Home သတင်း အာရက္ခတပ်တော် အေအေက အကျင့်ပျက်ဝန်ထမ်းတွေကို ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်

အာရက္ခတပ်တော် အေအေက အကျင့်ပျက်ဝန်ထမ်းတွေကို ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်

114
3

အာရက္ခတပ်တော် အေအေသိမ်ပိုက်ရရှိထားတဲ့ မြို့နယ်တွေထဲမှာ ရှိနေတဲ့ ဝန်ထမ်းတချို့ဟာ လုပ်ပိုင်ခွင့်၊ အာဏာတိုကို အလွဲသုံးစားလုပ်ပြီး အကျင့်ပျက်မှုတွေ ရှိနေတာကြောင့် အဲဒီဝန်ထမ်းတွေကို စီစစ်ကာထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ အေအေ ကတရားဝင်ထုတ်ပြန်လာပါတယ်။

အာရက္ခတပ်တော် အေအေ ရဲ့ ထုတ်ပြန်ချက်မှာ“အာရက္ခတပ်တော်သည် တိုက်ပွဲများအတွင်း လိုက်နာကျင့်သုံးရမည့် အာရ က္ခစစ်သည်တော်ကျင့်ဝတ်များ နှင့် ပြည်သူလူထုနှင့် ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားများကို တိကျစွာ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးကြရန် အဆင့်ဆင့်ညွှန်ကြားထားပြီးဖြစ်ပါသည်။ သိုရာတွင် မိမိတို၏ တပ်ဖွဲဝင်နှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချိုတိုသည် လုပ်ပိုင်ခွင့်၊ အာဏာတိုကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် အဆိုပါ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ” ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာရက္ခတပ်တော် အေအေ နဲ့စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးချိန်ကတည်းကပင် အာရက္ခဒေသမှာ ရှိကြတဲ့ ပြည်သူတွေဟာ မိမိတို့ အိမ်တွင်းရှိ ဆိုင်ကယ်၊ကား၊မီးခံသေတ္တာ အစရှိတဲ့ လေးလံပြီးရွှေ့ပြောင်းသယ်ယူဖို့ အဆင်မပြေတဲ့ပစ္စည်းတွေကို မိမိတို့ အိမ်တွင်းမှာ ဝှက်ထားခဲ့ရပြီး ရွှေငွေတချို့ဟာ ပျက်စီးယုံသာမကာ တိုက်ပွဲဖြစ်ပွါးနေချိန်အတွင်း ပျောက်ဆုံးခဲ့ရသလို တိုက်ပွဲ ဖြစ်ပွါးပြီး နောက်ပိုင်း တွေမှာလည်း ပျောက်ဆုံးမှု များစွာလည်း ရှိနေခဲ့ကြရပါတယ်။

အဲဒီလို ပျောက်ဆုံးမှု အခြေအနေတွေကို ဒေသခံတွေ ရဲ့ တိုင်ကြားချက်အရ အာရက္ခတပ်တော် အေအေ ရဲ့ ထောက်လှမ်း ရေးအဖွဲ့တွေက စုံစမ်းထောက်လှမ်းပြီး ခိုးမှုထင်ရှားသောသူတွေကို အာရက္ခတပ်တော် အေအေ ကအပြစ် ပေးအရေးယူဆောင် ရွက်ထားသလို ခိုးယူထားတဲ့ ပစ္စည်းတွေကိုလည်း ပြန်လည်သိမ်းဆည်းကာ ပိုင်ရှင်အစစ်အမှန် လက်ထဲကို ပေးအပ်ထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဥပမာ အနေ နဲ့ ကျိ န္တလီမြို၊ အမှတ် (၂) ရပ်ကွက်မှာ ရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုအတွင်းက ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းများ ဝှက်ထားခဲ့တာကို အာရက္ခတပ်တော်မှ ပြန်လည်ရှာဖွယ်ကာ ပစ္စည်းများအားလုံးကို ကာယကံရှင်လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်းပေးခဲ့သလို ပေါက်တော၊မောင်တော၊ရမ်းဗြဲ စတဲ့ မြို့တွေက စစ်ကောင်စီတပ်သားတွေ ခိုးယူထားတဲ့ ဒေသခံ ပြည်သူတွေ ရဲ့ ပစ္စည်းတွေကို အာရက္ခတပ်တော် အေအေ က သိမ်းဆည်းကာ ပိုင်ရှင်တွေကို ပေးအပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် မိဘပြည်သူများ အနေ နဲ့ တိုက်ပွဲ အတွင်းနဲ့ တိုက်ပွဲ ပြီးဆုံးချိန်အတွင်းမပျက်စီးပဲ ပျောက်ဆုံးနေတဲ့ ပစ္စည်းများ ရှိခဲ့ရင် သက် ဆိုင်ရာ ဒေသ၊ နယ်မြေ အုပ်ချုပ်ရေးမှူး တွေဆီကို မှန်မှန်ကန်ကန် သတင်းပေးတိုင်ကြားဖို့ကို အာရက္ခတပ်တော် အေအေက အခုလို တိုက်တွန်းထားပါတယ်။

3 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here