Home သတင်း မောင်တော ၄ မိုင် နခခ – ၂ စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အကျဉ်းသား ၅၀ ကျော်သေဆုံးပြီး...

မောင်တော ၄ မိုင် နခခ – ၂ စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အကျဉ်းသား ၅၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရ

63
0
ပုံ၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ မောင်တောမြို့ လေးမိုင် နခခ - ၂ မြင်ကွင်း။

မောင်တောမြို့ လေမိုင် (နခခ – ၂) ကို စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ မိနစ်၃၀ အချိန်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၂ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အကျဉ်းသား ၅၀ ကျော်သေဆုံးခဲ့ရပြီး အမြောက်အများဒဏ်ရာ ရရှိခဲ့တယ်လို့ ဒီနေ့ မှာ အေအေက သတင်းထုတ်ပြန်လာပါတယ်။

အဲဒီစခန်းကို အာရက္ခတပ်တော် အေအေက ဇူလိုင်လ ၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ပြီးနောက် မောင်တောမြို့သိမ်းတိုက်ပွဲ အတွင်းကဖမ်းဆီး ရမိထားတဲ့ စစ်သုံးပန်းတွေ၊ ARSA ၊ RSO တွေ၊အကြမ်းဖက် စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်တွေ၊အကြမ်းဖက်စစ်ကောင်စီ ရဲ့ လက်ကိုင်တုတ်တွေ၊သတင်းပေးတွေ၊ULA/AA အဖွဲ့အစည်း နဲ့ရက္ခိုင်အမျိုးသားတော်လှန်ရေးကို အနှောက်ယှက်ပေးပြီးဖျက်ဆီးဖို့ကြိုးစားအားထုတ် နေသူတွေ၊ ALP နဲ့ဆက်စပ်နေသူတွေ အပါအဝင် သံသယအမျိုးမျိုး နဲ့ စစ်ဆေးမေးမြန်းဖို့ဖမ်းဆီးထားတဲ့ သူတွေကို ထား ရှိတဲ့နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂စီး နဲ့ ၂ ကြိမ် တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဲဒီထဲက အကျဉ်းသား ၅၀ ကျော်မှာ ပွဲချင်းပြီးသေဆုံးခဲ့ရသလို မြောက်များစွာ ဒဏ်ရာ ရရှိသူတွေလည်း ရှိပြီး အဲဒီဒဏ်ရာ ရသူတွေထဲမှာလည်း အသက် အန္တရာယ်စိုးရိမ်ရသူတွေ ဆက်လက် ရှိနေဆဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီစခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုမလုပ်ဆောင်ခင် ည ၈ နာရီ မိနစ် ၂၀ နဲ့ ၂၃ မိနစ်အကြားမှာလည်း လည်း မောင်တောမြို့ (၃)မိုင်း နဲ့ ဝေသာလီရွာအတွင်းမှာ ရှိတဲ့ UNအဆောက်အအုံကိုလည်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေတဆင့်ဂျက်လေယာဉ် တစ်စီး နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၈) ရက်နေ့ ညနေ (၆) နာရီကျော်မှာလည်း အာရက္ခတပ်တော် အေအေက သိမ်းပိုက်ထားပြီး စစ်သုံပန်းတွေ နဲ့ အကျဉ်း သားတွေကို ဆေးကုသပေးနေတဲ့ နေရာတစ်ခုဖြစ်တဲ့ ပေါက်တောမြိုနယ်၊ ရှင်ရွာကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ လုပ်ဆောင်ခဲ့ တာကြောင့် အရပ်သား ၁၀ ဦး နဲ့ စစ်သုံးပန်း ၇ ဦးသေဆုံးခဲ့ရသလို အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရဒဏ်ရာရရှိသူ စုစုပေါင်း (၁၀) ဦးလည်း ရှိခဲ့ရပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကို တစ်နိုင်ငံလုံးအတိုင်းအတာ အနေ နဲ့ အရင်တုန်းကထက် ပိုမို လုပ်ဆောင်လာ နေတာကို တွေ့ နေရတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် ပြည်သူတွေ အနေ နဲ့လူနေထူထပ်တဲ့ နေရာတွေ ဖြစ်တဲ့ ဆေးရုံ၊စာသင်ကျောင်း၊ဈေး၊ဘုန်းကြီးကျောင်း၊ခရစ်ယာန်ဘုရားကျောင်း၊လူနေ အ ဆောက်အဦးအစိုးရ အဆက်ဆက်က အသုံးပြုခဲ့တဲ့ ဌာနဆိုင်ရာအဆောက် အဦးတွေ အပါအဝင်သူတို့ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ စခန်းတွေကိုပါ လေကြောင်းကနေ တဆင့် ဗုံးကြဲ တိုက်ခိုက်တာတွေ ရှိနေတာကြောင့် အဲဒီနေရာကို သွားလာတဲ့ အခါမှာလည်း လေကြောင်းရန် နဲ့မိုင်းအန္တရာယ်တွေကို သတိထား သွားလာကြဖို့ အေအေ က တိုက်တွန်း ပြောဆို ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here