စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရခိုင်မှာ ၈ လကျော်အတွင်းမှာ ဒေသခံပြည်သူ ၃၁၁ ဦးသေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ထုတ်ပြန် ချက်စာရင်းတွေ အရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေ ပီပီ)ရဲ့ ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေ အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကပင် စက်တင်ဘာလ ၁၂ ရက်နေ့အထိ နိုင်ငံတဝန်းလုံးမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ အမျိုးသမီး (၄၅၁) ဦး နဲ့ အမျိုးသား (၉၁၁) ဦး စုစုပေါင်း ၁၃၆၂ ဦးရှိခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၇၉) ဦးနဲ့ အသက် ၆၀ အထက် သေဆုံးသူ (၁၆၅) ဦး ပါဝင်ခဲ့ပြီး သေဆုံးသူတွေကို နာမည် နဲ့ တကွ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးသူ ၁၃၆၂ ဦးထဲမှာ ရခိုင်ပြည်အတွင်းက ၃၁၁ ဦးပါဝင်ခဲ့တာဖြစ်ပြီး သေဆုံးတဲ့ အရပ်သားပြည်သူ ၃၁၁ ဦးထဲက ၁၀၈ ဦးဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်သလို လက်နက်ကြီးထိမှန်သေဆုံးသူ ၉၉ ဦး နဲ့ ဒုတိယ အများဆုံးသေဆုံး ခဲ့ရတာ ဖြစ်တယ်လို့လည်း အေအေပီပီ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့၊ ညနေ ၆ နာရီ ၅၀ မိနစ်နှင့် ၅၅ မိနစ်တို့တွင် အကြမ်းဖက် စစ်အုပ်စုက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ အာရက္ခတပ်တော်(AA)က စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသည့် နေရာအား ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဦးစောသန်းမောင်၊ မလှစောခင်၊ ဦးစောညီညီ (ခ) တောင်မင်း၊ ဦးကျော်သာမောင်၊ ကိုဘုန်းမြတ်ပိုင်၊ ကိုမောင်သိန်းထွန်း (ခ) ငမဲခေါင်၊ ဦးသိန်းထွန်းအောင်၊ ဦးကျော်ဝင်းမောင်၊ အသက် ၁၄ နှစ်အရွယ် မောင်ဝေယံဖြိုး၊ အသက် ၁၇ နှစ်အရွယ် မောင်စိုးမင်းအောင်တို့နှင့်အတူ စစ်သုံ့ပန်း ၇ ဦးအပါအဝင် စုစုပေါင်း (၁၇) ဦး သေဆုံးခဲ့ပြီး (၁၀) ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်တွေဟာ သူတို့လက်လွတ်လိုက်ရတဲ့မြို့တွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မယ်လို့ တရားဝင်ထုတ်ပြန်ကြေညာပြီး နောက်မှာတော့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်နဲ့ ၅၅ မိနစ်မှာတော့ ရခိုင်ပြည်၊ ပေါက်တောမြို့အတွင်း က အာရက္ခတပ်တော် အေအေ ကဖမ်းဆီးရမိထားတဲ့ စစ်သုံးပန်းတွေ နဲ့ အကျဉ်းသားတွေကို ဆေးကုသမှုပေးနေတဲ့ ရှင်ရွာကျေးရွာကို စစ်ကောင်စီက ဂျက်တိုက် လေ ယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဦးစောသန်းမောင်၊ မလှစောခင်၊ ဦးစောညီညီ (ခ) တောင်မင်း၊ ဦးကျော်သာမောင်၊ ကိုဘုန်းမြတ်ပိုင်၊ ကိုမောင်သိန်းထွန်း (ခ) ငမဲခေါင်၊ ဦးသိန်းထွန်းအောင်၊ ဦးကျော်ဝင်းမောင်၊ အသက် ၁၄ နှစ်အရွယ် မောင်ဝေယံဖြိုး၊ အသက် ၁၇ နှစ်အရွယ် မောင်စိုးမင်းအောင်နဲ့အတူ စစ်သုံ့ပန်း ၇ ဦးအပါအဝင် စုစုပေါင်း (၁၇) ဦး သေဆုံးခဲ့ပြီး (၁၀) ဦး ဒဏ်ရာရရှိခဲ့ရပါတယ်။
အဲဒီနောက် စက်တင်ဘာလ ၉ ရက်နေ့ ည (၉) နာရီ (၃၀) မိနစ်အချိန်မှာလည်း အေအေ က ဖမ်းဆီးရမိထားတဲ့ စစ်သုံးပန်းတွေ ထားရှိရာ နေရာတစ်ခုဖြစ်တဲ့ မောင်တောမြို့ လေးမိုင် နခခ -၂ ကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာကြောင့် အေအေ ဖမ်းဆီးထားတဲ့ စစ်သုံးပန်း အပါအဝင် အကျဉ်းသား ၅၀ ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာ ရရှိသူ အများအပြားလည်း ရှိခဲ့ရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က မတရားအာဏာ သိမ်းယူခဲ့စဉ်ကတည်း ကပင် စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ စစ်ကောင်စီတပ်တွေ နဲ့ စစ်ကောင်စီလက်ပါးစေတွေ ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူ နဲ့ ပြည်သူစုစုပေါင်း (၅၆၅၄) ဦးထိသေဆုံးခဲ့ရပြီး ဖြစ်တယ်လို့လည်း အေအေပီပီ ရဲ့ ထုတ်ပြန်ချက် စာရင်း အရ သိရပါတယ်။