Home သတင်း လေသူရဲကောင်းတွေ အနေ နဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်တွေ ရဲ့ ခိုင်စေမှုအတိုင်း အကြမ်းဖက်တိုက်ခိုက်မှုကို မပူးပေါင်းဖို့ ညီနောင် ၃ ဖွဲ့တိုက်တွန်း

လေသူရဲကောင်းတွေ အနေ နဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်တွေ ရဲ့ ခိုင်စေမှုအတိုင်း အကြမ်းဖက်တိုက်ခိုက်မှုကို မပူးပေါင်းဖို့ ညီနောင် ၃ ဖွဲ့တိုက်တွန်း

74
0
စက်တင်ဘာလ ၉ ရက်နေ့ညက စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မောင်တောမြို့ လေးမိုင်(နခခ-၂) က ဒဏ်ရာရ စစ်သုံးပန်းများတွေ့ရစဉ်။

အကြမ်းဖက်လုပ်ရပ်မျိုးစုံကို နေ့ စဉ်ပုံစံအမျိုးမျိုး နဲ့ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေ ရဲ့ အမိန့်ပေးခိုင်းစေမှုအတိုင်း လေသူရဲကောင်းတွေ အနေ နဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပူးပေါင်းဆောင်ရွက်တာမျိုးတွေ မလုပ်ကြဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ“အကြမ်းဖက်လုပ်ရပ်မျိုးစုံကို နေ့စဉ်ပုံစံအမျိုးမျိုး နဲ့ လက်ရဲဇက်ရဲကျူးလွန်နေသော စစ်ရှုံးစစ်ကောင်စီခေါင်းဆောင်များရဲ့ အမိန့်ပေးတာဝန်ပေးခံရသော လေသူရဲကောင်းများ အနေ နဲ့ ယခုကဲ့သို့အကြမ်းဖက်တိုက်ခိုက်မှုမျိုးတွင် ပူပေါင်းဆောင်ရွက်တာမျိုးမလုပ်ကြရန်တိုက်တွန်းတယ်လို့”ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ မြန်မာနိုင်ငံ အနှံ့မှာ ရှိတဲ့ သူတို့ အခြေစိုက်ယူထားတဲ့ တပ်ရင်း၊တပ်မ ၊စကခ၊ဒကစ၊ရခမ အပါအဝင် စစ်တိုင်းဌာနချုပ်တွေ နဲ့ လေ့ကျင်ံရေး သင်တန်းကျောင်းတွေ မြောက်များစွာ နဲ့ နေရာဒေသ အသီးသီးက မြို့ရွာတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် တိုင်ရင်းသား လက် နက်ကိုင်တွေ ဆီမှာ လက်လွတ် အရှုံးပေးထားရတာတွေ ရှိနေပါတယ်။

အဲဒီလိုနယ်မြေတွေကို လက်လွတ်အရှုံးပေးထားရတဲ့ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်ချုပ်ထားရာ မြို့ရွာတွေကို ဒီရက်ပိုင်း အတွင်း မှာ အငြိုးတကြီး နဲ့ နေ့ ၊ည မရွေးလေကြောင်းတိုက်ခိုက်တာတွေလုပ်ဆောင်နေပြီး အဲဒီလို လေကြောင်းတိုက်ခိုက်တာတွေ ကြောင့်လည်း မြန်မာနိုင်ငံ အနှံ့အပြားက အပြစ်မဲ့ ကလေး၊လူကြီး၊ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အရပ်သားများ နဲ့ ရဟန်းရှင်ပြည်သူလူထုတွေလည်း သေဆုံးနေကြရသလို တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ စစ်သုံးပန်းအဖြစ် ဖမ်းဆီးတာကို ခံထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ စစ်ကောင်စီ မိသားစုဝင်တွေဟာလည်း နေ့စဉ်သေဆုံးဒဏ်ရာ ရတာတွေ ရှိနေရတယ်လို့ဆိုပါတယ်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ အနေ နဲ့ အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာ ရရှိသွားတဲ့ မိသားစု ဆွေးမျိုးတွေ နဲ့ထပ်တူးဝမ်းနည်းရသလို အာဏာလက်လွတ်ဖို့ နီးကပ်လာနေတဲ့ စစ်ရှုံးစစ်စီရဲ့ စစ်ရာဇဝတ်မှု နဲ့လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်တွေကို မှတ်တမ်းတင်ထားကာ အိမ်နီးချင်းနိုင်ငံတွေ နဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားတဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာ အဖွဲအစည်းတွေကို ပေးပို့သွားမှာ ဖြစ်တယ်လို့လည်း ညီနောင် ၃ ဖွဲ့ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင်လက်ရှိစစ်ကောင်စီကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကိုလည်း ဆက်လက်စောင့်ကြည့်ထားဖို့ကိုလည်း တိုက်တွန်းထားသလိုမိဘပြည်သူတွေ အနေ နဲ့လည်း စစ်ကောင်စီရဲ့လေကြောင်း အန္တရာယ်ကို အထူးသတိထားနေထိုင်ကြဖို့ကိုလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here