Home သတင်း ဂန့်ဂေါ်တောင်ဆည်အနီး တိုက်ပွဲပြင်းထန်နေပြီးထွက်ပြေးနေတဲ့တပ်သားတွေကို စစ်ကောင်စီက ပြန်ဖမ်းနေရ

ဂန့်ဂေါ်တောင်ဆည်အနီး တိုက်ပွဲပြင်းထန်နေပြီးထွက်ပြေးနေတဲ့တပ်သားတွေကို စစ်ကောင်စီက ပြန်ဖမ်းနေရ

82
0
ပုံ ၊ တိုက်ပွဲဖြစ်ပွါးနေတဲ့ ဂန်ဂေါ်တောင်ဆည်မြင်ကွင်း။ပုံဟောင်း။

ဂွမြို့နယ်၊ကျိန္တလီမြို့အတွင်းမှာ ရှိတဲ့ ဂန့်ဂေါ်တောင်ဆည် အနီးမှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော် အေအေတို့ ဟာ နှစ်ဖက်တိုက်ပွဲတွေ အပြင်း အထန်ဖြစ်ပွားနေပြီး စစ်မတိုက်ရဲတော့လို့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ် သားတွေကို စစ်ကောင်စီတပ်တွေက ပြန်ဖမ်းဆီးနေရတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေတို့ဟာ အဲဒီဂန့်ဂေါ်တောင် ဆည်အနီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ည ကစပြီး နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွား‌နေတဲ့အတွက် စစ်ကောင်စီက ကြည်း၊ရေ၊လေ ပူးပေါင်းအင်အား နဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။

အဲဒီလို ခုခံတိုက်ခိုက်နေပေမယ့် အေအေ ရဲ့ထိုးစစ်ကို မခံရဲတဲ့ မြေပြင်က စစ်ကောင်စီတပ်သားတွေဟာ ထွက်ပြေးတာတွေရှိနေပြီး အဲဒီတပ်သားတွေကို စစ်ကောင်စီတပ်သားတွေက ပြန်လည်ဖမ်းဆီးကာ ရိုက်နှက်တာတွေ ရှိနေတယ်လို့ မြေပြင်စစ်ရေး အခြေအနေကို လေ့လာနေသူတစ်‌ ယောက်ကပြောပါတယ်။

ဂန်ဂေါ်တောင်အနီးအနား ကျေးရွာ ဒေသခံတစ်ဦးက "တိုက်ပွဲက တော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။လေကြောင်း၊ရေကြော င်း ပစ်ကူပေးနေပေမယ့် မြေပြင်ထိုးစစ်ကို စကစတပ်တွေက မခံနိုင်တော့ ထွက်ပြေးနေကြတယ်။ ပြေးတဲ့သူတွေကို သူတို့ပြန်လိုက်ဖမ်းနေရကြတယ်။"လို့ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီဟာ လေကြောင်းပစ်ကူ နဲ့ လက် နက်ကြီးပစ်ကူတွေ အဆက်မပြတ်ပေးနေတာရှိပြီး နှစ်ဖက်တိုက်ပွဲတွေ အပြင်း အထန်ဖြစ်ပွားနေတယ်လို့ နောက်ထပ်ဒေသ သတင်းအရင်းတွေရဲ့ပြောပြချက်ရသိရပါတယ်။

"မနေ့ကဆို ကျွန်တော်တို့ရွာထဲမှာ ထွက်ပြေးတဲ့ တပ်သားတွေကို စကစတပ်တွေက လိုက်ဖမ်းတယ်။ပြီးတော့ရိုက်နှက်တာတွေလုပ်ကြတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် အဲဒီတိုက်ပွဲဖြစ်နေတဲ့ နေရာကို ဂွအခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခု ဖြစ်တဲ့ ခမရ – ၅၆၃ တပ်ရင်းက စစ်ကူပို့ပေးနေတာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲ ပြင်းထန်ဖြစ်ပွါးနေတဲ့ နေရာအနီးဝန်ကျင်က ကျေးရွာတွေဖြစ်ကြတဲ့ ဂန့်ဂေါ်တောင် နဲ့ မြမင်္ဂလာကွက်သစ်က ဒေသခံတွေကို စစ်ကောင်စီက ထွက်ခွင့်မပေးပဲ ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေဟာ ထွက်ခွင့်မရဘဲ ပိတ်မိနေကြတယ်လို့လည်းဆိုပါတယ်။

နောက်ပြီးအာရက္ခတပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ကတည်းကဂွမြို့နယ်အတွင်း မှာရှိတဲ့ ကျိန္တလီမြို့မှာ နှစ်ဖက်တိုက် ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးနောက် အာရက္ခတပ်တော်အေအေက ကျိန္တလီမြို့ကို သြဂုတ်လ ၁၃ ရက်နေ့မှာ ထိန်းချုပ်နိုင်ခဲ့ပြီး ကျိန္တလီတစ်မြို့လုံးကို ထိန်းချုပ်နိုင်ဖို့အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here