ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်မှာဒီရက်ပိုင်းမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မြို့ပေါ်က ရပ်ကွက်တချို့ကိုပြောင်းရွှေ့နေရာချထားရတယ်လို့ မြို့တွေက ပြောပါတယ်။
သံတွဲ မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းကစပြီး မိုးအဆက် မပြတ်ရွာသွန်းပြီးရေကြီးလာတာကြောင့် ဒီကနေ့မနက်ပိုင်းမှာပဲ သံတွဲမြို့ပေါ်က ထောင်နဲ့ချီတဲ့ ဒေသခံတွေကို အရေးပေါ်ဘေးလွတ်ရာကို ပြောင်းရွှေ့ထားရ တယ်လို့ ဒေသခံတစ်ဦး ကပြောပါတယ်။
“ပြောင်းထားရတဲ့ ရပ်ကွက်တွေက မြေအနိမ့်ပိုင်းက အံတော်ရပ်ကွက် ၊ သ မုတ်ချောင်း ရပ်ကွက် ၊ ညောင်ပင်စျေးအုပ်စု က လူဦးရေ ၁၀၀၀ လောက် နေရာပြောင်း ထားရ တယ်။ဒီနေ့မနက် ၇ နာရီလောက်မှာ စပြီးပြောင်းထား ရတာ။အဲနေရာတွေကို နည်းနည်း စိုးရိမ်ရလို့ ပြောင်းရွှေ့ရတာဖြစ်တယ်လို့”ပြောပါတယ်။
သံတွဲမြို့နယ်မှာပြီးခဲ့တဲ့ ဇူလှိုင်ကအတွင်းကလည်း ရေကြီးရေလျံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဒေသခံတွေ အခက်ကြုံခဲ့ရသလို လက်ရှိမှာလည်း နောက်ထပ်တကြိမ် ရေကြီးရေလျံမှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။
ဒ့ါပြင် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့လတွေ က စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တို်က်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ကို ထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။ စစ်ဘေးအပြင် ရေဘေးပါ ခဏခဏကြုံနေရတာကြောင့် အတော်အခက်ကြုံရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။



“အခုက အိမ်တော်တော်များများက စစ်ဘေးရှောင်နေရတာတွေများတယ်။ရေ ၂ ခါမြုပ်တော့ အိမ်တွင်းပစ္စည်းတွေလည်း မပြောင်းရွှေ့ရတော့ ပျက်စီးတာတွေလည်း တော်တော်များ ရတယ်”လို့ သူကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ နှစ်စဉ်နှစ်တိုင်းဆိုသလို မိုးရာသီရောက်ပြီဆိုရင် ရေကြီးရေလျံမှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒီနှစ်အတွင်းလည်း ရေကြီးရေလျံမှုတွေကြောင့် ရခိုင်မြောက်ပိုင်း သိန်းနဲ့ချီတဲ့ စပါးစိုက်ခင်းတွေပျက်စီးခဲ့တာတွေလည်းရှိနေတာပါ။
လက်ရှိမှာလည်း ရခိုင်ပြည်နယ်က အမ်းမြို့နယ် တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်တွေမှာ ရေကြီးရေလျံမှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ရခိုင်ပြည်နယ်မှာ လာမယ့် ၂၄နာရီအတွင်း မိုးကြီးရေလျံတာတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။





**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.