ပေါက်တောမြို့နယ်အတွင်းမှာ ရှိတဲ့ ရှင်ရွာ ကျေးရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီမှာ ဂျက်တိုက်လေယာဉ် နဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်ဆောင်ခဲ့တာကြောင့် ၁၇ ဦးသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒီနေ့ မှာ အေအေ ကသတင်းထုတ် ပြန်လာပါတယ်။
အဲဒီလို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ရှင်ရွာကျေးရွာဟာ စစ်သုံ့ပန်းတွေ၊အကျဉ်းသားတွေကို ဆေးကုသပေးနေတဲ့နေရာ တစ်ခုဖြစ်ပြီးတယ်လို့ အေအေ ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
သေဆုံးသူတွေထဲမှာ ကျန်းမာရေးဆိုးဝါးပြီး ဆေးကုသဖို့လိုအပ်နေတဲ့ အရာရှိကြီးတချို့၊ စစ်ကောင်စီ ရဲ့ သတင်းပေးတွေလို့ ယူဆပြီး သံသယနဲ့ ဖမ်းဆီး စစ်ဆေးနေသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့ ၊အကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ အေအေရဲ့ ကျန်းမာရေးဝန်ထမ်းတချို့ နဲ အဲဒီ အနီး ဝန်းကျင်မှာ ရှိတဲ့ အရပ်သားပြည်သူ၊ ကလေးတချို့ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အေအေ ရဲ့ သေဆုံးမှု စာရင်းထုတ်ပြန်ချက်ထဲမှာတော့ဖမ်းဆီးထားတဲ့ စစ်သုံးပန်း ၇ ဦးပါအဝင် နောက်ထပ် ကျောက်တော်၊စစ်တွေ နဲ့ ပေါက်တော ဒေသတွေက သေဆုံးသွာတဲ့ ပြည်သူ ၁၀ ဦးရဲ့ အမည်တွေကိုတော့ နာမည်တွေ နဲ့ တကွ ဖော်ပြထားတာ တွေရပါတယ်။အဲတာတွေ အပြင် အလတ်စား ၊အပြင်းစား နဲ့ စိုးရိမ်ရ ဒဏ်ရာ ရရှိသူ ၁၀ ဦးလည်း ရှိတယ်လို့ အေအေ ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၆) ရက်နေ့ကလည်း ပေါက်တောမြို့နယ် အတွင်းကို စစ်တွေမြို့မှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၁၂) ရဲတပ်ရင်း နဲ့ ပွိုင့်ရေတပ်စခန်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ရဲ့နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ရ ရက်နေ့မှာလည်း စစ်ကောင်စီက သံတွဲမြို့ကို လေကြောင်းတိုက်ခိုက်တာ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားကျောင်းဆရာ တစ်ဦးသေဆုံးကာ ဒေသခံ ပြည်သူ ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြီး လူနေအိမ်တွေလည်း အများအပြားပျက်စီးခဲ့တာ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
နိုင်ငံတစ်ဝန်းလုံးမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ မြို့တွေက စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံ၊ ဈေး အစရှိတဲ့နေရာတွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကလေးငယ်တွေ ကိုယ်ဝန်ဆောင်မိခင်တွေ နဲ့ သက်ကြီးရွယ်အိုတွေ ဟာနေ့စဉ်ရက်ဆက် မြန်မာနိုင်ငံနေရာ အနှံ့မှာ အစုလိုက်အပြုံလိုက် သေဆုံးတဲ့ ဖြစ်စဉ်တွေဟာလည်း နေ့စဉ် ဖြစ်ပေါ်နေကြရပါတယ်။