေရာကို ဂွအခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခု ဖြစ်တဲ့ ခမရ – ၅၆၃ တပ်ရင်းက စစ်ကူပို့ပေးနေတာတွေလည်း ရှိနေတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲ ပြင်းထန်ဖြစ်ပွါးနေတဲ့ နေရာအနီးဝန်ကျင်က ကျေးရွာတွေဖြစ်ကြတဲ့ ဂန့်ဂေါ်တောင် နဲ့ မြမင်္ဂလာကွက်သစ်က ဒေသခံတွေကို စစ်ကောင်စီက ထွက်ခွင့်မပေးပဲ ပိတ်ဆို့ထားတယ်လို့လည်း နောက်ထပ်အဲဒီကျေးရွာ အနီးမှာ ရှိတဲ့ ဒေသခံ တစ်ဦးကပြောပါတယ်။
“ရွာသားတွေကရွာက ထွက်ခွင့်မပေးဘူးလို့ သိရတယ်။စစ်ကောင်စီက အကုန်ပိတ်ထားတယ်တဲ့။လေကြောင်းတိုက်ခိုက်တာတော့ဆက်တိုက် ရှိတယ်။မနေ့ညနေကလည်း ဂန့်ဂေါ်တောင်က ဦးဂျွင်ဆိုတဲ့ နေအိမ်ကို စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်တွေ ကျရောက်တာတွေ ရှိတယ်လို့သိရတယ်လို့”သူကပြောပါတယ်။
အဲဒီ ဂန့်ဂေါ်တောင်ကျေးရွာဟာ ချင်းလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ကတည်းကပင် ဂွမြို့နယ်အတွင်း မှာရှိတဲ့ ကျိန္တလီမြို့မှာ နှစ်ဖက်တိုက် ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးနောက် အာရက္ခတပ်တော်အေအေက ကျိန္တလီမြို့ကို သြဂုတ်လ ၁၃ ရက်နေ့မှာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသ သတင်းအရင်းမြစ်တွေကအတည်ပြုပြောဆိုထားပါတယ်။
အဲဒီနောက် ကျိန္တလီမြို့နယ်အတွင်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို အာရက္ခတပ်တော် အေအေက လိုက်လံရှင်းလင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး ကျိန္တလီ – ဂွ သွားရာလမ်းတစ်လျှောက်က နေရာတွေမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေ တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီကလည်း ကျိန္တလီမြို့ တစ်ခုလုံး အာရက္ခတပ်တော် လက်ထဲ မကျရောက် သွားရလေအောင် စစ်ကူ နဲ့ လက်နက်အင်အားတွေပို့ဆောင်ကာ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် ခုခံတိုက်ခိုက်နေတာ လည်း ဖြစ်တယ်လို့ ဒေသသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။





**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.