မာန်အောင်မြို့နယ် အတွင်းက မျှော်တော်ဦးရေတပ်စခန်းကို စစ်ကောင်စီက အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာဘ ၄ ရက်နေ့မှာ စစ်ကောင်စီ နေဗီတစ်စီးနဲ့ စစ်လက်နက်အပါအဝင် လူအင်အား ၃၀ လောက်ကို မျှော်တော်ဦးရေတပ်သို့လာ ရောက်ပို့ဆောင်တာတွေ ရှိခဲ့ပြီး အဲဒီမတိုင်ခင် ရက်တွေကလည်း လူအင်အား နဲ့ ရိက္ခာအင်အား ဖြည်တင်းတာတွေ ရှိနေခဲ့တယ်လို့ မာန်အောင် စစ်ရေး အခြေအနေကို လေ့လာစောင့်ကြည့်နေသူ တစ်ဦးကပြောပါတယ်။
“စစ်ကောင်စီကတော့ မာန်အောင်ကို စစ်လက်နက်တွေ နဲ့ လူအင်အားတွေဆက်တိုက်ပို့နေတယ်။မျှော်တော်ရေတပ်ထဲမှာဆိုရင် နေစရာနေရာတွေ တောင်မရှိတော့ဘူးလို့ သိရတယ်။မာန်အောင်မှာ စစ်ဖြစ်တာ စစ်ရေးတင်မာတာတွေတော့ မရှိဘူး။ပြီးတော့ မျှော်တော်ဦးရေတပ် အနီးတစ်ဝိုက်မှာလည်း ဘန်ကာတွေ အခိုင်အမာတည်ဆောက်ထားတာတွေ ရှိတယ်လို့“သူကပြောပါတယ်။
မာန်အောင်မြို့နယ် အတွင်းမှာ စစ်ကောင်စီ နဲက အာရက္ခတပ်တော် အေအေ တို့ဟာ စစ်ရေးတင်းမာတာ တစ်စုံတရာ မရှိပေမယ့် သံတွဲကို စစ်ကောင်စီက လက်လွတ်ရပြီးနောက်ပိုင်းမှာ စစ်အင်အား ပိုမို့ ဖြည့်တင်းတာတွေ ကို လုပ်ဆောင်လာတာ ဖြစ်တယ်လို့ လည်း ဒေသခံတွေကဆို ပါတယ်။
အဲတာတွေ အပြင်ဒေသအတွင်းမှာ စစ်ကောင်စီက အခုလို စစ်အင်အား၊လက်နက်အင်အား နဲ့လူအင်အားတွေကို ဆက်တိုက်ဖြည့်တင်းနေတာဟာ သူတို့ လက်လွတ်ဆုံးရှုံးထားရတဲ့ ရမ်းဗြဲမြို့ကို ပြန်လည်းထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ အတွက် စစ်အင်အားဖြည့်တင်းနေတာဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေတယ်လို့ နောက်ထပ် ဒေသခံ တစ်ဦးကပြောပါတယ်။
“ဒေသမှာပြောနေတာကတော့ စစ်ကောင်စီက ရမ်းဗြဲကို ပြန်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်အင်အားဖြည့်တင်းနေတာလို့လည်းပြောကြတယ်။ဘာတွေလည်းတော့မသိဘူး အခုက ဖုန်းလိုင်းအင်တာနက်လိုင်းတွေကလည်း မရဘူး။စစ်တပ်ရှိတဲ့ နေရာတွေမှာတော့ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ရတယ်လို့ ” သူကပြောပါတယ်။
မာန်အောင်ဟာ သီးခြားနေရာမှာတည်ရှိနေတဲ့ ကျွန်းတစ်ခု ဖြစ်ပေမယ့် စစ်ကောင်စီက ရခိုင်တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကတည်းကပင် သွားလာခွင့်၊ငါးဖမ်းခွင့် နဲ့ ရိက္ခာသယ်ယူခွင့် စတာတွေကို ပိတ်ပင်ခံထားတဲ့ မြို့နယ် တစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီလို စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ဒေသ အတွင်းကပြည်သူတွေဟာ ဆေးဝါးပြတ်လပ်တာ၊စားသောက်ကုန် အဆမတန်ဈေးမြင့်တက်တာ စတဲ့ ဒဏ်တွေကို ခံစားနေကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။