Home သတင်း စစ်ရေး မင်းပြားမြို့နယ် အတွင်းက မြစ်နားကျေးရွာကို စစ်ကောင်စီ လေကြောင်းပစ်ခတ်လို့ ၃ ဦးသေ ၈ ဦးဒဏ်ရာရ

မင်းပြားမြို့နယ် အတွင်းက မြစ်နားကျေးရွာကို စစ်ကောင်စီ လေကြောင်းပစ်ခတ်လို့ ၃ ဦးသေ ၈ ဦးဒဏ်ရာရ

51
0
မင်ပြားမြို့၊ မြစ်နားကျေးရွာကိုစစ်ကောင်စီ တိုက်ခိုက်လို့ နေအိမ်ပျက်စီသွားမှုမြင်ကွင်း။ပုံ-ပေးပို့။

မင်းပြားမြို့နယ် အတွင်းက မြစ်နားကျေးရွာကို စစ်ကောင်စီက ဧပြီလ ၃ ရက်နေ့ မနက်မှာ လေကြောင်းကနေတဆင့် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာ ရရှိသွားခဲ့တယ်လို့ မြစ်နားကျေးရွာဒေသခံတွေ ကအတည်ပြုပြောပါတယ်။

အဲဒီစစ်ကောင်စီ ဂျက်ဖိုက်တာ တစ်စီးဟာ ဒီနေ့ မနက် ၄ နာရီခွဲ ဝန်းကျင်လောက်မှာ လေကြောင်းကနေတဆင့် ဗုံး ၄ လုံးကြဲချခဲ့ပြီး အဲဒီထဲက ၂ လုံးမှာ ကျေးရွာအတွင်းက ဒေါ်ဦးကြည်အေး အိမ်နားကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၃ ဦးသေဆုံးကာ ၈ ဦး အပြ င်းအထန် ဒဏ်ရာရရှိခဲ့သလို နေအိမ်တွေလည်း များစွာ ပျက်စီးခဲ့ရတယ်လို့ မြစ်နားကျေးရွာဒေသခံ တစ်ဦးကပြောပါတယ်။

မင်ပြားမြို့၊ မြစ်နားကျေးရွာကိုစစ်ကောင်စီ တိုက်ခိုက်လို့ နေအိမ်ပျက်စီသွားမှုမြင်ကွင်း။ပုံ-ပေးပို့။

“ဂျက်ဖိုက်တာနဲ့ မနက် ၄ နာရီခွဲ ဝန်းကျင်လောက်မှာ ဗုံးလာကြဲတာ ရွာထဲက ဒေါ်ဦးကြည်အေး အိမ်ကို ၂လုံးကျတယ်။ ၃ ယောက်သေတယ်။၈ဦးဒဏ်ရာရတယ်။နေအိမ်တွေလည်း တော်တော် ပျက်သွားတယ်၊ ဆန်စပါးတွေလည်း ပျက်စီးသွားရတယ်။ ဒဏ်ရာရတဲ့ လူတွေကိုတော့ ဆေးကုသဖို့ အရေးပေါ်ပို့ဆောင် နေရတယ်။အဲဒီထဲ မှာလည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေ ရှိသေးတယ်လို့ ”သူကပြောပါတယ်။

သေဆုံးသွာတဲ့ သူ ၃ ဦးမှာ မြစ်နားရွာက အသက် (၂၃ )နှစ်အရွယ်မသိန်းဦးစိုး ၊အသက် (၂၈ )နှစ်အရွယ် မဆွေဆွေထွန်း နဲ့ အသက် ၄၈ နှစ်အရွယ် ဒေါ်ဦးကြည်အေး တို့ဖြစ်ကြပါတယ်။

ဒဏ်ရာ ရရှိသူတွေမှာ အသက် ၃ နှစ်အရွယ် မောင်အောင်မျိုးခိုင်၊ အသက် ၁၇ နှစ်အရွယ် မလှလှစော ၊ အသက် ၂၄ နှစ်အရွယ် မသန်းသန်းဆွေ ၊အသက် (၄၃) နှစ်အရွယ် ဒေါ်လှသိန်းကြည် ၊အသက် ၄၆ နှစ်အရွယ် ဦးလှမောင် ၊အသက် (၅၀) အရွယ် ဦးမောင်အောင်မြင့်၊ အသက် (၅၄) နှစ်အရွယ် ဒေါ်လှသိန်းခိုင် နဲ့ အသက် ၅၈ နှစ်အရွယ် ဦးကျော်လှဦး တို့ ဖြစ်ကြပါတယ်။

မင်ပြားမြို့၊ မြစ်နားကျေးရွာကိုစစ်ကောင်စီ တိုက်ခိုက်လို့ နေအိမ်ပျက်စီသွားမှုမြင်ကွင်း။ပုံ-ပေးပို့။

စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲမရှိတော့တဲ့ မြို့ရွာတွေကိုအငြိုးအတေးများစွာနဲ့ ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကို နေစဉ်ရက်ဆက် စစ်ရာဇဝတ်မှူကျူးလွန်နေပါတယ်။

စစ်ကောင်စီဟာ ဧပြီလ ၂ ရက်နေ့မှာလည်း ကမ်းထောင့်ကြီးမြို့နယ် အတွင်းက မြစ်နားတန်းရပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ လေကြောင်းဗုံးကြဲတိုက် ခိုက်တာကိုလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံ ပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ၅ ဦးထက်မနည်းဒဏ်ရာ ရရှိခဲ့သလို နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် စစ်တွေအခြေစိုက် စစ်ကောင်စီတပ်က ပေါက်တောမြို့နယ် အတွင်းကို ဧပြီလ ၂လရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မင်ပြားမြို့၊ မြစ်နားကျေးရွာကိုစစ်ကောင်စီ တိုက်ခိုက်လို့ နေအိမ်ပျက်စီသွားမှုမြင်ကွင်း။ပုံ-ပေးပို့။

ရခိုင်ပြည်အတွင်းက ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီက မတ်လ တစ်လအတွင်းမှာ လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၀ မနည်း လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄၈ ဦးထက်မနည်း သေ ဆုံးခဲ့ရသလို ၆၀ကျော်ထက်မနည်းတဲ့ ဒေသခံတွေဟာလည်းဒဏ်ရာအပြင်း အထန် ရရှိခဲ့ပြီး ပြည်သူပိုင်အဆောက်အဦးနဲ့ သာသနိကအဆောက်အဦးတွေ များစွာဟာလည်း ပျက်စီးခဲ့ရပါတယ်။

မင်ပြားမြို့၊ မြစ်နားကျေးရွာကိုစစ်ကောင်စီ တိုက်ခိုက်လို့ နေအိမ်ပျက်စီသွားမှုမြင်ကွင်း။ပုံ-ပေးပို့။

LEAVE A REPLY

Please enter your comment!
Please enter your name here