ဒီနေ့ မနက် ၅ နာရီ မိနစ်၂၀ လောက်မှာ စစ်ကောင်စီတပ်က မြိုလူမျိုးတွေ နေထိုင်တဲ့ မောင်တောမြို့နယ်ထဲက ကိုင်ကြီးကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ ဆရာတော် တစ်ပါး နဲ့ ဒေသခံ ကလေးငယ် ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီစစ်ကောင်စီ ဂျက်ဖိုက်တာ တစ်စီးဟာ ဒီနေ့ မနက် ၅ နာရီ ၂၀ လောက်မှာ ကိုင်းကြီးကျေးရွာကို လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး ဘုန်းကျောင်းခြံဝင်းထဲ နဲ့ ကျေးရွာထဲကို ၂ လုံးကျရောက်ပေါက်ကွဲကာ အခုလို အရပ်သားပြည်သူတွေ ဒဏ်ရာ ရရှိခဲ့တာဖြစ်တယ်လို့ ကိုင်းကြီးကျေးရွာ ဒေသခံတစ်ဦးကပြောပါတယ်။
“ဘုန်းကြီးကျောင်းခြံထဲကို တစ်လုံးကျတယ် ဘုန်းကြီးကျောင်းလည်းပျက်စီးသွားတယ်။ဆရာတော်ကတော့ ဦးခေါင်းဒဏ်ရာရသွား။နောက်တစ်လုံက ရွာထဲကို ကျတယ်။နောက်ကလေးငယ် ၂ ဦးကတော့ လက်မောင်းနဲ့ ကိုခန္တာတွေမှာ ထိမှန်ဒဏ်ရာရသွားတယ်လို့”သူကပြောပါတယ်။
ဒဏ်ရာ ရရှိသွားတဲ့ ဆရာတော်မှာ မြိုကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝန ဖြစ်ပြီး နောက်ထပ် ဒဏ်ရာ ရရှိသွားတဲ့ ကလေးငယ် ၂ ဦးကတော့ အသက် ၉ နှစ်အရွယ် အိမ်ခေါ်အမည် (ရီသူမ)အမျိုးသမီးငယ် တစ်ဦး နဲ့ အသက် ၁၂ နှစ်အရွယ် ကိုကိုမောင်တို့ဖြစ်ကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရခိုင်စစ်မြေပြင်မှာ စစ်ရေးအရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေ မြို့တွေ နဲ့ သာသနိက အဆောက်အဦးတွေ ဆေးရုံ ဆေးခန်းတွေ ကို တမင်ရည်ရွယ်ချက် ရှိရှိ နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
အဲဒီလို အရပ်သား ပြည်သူတွေ နေထိုင်ရာနေရာတွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာ မတရား ဖမ်းဆီးသတ်ဖြတ်တာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ ကြောင့်ရခိုင်တကျော့ပြန် တိုက်ပွဲ ၆ ကျော်ကာလအတွင်းမှာ အရပ်သား ပြည်သူ ၃၁၉ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရ လူ၁၁၄၆ ဦးထိ ရှိခဲ့သလို နေအိမ် ၈၄၅၁ ဆောင် ပျက်ဆီးခဲ့ရပြီး ဆေးရုံ ၉ ရုံ နဲ့ သသနိက အဆောက် အဦး ၆၁ ဆောင် ပျက်စီးခဲ့ရတယ်လို့ အာရက္ခတပ်တော် အေအေ က မနေ့ကကျင်းပ ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောကြားထားပါတယ်။
အာရက္ခတပ်တော် အေအေ ဟာ မောင်တောမြို့တစ်ခုလုံးကို အပြီး သတ်သိမ်းပိုက်ရရှိနိုင်ရေး အတွက် စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေဖြစ်တဲ့“နခခ(၄)” ၊ “မောရဝတီ” ၊ “အလယ်သံကျော်” ၊ “နားခေါင်းတိုစခန်း” အပါအဝင် တခြားလက်ကျန်စခန်းတွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာရှိပြီး အမ်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တောဟိန်းတော င်စခန်းကို လည်း အပြီးသတ်သိမ်းပိုက် ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစ စ်ဆင် တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။