ဂွမြို့နယ်၊ကျိန္တလီမြို့အတွင်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဆန္ဒားရွာစာသင်ကျောင်းကို စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်လို့ စစ်ဘေးရှောင် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲဒီကျေးရွာကို စစ်ကောင်စီက တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွါးတာ မရှိပဲ စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လယ်က ပစ်ခတ်ခဲ့တာကြောင့် အခုလို စစ်ဘေးရှောင်တွေ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ အဲဒီကျေးရွာ ဒေသခံ တစ်ဦးကပြောပါတယ်။
“ တိုက်ပွဲဖြစ်တာမရှိဘူး ဒီရက်ပိုင်းစစ်ကောင်စီက တမင်ကိုပစ်တာ။သေဆုံးတာ အမျိုးသမီးအဒေါ်ကြီး နောက်ဒဏ်ရာရတာ ကအမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦး။အခုတော့ စစ်ကောင်စီတပ်တွေက သေတဲ့သူတွေရောဒဏ်ရာရသူတွေရော သူတို့ ဆေးကုသပေးမယ်ဆိုပြီးခေါ်သွားတယ်လို့”သူကပြောပါတယ်။
အဲဒီ ဆန္ဒားရွာဟာ ကျောက်ခေါက်ကွင်း နဲ့ ဆားချက်ကျေးရွာကြားမှာ ရှိတဲ့ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။အဲဒီပစ်ခတ်မှုကို တော့ ကုလားပြင်(ရတနာမြိုင်)ကျေးရွာမှာအခြေစိုက်ထာတဲ့ ရဲစခန်းကပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီပစ်ခတ်မှု အပြီးမှာစစ်ကောင်စီတပ်တွေရွာထဲကို ရောက်လာပြီးတော့ သေဆုံးသွာတဲ့အလောင်းနဲ့ ဒဏ်ရာရတဲ့သူတွေကို ခေါ်ဆောင်သွားခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်အေအေတို့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဂန့်ဂေါ်ဆည်အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးတာ ရှိခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးတာ မရှိပဲ ရပ်တန့်နေတာလည်း ဖြစ်ပါတယ်။အဲဒီလို တိုက်ပွဲတွေ ရပ်တန့်နေပေမယ့် စစ်ကောင်စီကတော့ လက်နက်ကြီးပစ်ခတ်မှုတွေကို တစ်နေ့မှာ ၁၀ ကြိမ်ထက်မနည်းပစ်ခတ်တာတွေကိုလုပ်ဆောင်တာတွေရှိနေတယ်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။
(အဆိုပါ သတင်းတွင် သေဆုံသူ နဲ့ ဒဏ်ရာရသူတွေရဲ့ အမည်စာရင်းကို ဖော်ပြရန် မိသားစုဝင်များက ခွင့်မပြုတာကြောင့် အမည်များကိုမဖော်ပြခြင်းဖြစ်သည်။)
သတင်း၊CNA၊ဂူးဂူး။
I’m hooked on Wazamba Casino, it radiates a gaming vibe as untamed as a tropical storm. The casino’s game lineup is a rainforest of delights, featuring casino slots with exotic jungle themes. The assistance is warm and reliable like a campfire, reachable via chat or email. The casino process is transparent with no hidden traps, but the casino offers could be more generous. In the end, Wazamba Casino is a gem for casino fans for casino adventurers! Additionally the casino interface is smooth and vibrant like a tropical sunrise, easing a thrilling casino experience.
wazamba casino malaysia|