Home သတင်း စစ်ရေး စစ်ကောင်စီဗုံးကြဲတိုက်ခိုက်နေတဲ့ ဆင်ခေါင်းကျေးရွာမှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု အများအပြားရှိနေ

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်နေတဲ့ ဆင်ခေါင်းကျေးရွာမှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု အများအပြားရှိနေ

45
0
(ဆင်ခေါင်းကျေးရွာအတွင်းက ထွက်ပြေးနေကြသူများအားတွေ့ရစဥ် ။ ပုံ ကိုကျော်မင်းနိုင်)

(အရပ်သားပြည်သူ တချို့ ကျေးရွာတွင်း ပိတ်မိနေဆဲ)

သံတွဲမြို့နယ် အတွင်းက ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက မနေ့ ကမနက်ပိုင်းကတည်းကပင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကို စတင်လုပ်ဆောင်ခဲ့ပြီး ညဘက်မှာလည်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ​ကျေးရွာအတွင်းကဒေသခံ အများအပြား သေဆုံး ဒဏ်ရာရရှိတာရှိခဲ့သလို နေအိမ်အများအပြားလည်း ပျက်စီးသွားခဲ့ရတယ် လို့ ကျေးရွာ အတွင်းက ထွက်ပြေးလွတ်မြောက်လာသူတွေကပြောပါတယ်။

စစ်ကောင်စီဟာ ဆင်ခေါင်းကျေးရွာကို မနေ့က မနက်ပိုင်းက စတင်ကာ လေ ကြောင်းက ဗုံးကြဲတိုက်ခိုက်တာကို ၄ ကြိမ်ထက်မနည်းလုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလို ၄ ကြိမ်ထက်မနည်း ​ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆင်ခေါင်းကျေးရွာ အတွင်းက နေအိမ် ၄ လုံး စတင်ပျ က်စီးခဲ့ပြီး ဒေသခံ တစ်ဦး သေဆုံးက ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသူ ရှိခဲ့ရတယ်လို့ အဲဒီကျေးရွာ အတွင်းက ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးကပြောပါတယ်။

“မနက် ပိုင်း ၁၀ နာရီလောက်မှာ ဗုံးစတင်ကြဲတော့ အမျိုးသမီး တစ်ဦးသေတယ်။ဒဏ်ရာ ရတဲ့ သူက ၉ ဦးကျော်လောက်ရှိ တယ် နေအိမ်ကတော့ ကျနော့် မျက်မြင် ၄ အိမ်ပျက်စီးသွားတယ် ။ ဆက်ခေါင်းကျေးရွာကို ဦးတည်ပြီး ဗုံးကြဲတာ အဲဒီ ကတည်းကပင် ပြည်သူတွေက ရရာ နည်း နဲ့ ကျေးရွာ အတွင်းက ထွက်ပြေးနေကြတယ်”လို့ သူကပြောပါတယ်။


အဲဒီနောက် ညနေ ၄နာရီ ကျော်ဝန်းကျင်လောက်မှာ စစ်ကောင်စီဟာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်တာ ကို လုပ်ဆောက်ခဲ့သလို စစ်ကောင် စီ ရေတပ်သင်္ဘောတွေဆီက အတွဲ လိုက်ဒုံးတွေ နဲ့ဆင်ခေါင်းကျေးရွာ အတွင်းကို ထပ်မံ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အဲဒီကျေးရွာ အတွင်းက ထွက်ပြေးလွတ်မြောက်လာသူတွေကပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူအများအပြားဟာ ထွက်ပြေးဖို့ အခက် အခဲဖြစ်သွားကြရပြီး ရပ်ရွာအတွင်းမှာ အကာအကွယ် မရှိပဲ ပိတ်မိနေကြရတယ်လို့ ဆိုပါတယ်။

အဲဒီလို ပစ်ခတ်မှုတွေကို စစ်ကောင်စီဟာ တစ်ညလုံးလုပ်ဆောင်ခဲ့တာကြောင့် ကျေးရွာအတွင်းမှာ အပိတ်မိကျန်ရစ်သူတွေထဲက ဒေသခံပြည်သူ အများအပြားဟာ ထိခိုက်သေဆုံးထားများစွာရှိနေတယ်လို့ သိရှိထားကြောင့် အဲဒီကျေးရွာ ထွက်က ထွက်ပြေးလွတ် မြောက်လာသူ နောက်ထပ်ဒေသခံ တစ်ဦးကပြောပါတယ်။

“ညဖက်မှာ ပစ်တဲ့ အချိန်မှာ ပလူပျံနေတယ် အတွဲလိုက် ဒုံးတွေ ရော ပေါက် ၅၀၀ ဗုံးတွေရော ပြည်သူတွေက ဘယ်လို မှ အပြင်ထွက်လို့ မရ လိုက်တော့ဘူး။ ကျနော်တို့ သိထားသလောက်တော့ ရွာ တစ်ခုလုံး ဘာမှ မကျန်တော့ဘူးလို့ သိရတယ်။ပိတ်မိနေတဲ့ သူတွေလည်းများတယ်။သေဆုံးဒဏ်ရာရတာတွေလည်း အများအပြားရှိတယ်လို့ သိရတယ်လို့။အခုလည်းကျေးရွာထဲမှာ ပိတ်မိနေသူတွေရှိသေးတယ်လို့ “ သူကပြောပါတယ်။


လက်ရှိမှာလည်း စစ်ကောင်စီဟာ Y -12 ထောက်ပို့လေယာဉ်တွေ ဂျက်ဖိုက်တာတွေ နဲ့ သံတွဲ ငပလီတလျှောက် ဗုံးကြဲတိုက်ခိုက်နေတာတွေရှိနေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ညနေကလည်း စစ်ကောင်စီက ဂေါ့ရပ်ကွက် အတွင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဂေါ့ရပ်ကွက်အနီးမှာရှိတဲ့ Jasamine Ngapali Resort ဟိုတယ် အပါအဝင် ရပ်ကွင်းအတွင်းက လူနေအိမ်တွေလည်းပျက်စီးသွားသလို အရပ်သား ၅ ဦးလည်း သေဆုံးခဲ့ရတယ်လို့ ငပလီဒေသခံ တစ်ဦးကပြောပါတယ်။

သံတွဲမြို့နယ် အတွင်းမှာ ရှိတဲ့ ငပလီ ဂေါ့ရပ်ကွက်အနီးက တောင်တန်းတလျှောက် အပါအဝင် ဆင်ခေါင်း၊ခရမ်းမော် ၊ တောင်ပေါက်ကျေးရွာ အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေ နဲက အာရက္ခတပ်တော် အေအေ တို့ဟာ ဇွန်လ ၂ ရက်နေ့ ကတည်းက ပင် စတင်းကာတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ အာရက္ခတပ်တော် အေအေက သံတွဲ မြို့တွင်းနဲ့ ငပလီမြို့တွင်းကို ထိုးဖောက်ဝင်ရောက်လာမှကို စိုးရိမ်တာကြောင့် စစ်အင်အားအများအပြားအသုံးပြုကာ ခုခံတိုက်ခိုက်နေသလို လေကြောင်းရေကြောင်းကလည်း အသည်း အသန် ပစ်ကူပေး တိုက်ခိုက်နေရပါတယ်။

အဲဒီလို တိုက်ခိုက်နေတဲ့ နေရာတွေမှာ စစ်ကောင်စီဟာ စစ်ရေး ပစ်မှတ်တွေ မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေး ရွာတွေ ကို ဦးတည်တိုက်ခိုက်တဲ့ ပုံစံကိုလည်း လုပ်ဆောင်နေတာ ရှိနေတယ်လို့ သံတွဲဒေသခံတွေကပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here